မင်းမဲ့စရိုက်ဆန်ဆန် လူသိထင်ရှား ဖြစ်ပွားခဲ့သည့် မှုခင်းအများအစု စစ်ဆေးနေဆဲဖြစ်

သရုပ်ဆောင် ဒါရိုက်တာဖြစ်သူ ကိုဇင်မင်းကို လည်ပင်းသိုင်းဖက်၍ တရွတ်တိုက်ဆွဲကာ မောင်းထွက်သွားသောယာဉ်
မင်းမဲ့စရိုက်ဆန်ဆန် လူသိထင်ရှား ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်အများစုမှာ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ ပန်ဘဲတန်းမြို့နယ်ရှိ နိုက်ကလပ်တစ်ခု၌ စတင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် သရုပ်ဆောင်ဒါရိုက်တာဖြစ်သူ ကိုဇင်မင်းကို တရားခံဟုယူဆရသည့် မင်းကျော်ခေါင်(ခ) ကျော်ခေါင်မှ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်း နှင့် ၄၅ လမ်းထိပ်တွင် တရားခံဟု ယူဆရသူ မောင်းနှင်လာသည့် (Super Custom) ဖြင့် ကိုဇင်မင်းအား လည်ပင်းကိုသိုင်းဖက်၍ မောင်းထွက်သွားပြီး ၄၈ လမ်းထိပ်သို့ တရွတ်တိုက်ပါသွားရာ လမ်းဘေး၌ရပ်ထားသော ကားနှစ်စီးအား တိုက်မိပြီး ကားရပ်တန့်သွားပြီးမှ ယာဉ်မောင်းက ကိုဇင်မင်းအားလွှတ်ချပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဖြစ်စဉ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က လမ်းမတော်မြို့နယ် အမှတ်(၆)ရပ် ကွက်၊ (၁၄)လမ်းအတွင်း လမ်းလျှောက်နေသည့်အသက် ၆၂ အရွယ် ရှိ အမျိုးသမီးကြီးတစ်ဦးကို အမျိုးသားတစ်ဦးက ငွေတောင်းရာမှ မပေးခဲ့သောကြောင့် အဆိုပါအမျိုးသမီးကြီးကို ဓားဖြင့်ထိုးခဲ့သည့်ဖြစ်စဉ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ (၆)လမ်းအတွင်းရှိ 6 Stars စားသောက်ဆိုင်အတွင်း သူငယ်ချင်းနှစ်ယောက်နှင့်အတူ စားသောက်နေသည့် ကိုကျော်မင်းကို မျက်နှာဖုံးစွပ်ထားသူများက ဓားများဖြင့်ပါဝင် ခုတ်သတ်ခဲ့သည့်ဖြစ်စဉ်၊ ၂၃ ရက်နေ့ ည နေ ၅ နာရီအချိန်တွင် အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက် သာယာရေး (၂) လမ်းရှိ နေအိမ်တစ်ခုတွင် အနုကြမ်းစီးမှု စသည့်မှုခင်းများမှာ အများပြည်သူများ အာရုံစိုက်နေသည့် မှုခင်းများဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၂ ရက်နေ့ညက သရုပ်ဆောင်ဒါရိုက်တာ သေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်စဉ်တွင် အတူရှိနေ သည့် သူငယ်ချင်းက ဒီဇင်ဘာလ ၄ ရက်နေ့တွင် “ဒီအမှုနဲ့ ပတ်သက်လို့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ရုံးတင်လိုက်ပါပြီ။ တရားခံအစစ်လို့ ယူဆရတဲ့သူကိုတော့ သက်ဆိုင်ရာက ဖော်ထုတ်စစ်ဆေး နေတုန်းပါပဲ”ဟု အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့ သည်။
လမ်းမတော်မြို့နယ်အတွင်း နိုဝင်ဘာလ ၁၂ ရက်နေ့က အမျိုးသမီးကြီး တစ်ဦးအား ဓားဖြင့် ထိုးခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဒီဇင်ဘာလ ၄ ရက်နေ့က “ကျွန်တော် တို့ ဒီအမှုနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးနေဆဲပါ”ဟု လမ်းမတော်မြို့နယ် ရဲစခန်းမှတာဝန်ရှိ သူကပြောကြားခဲ့သည်။
ထို့အတူ နိုဝင်ဘာလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သော အင်းစိန် မြို့နယ်ရှိ နေအိမ်တစ်အိမ်အား အနုကြမ်းစီး ၀င်ရောက်မှုနှင့်ပတ်သက်၍ အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဦးမြင့်သိန်းက “ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ တရားခံဖမ်းမိ ဖို့အတွက် စစ်ဆေးနေတုန်းပါပဲ၊ အမြန်ဆုံးဖော်ထုတ်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်”ဟု ဒီဇင်ဘာ လ ၄ ရက် နေ့က ပြောကြားခဲ့သည်။
အလားတူ နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တစ်ခုတွင် ကိုကျော်မင်းအား မျက်နှာဖုံးစွပ်ထားသူများက ဓားများဖြင့် ၀ိုင်းဝန်း ခုတ်သတ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ “ဒီနေ့အချိန် ထိတော့ တရားခံလို့ယူဆထားသူ အားလုံးပေါင်း ၁၄ ယောက်ကိုတော့ ဖမ်းဆီးစစ်ဆေး နေပါတယ်။ ထပ်မံပြီးတော့လည်း တရားခံတွေကို စစ်ဆေးဖော်ထုတ်သွားပါ့မယ်” ဟု မြောက်ဥက္ကလာပ မြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုရဲမှူး ဦးစိန်ရိုးက ပြောကြားခဲ့သည်။
Eleven Media Group
မင်းမဲ့စရိုက်ဆန်ဆန် လူသိထင်ရှား ဖြစ်ပွားခဲ့သည့် မှုခင်းအများအစု စစ်ဆေးနေဆဲဖြစ် မင်းမဲ့စရိုက်ဆန်ဆန် လူသိထင်ရှား ဖြစ်ပွားခဲ့သည့် မှုခင်းအများအစု စစ်ဆေးနေဆဲဖြစ် Reviewed by သစ်ထူးလွင် on 18:22 Rating: 5

