ပြင်သစ်ဝန်ကြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ NLDရုံးမှာတွေ့ဆုံ

ပြင်သစ်လူ့အခွင့်အရေးဝန်ကြီး မစ္စတာ ဖရန်စွာ ဒင်မာရေး နဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး တို့အဖွဲ့ဟာ မကြာသေးမီက လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အယောက် ၂၀ ကျော်ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ နိုဝင်ဘာလ ၂၂ ရက်နေ့ကတွေ့ဆုံသွားခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ ပြင်သစ်လူ့အခွင့်အရေးဝန်ကြီးက နိုင်ငံရေးအကျဉ်းသားတွေရဲ့ဖြစ်စဉ်တွေ ထောင်တွင်းအခြေအနေတွေကို မေးမြန်းသွားခဲ့တာဖြစ်ပါတယ်။ မနက် ၁၀ နာရီကနေ နေ့လည် ၁၂ နာရီခွဲအထိဆွေးနွေးခဲ့တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း ကိုညီညီဦးနဲ့လည်း သီးသန့်တွေ့ဆုံသွားခဲ့တယ်လို့သိရပါတယ်။ မစ္စတာ ဖရန်စွာ ဒင်မာရေးဟာ ဒီကနေ့မှာလည်း အစိုးရအာဏာပိုင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိတယ်လို့သိရပြီး ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိမြန်မာအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကလည်း ပြင်းပြင်းထန်ထန်သတိပေးလိုက်သလို နိုင်ငံရေးနဲ့ဆက်နွယ်နေသူတွေကို ဖမ်းဆီးအကျဉ်းချမှုတွေမလုပ်ဖို့ ၊ အကျဉ်းထောင်တွေရဲ့အခြေအနေဆိုးဝါးမှုတွေကိုပြုပြင်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်ခင်ဗျာ။

ပြင်သစ်ဝန်ကြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ NLDရုံးမှာတွေ့ဆုံ ပြင်သစ်ဝန်ကြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ NLDရုံးမှာတွေ့ဆုံ Reviewed by သစ်ထူးလွင် on 19:44 Rating: 5

No comments:

Powered by Blogger.