NLD ပါတီမှတ်ပုံတင်ကိစ္စ ကော်မရှင်က ၀န်ကြီးဌာနများထံ မေတ္တာရပ်ခံ

နိုင်ငံရေးပါတီ တည်ထောင်လိုသူများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို
့နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားခွင့်ရှိကြသည်နှင့်အညီ ယနေ့ တွင်
ဦးတင်ဦးအပါအ၀င် ပုဂ္ဂိုလ် ၂၁ ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီကို တည်ထောင်
လိုကြောင်း လာရောက်လျှောက်ထားခဲ့သည်။ ယင်းလျှောက်ထားချက်နှင့်ပတ်သတ်ပြီး ပါတီတည်ထောင်လိုသူ ပုဂ္ဂိုလ်များသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၎
နှင့် ပုဒ်မ ၆ ပါ ပြဌာန်းချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိ စိစစ်ပေးနိုင်ရေးအတွက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုက်ရာဝန်ကြီးဌာနများထံ
မေတ္တာရပ်ခံ ညှိနှိုင်းထားသည်။

မြန်မာ့အလင်းသတင်းစာဖော်ပြချက်ဖြစ်ပါသည်။

Myanmar News Now
NLD ပါတီမှတ်ပုံတင်ကိစ္စ ကော်မရှင်က ၀န်ကြီးဌာနများထံ မေတ္တာရပ်ခံ NLD ပါတီမှတ်ပုံတင်ကိစ္စ ကော်မရှင်က ၀န်ကြီးဌာနများထံ မေတ္တာရပ်ခံ Reviewed by သစ်ထူးလွင် on 09:08 Rating: 5

No comments:

Powered by Blogger.