4 comments:

aba said...

တောင်ကြီးမြို.တွင် NOV လအတွင်းကယာဉ်တိုက်မှု.ဖြစ်ပွားခဲ့ ယာဉ်မောင်းမှာ ကြံဖွံ အမျိုးသားလွှတ်တော်အမတ် ဦးဥာဏ်လင်း(ယခင်ရှမ်းတောင်ကြံဖွံအတွင်းရေးမှုး)တူဖြစ်သေားကြောင်.
ယာဉ်ထိမ်းမှအရေးမယူခဲ့

CHO said...

မြန်မာပြည်ကရဲတပ်ဖွဲ့ဝင်တွေကဘာတာဝန်တွေများကျေပွန်စွာထမ်းဆောင်နေပါတလဲ။
လူသိထင်ရှားဖြစ်ပွါးခဲ့သည့်မှုခင်းများတောင်တရားခံမဖေါ်နိုင်ကြသေးဘူး။လူမသိ
သူမသိဖြစ်ပွါးခဲ့သောမှုခင်းများဆိုရင်တော့......။

Bravo said...

ဥပဒေရဲ့ အထက်မှာ အုပ်ချုပ်သူလူတန်းစား၊ စစ်တပ်အရာရှိကြီးများ၊ ၄င်းတို့နဲ့ဆက်နွယ်သူများ၊ ငွေပေးနိုင်သူများရှိနေတယ်ဆိုတာ ဟုတ်လားဟင်?

ywarthar said...

မြန်မာပြည်မှာ နေရမှာ ကျောချမ်းစရာတောင် ဖြစ်နေရပါပလား
အရပ်ကတို့ -
ကြည့်လည်းလုပ်ကြပါဦး အုပ်ချုပ်သူကြီးတို့ ၊
သင်တို့လက်ထက်မှာ ဒီလို ရုပ်ပျက်ဆင်းပျက် အမှုကြီးတွေ ဖြစ်
နေပါလား ဆိုတာ သင်တို့ သမိုင်းကြောင်းမှာတော့ ပါသွားပြီ။
တရားဥပဒေစိုးမိုးရေး ဘာညာအော်နေတာတွေက ဘာတွေလဲ
လူကြားကောင်းအောင် ဟစ်နေတာလား။
လက်တွေ့အလုပ်နဲ့ သက်သေပြပါ။

Powered by Blogger.