ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ မနေ့က (ဒီဇင်ဘာလ ၂ ရက်) စတင်ဖြစ်ပေါ်လာတဲ့ လေဖိအားနည်းဆဲကို စောင့်ကြည့်လျှက်ရှိပါတယ်။
03DEC update : မနေ့က စပြီး ဖြစ်လာတဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းက လေဖိအားနည်းဆဲလ်ဟာ အနောက်ဘက်ကို ရွေ့လျားပြီး ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းကိုရောက်လာပါတယ်။
ဒီနေ့ဒီဇင်ဘာလ ၃ ရက် မြန်မာစံတော်ချိန် မနက် ၀၀၃၀ နာရီမှာ ရတဲ့ NRL data တွေအရ လေဖိအားနည်းဆဲလ် 90B ဟာ ပို့ဘလဲယားမြို့တောင်ဘက် မိုင် ၈၀ ခန့်၊ ကော့သောင်းမြို့အနောက်ဘက် မိုင် ၃၈၀ ခန့်၊ ထားဝယ်မြို့အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်၊ ကပ္ပလီပင်လယ်တောင်ပိုင်းမှာ ဆက်လက်တည်ရှိနေပြီး လွန်ခဲ့တဲ့ ၆ နာရီအတွင်း အရှေ့ဘက်ကို တစ်နာရီ ၁ မိုင်နှုန်းခန့်နဲ့ ဖြည်းညှင်းစွာ ရွေ့လျားခဲ့ကြောင်းသိရပါတယ်။
တိမ်တိုက်ဖြစ်ပေါ်နေတဲ့ အခြေအနေက ကော့သောင်းမြို့နဲ့ ပိုပြီး နီးနေကြောင်း ပုံမှာ တွေ့နိုင်ပါတယ်။ ကျနော်တို့ ဆက်လက်စောင့်ကြည့် တင်ပြပေးသွားပါမယ်။ 90B – 02 Dec 2011 1800Z, Location: 10.5 93.0, Winds: 15 knots, Central Pressure: 1010 hPa.
By mmweather.ygn
Myanmar News Now

လေဖိအားနည်းဆဲလ် 90B ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင်ဖြစ်ပေါ်နေမှု အခြေအနေ(အောက်ပုံ) နှင့် တိမ်တိုက်များ/တိမ်ထိပ် အပူချိန်များ ပြပုံ(အပေါ်) | |
Myanmar News Now
ကပ္ပလီပင်လယ်တောင်ပိုင်းမှာ လေဖိအားနည်းဆဲလ် 90B စတင်ဖြစ်ပေါ်လျှက်ရှိ
Reviewed by သစ်ထူးလွင်
on
14:02
Rating:
No comments:
Post a Comment