NLD ပါတီဝင်လျှောက်လွှာများ ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံအနှံ့ဖြန့်ဝေမည်

NLD ရုံးချုပ်
တရားဝင်နိုင်ငံရေးပါတီ အဖြစ်တည်ထောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သည် ပါတီဝင်အသစ်များလက်ခံရန်အတွက် ပါတီဝင်လျှောက်လွှာများကို လာမည့်ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံအနှံ့ဖြန့်ဝေမည် ဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောကြားသည်။
NLD ပါတီသည် ပထမဆုံးအသုတ်အဖြစ် ပါတီဝင်လျှောက်လွှာ ဆယ်သိန်းရိုက်နှိပ်ဖြန့်ဝေမည် ဖြစ်ကာ၊ တစ်စောင်လျှင် တစ်ရာကျပ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က ပါတီဝင်လျှောက်လွှာတွေကို အခမဲ့ဖြန့်ဝေပေးဖို့တော့ မရှိပါဘူး”ဟု NLD ပါတီတည်ထောင်ရာတွင် ပါဝင်သူ ဦးဥာဏ်ဝင်းက ပြောသည်။
ပါတီဝင်လျှောက်လွှာတွင် ထူးထူးခြားခြား ဖြည့်စွက်စရာများ ပါဝင်မည်မဟုတ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
NLD ပါတီတည်ထောင်ရန် စတင်သည်နှင့် တစ်ပြိုက်နက် မြို့နယ်စည်းရုံးရေး အဖွဲ့ဝင်များက ပါတီဝင်အသစ်များ စည်းရုံးရေးကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း လူငယ်တာဝန်ခံတစ်ဦးက အတည်ပြုပြောကြားသည်။
“စစ်အစိုးရလက်ထက်မှာ ခေါင်းငုံ့နေရတဲ့အချိန်တွေကို ကျွန်တော်တို့ အတိုးချပြီး ပြန်ကြိုးစားကြမှာပါ”ဟု ယင်းက ဆက်လက်ပြောကြားသည်။
ပါတီဝင်အသစ် လျှေက်လွှာများ ရရှိသည်နှင့်တပြိုင်နက် ပါတီတည်ထောင်သူများဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ ကိုယ်တိုင် ပါတီစည်းကမ်းနှင့်အညီ လျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။
YC(KS)
NLD ပါတီဝင်လျှောက်လွှာများ ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံအနှံ့ဖြန့်ဝေမည် NLD ပါတီဝင်လျှောက်လွှာများ ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံအနှံ့ဖြန့်ဝေမည် Reviewed by သစ်ထူးလွင် on 08:45 Rating: 5

1 comment:

Pokemon Games XD said...

“စစ်အစိုးရလက်ထက်မှာ ခေါင်းငုံ့နေရတဲ့အချိန်တွေကို ကျွန်တော်တို့ အတိုးချပြီး ပြန်ကြိုးစားကြမှာပါ”==> I am inspired by this.

Powered by Blogger.