လိုင်စင်မဆောင်နိုင်လို့ ဆိုင်ပိတ်ပြီ (ပေးစာ)
ကျွန်တော်
အင်တာနက်ဆိုင်လေးတစ်ခုနယ်မှာ ဖွင့်ထားတာပါဗျာ.. ADSL တော့ မဟုတ်ပါဘူး..
Skynet နဲ့ပါ.. Skynet တောင်မှ အိမ်သုံးကို Share လုပ်ပြီး ဖွင့်ထားတာပါ...
ကွန်ပြူတာ ရှစ်လုံးပေါ့။ အားလုံးတပြိုင်နက်ထဲ သုံးရင် တော့ လိုင်းက
တော်တော်ကို ကျသွားပါတယ်ဗျ.. လေးလုံးလောက်တော့ မဆိုးပါဘူး..
သုံးလို့ရပါတယ်... ဖွင့်ထားတာ သုံးလလောက်တော့ ရှိပြီဗျ.. အခု
လိုင်စင်လုပ်ရမယ်ဆိုပြီး စာရောက်လာပါတယ်.. စာထဲမှာ ပါတာက ADSL
လိုင်းများလို့ပါတာပေါ့ဗျာ.. ဒါပေမယ့် ဆိုင်ဖွင့်ရင် အတူတူပဲဆောင်ရမယ်ပြော
ပါတယ်.. ဘယ်လောက်လဲဆိုတော့ လိုင်စင်ကြေးက ငါးသိန်းနဲ့ နှစ်စဉ်ကြေးက 360000
ကျပ် ပေါင်း 860000 ကျပ်တဲ့။ သွားရောဗျာ .. တစ်လကို ငါးသောင်းတောင်
မြတ်ဖို့ မလွယ်တဲ့ နယ်က အင်တာနက်ဆိုင်လေးက 860000 ကို
ဘယ်ဆောင်နိုင်မလဲဗျာ.... လူများလာရင် လိုင်းက ကျကျနေတော့ လူကလဲ
များများမလာ.. လစဉ်ကြေး၊ အခန်းခ၊ လူခေါ်ထားတဲ့အတွက် လခ၊
အားလုံးပေါ်ငးလိုက်တော့ ဝင်ငွေက ဘယ်လိုက်မှီိမလဲဗျာ..
ကွန်ပြူတာ အလုံး
20 -30 တွဲသုံးလို့ ရတဲ့ ADSL နဲ့ ကွန်ပြူတာ 8 လုံးတောင် မနဲဟဲနေရတဲ့
Skynet (အိမ်သုံး) လိုင်စဉ်ကြေးအတူတူဆိုတော့ ဆက်သွယ်ရေးကလူတွေ
မျက်စိလည်နေကြတာလားဗျာ.. ဆိုင်ကယ်၊ကားများတောင်မှ အမျိုးအစားပေါ်မူတည်ပြီး
လိုင်စင်အခွန်တွေ ကွာခြားသေးတာပဲ၊ နိုင်ငံခြားမှာ ဝင်ငွေကောင်းကောင်းနဲ့
အလုပ်လုပ်နေတဲ့သူတွေတောင် အခွန်လွတ်သေးတာပဲ၊ ကဲ ကျွန်တော်တို့ကျ
နဲနဲလျှော့ပေါ့မပေးနိုင်တော့ဘူးလားဗျာ... အခုတော့ လိုင်စင်မဆောင်နိုင်လို့
ဆိုင်ပိတ်ပြီး ကိုယ့်အိမ်သုံးဖြစ်သွားတာပေါ့.... သစ်ထူးလွင် Myanmar News
Now ရေ အားကိုးပါတယ်ဗျာ.. Media ကယ်မှ ဆက်သွယ်ရေးဆရာများ
မျက်စိလည်ပြေမလားလို့ပါ။
Htun Htun Naing
လိုင်စင်မဆောင်နိုင်လို့ ဆိုင်ပိတ်ပြီ (ပေးစာ)
Reviewed by သစ်ထူးလွင်
on
19:23
Rating: 5
5 comments:
ရေဒီယိုတောင် လိုင်စင် လုပ်ခိုင်းသေးတာပဲဗျာ....အင်တာနက်ဆိုင်ဖွင့်ရင်တော့ သူတို့ အတွက် ဂွင်ပေါ့
ကောင်းလိုက်တဲ့မြန်မာပြည် ကက်ဆက်တွေရောလိုင်စင်ဆောင်ခိုင်းလိုက်ပါလား
အိတ်ထဲက mp3 လေးေ၇ာလိုင်စင်လုပ်ခိုင်းအုံးမလားမသိဘူး
စီးပွါးေ၇းလုပ်မယ်ဆို၇င်တော့လေ့လာ၇မယ်လေ
တ၇ားဝင်ဖွင့်မယ်ဆို၇င်တော့သူပြဌန်းထားတဲ့ဥပ
ဒေကိုလေ့လာ၇မှာပေါ့ ADSLနဲ့ပဲသုံးသုံးSKYNET
နဲ့ပဲသုံးသုံးလေ စီးပွါးေ၇းအတွက်လုပ်နေတော့
သူတို့နဲ့ပတ်သတ်၇င်သူတို့ချမှတ်တဲ့စည်းကမ်းကို
တော့လိုက်နာ၇မယ်လေ ကိုပိုင်သုံးဆို၇င်တော့
တမျိုးလို့ထင်ပါတယ် မလုပ်ခင်ကထဲကလဲလေ့
လာသင့်ပါတယ်
စီးပွါးရေးလုပ်ရင်အခွန်စည်းကြပ်တာ နိုင်ငံတကာမှာရှိပါတယ်။ တခုပဲပြောချင်တာက အခွန်ကို စာရင်းရှင်းတမ်း မစစ်ပဲ စီမံချက်၊ အထက်ကညွှန်ကြားချက်အရဆိုပြီး တနှစ်ထက်တနှစ် ပိုတိုးကောက်နေတာတော့ အလယ်အလတ်လူတန်းစားတွေကို မွဲတေအောင်လုပ်တာပါပဲ။ ကျောက်တံတား၊ပန်းပဲတန်း၊လသာ၊လမ်းမတော်မြို့နယ်တွေဆို အဆိုးဆုံးပါပဲ။
Post a Comment