တိုင်း
ရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ
ထိုင်း – မြန်မာနယ်စပ်မှာ အခုရက်ပိုင်းအတွင်းမှာ တဖွဲ့ချင်း သီးခြား
တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
မြန်မာအစိုးရ
မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့
ကချင်ပြည်လွတ်မြောက်ရေး (ကေအိုင်အို) ကိုယ်စားလှယ်တချို့
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှာ နိုဝင်ဘာ ၁၉ ရက်နေ့က
တွေ့ဆုံခဲ့တာပါ။
ကေအိုင်အိုဘက်က
အတွင်းရေးမှူး ဒေါက်တာလားဂျာ၊ ဗိုလ်မှူးကြီး လဖိုင်လာ၊
ဗိုလ်မှူးကြီး လာအောင်တို့ပါဝင်ဆွေးနွေးကြပြီး ဒီဆွေးနွေးပွဲမှာ
နှစ်ဘက် သဘောတူညီချက်တွေ ရရှိတယ်လို့ မကြားသိရသေးပါဘူး။
ဒီတွေ့ဆုံမှု
ဆွေးနွေးမှုအခြေအနေနဲ့ပတ်သက်လို့ နှစ်ဘက်စလုံးက ထုတ်ပြောဆိုတာ
မရှိသေးဘဲ တွေ့ဆုံမှုမှာပါဝင်တဲ့ ဒေါက်တာလားဂျာကို
မေးမြန်းရာမှာလည်း ထုတ်ပြောဖို့ အချိန်မတန်သေးဘူးလို့
ပြောပါတယ်။
ဒါပေမယ့်
ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းကတော့ ယေဘုယျအားဖြင့်
ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကေအိုင်အေသဘောထားကို
သွားရောက်ပြောဆိုတာလို့ ဆိုပါတယ်။
“ဘာတွေ
ပြောဆိုတယ်ဆိုတာကတော့ ကျနော်တို့ ခါတိုင်းပြောနေတဲ့ အချက်ကို
သွားပြီးတော့ အသိပေးတဲ့သဘောလို့ အဲလိုပဲနားလည်ထားတယ်။
တွေ့ဆုံဆွေးနွေးပွဲ ဆိုတဲ့နေရာမှာ
နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုသာ အဓိကအရေးကြီးတဲ့အကြောင်းတွေ
ဒီအချက်တွေကိုပဲ ပြောမှာပါ။ ဦးအောင်မင်းနဲ့တွေ့ဖို့
ကမ်းလှမ်းလာတဲ့နေရာမှာတော့ အခုကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စကို
အသေးစိတ် သမ္မတကြီးက မသိဘူး။ ဒါကြောင့်မို့ သမ္မတဘက်ကို
ဘာတွေအသိပေးစေချင်သလဲ၊ သူက ပြန်ပြောပြပေးမယ်။ သမ္မတက အသေးစိတ်
ဘာမှမသိရဘူးဆိုပြီးတော့ ကမ်းလှမ်းလာတဲ့အတွက်ကြောင့်
ကျနော်တို့အဖွဲ့လည်း သွားတွေ့ဖို့ အစီအစဉ်လုပ်တာပါ။
သွားတွေ့တဲ့အခါမှာလည်း ဒီမှာဖြစ်နေတဲ့ဖြစ်စဉ်တွေအလိုက် ပြီးတော့
ဒီပြည်နယ်အဆင့်နဲ့ ကျနော်တို့ စာနဲ့အပေးအယူလုပ်တဲ့ကိစ္စတွေ။ နောက်
ဇွန် ၃၀ ရယ်၊ ဩဂုတ် ၁ ရက်၊ ၂ ရက်နေ့တွေမှာ အဲဒီမှာတွေ့ကြတဲ့
ဗွီဒီယိုမှတ်တမ်းတွေပေါ့။ အားလုံးပြန်ပို့လိုက်တယ်။
သမ္မတမသိဘူးဆိုလို့ ပြန်ပို့ပေးမယ်ဆိုတဲ့ သဘောပါပဲခင်ဗျာ။”
ကချင်လွတ်လပ်
ရေးတပ်မတော် ကိုယ်စားလှယ်နဲ့တွေ့ဆုံတဲ့နေရာမှာတော့
အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတာမရှိဘူးလို့ ကေအိုင်အို
ပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။
အစိုးရတပ်ဟာ
ကချင်တပ်မတော်ကို လာရောက်ထိုးစစ်ဆင်တာဖြစ်တဲ့ အပစ်အခတ်ရပ်ရေး
မရပ်ရေးဟာ အစိုးရအပေါ်မှာသာ မူတည်ကြောင်း ဦးလနန်းက ပြောပါတယ်။
“အပစ်အခတ်ရပ်
ရေး မရပ်ရေးက အစိုးရဘက်မှာပဲ မူတည်တယ်။ အခုဟာက ကျနော်တို့
ကေအိုင်အိုကနေပြီးတော့ ထိုးစစ်လုပ်တဲ့ကိစ္စမဟုတ်ဘူး။ သူတို့အစိုးရ
စစ်တပ်တွေက အလုံးအရင်းနဲ့ ဝင်လာပြီးတော့ ထိုးစစ်ဆင်တဲ့
စစ်ဆင်ရေးလုပ်တဲ့ လုပ်ငန်းဖြစ်တော့ သူတို့ဘက်မှာပဲ မူတည်ပါတယ်။
ကျနော်တို့ကတော့ အပစ်အခတ် ရပ်ရေး၊ မရပ်ရေး ကိစ္စကို
သိပ်အဓိကမထားဘူး။ နိုင်ငံရေးဆွေးနွေးမှု ဖြစ်ပေါ်မှုလမ်းကြောင်းကို
တွန်းပို့သွားမယ်ဆိုတဲ့ ဟာမျိုးကိုပဲ ကျနော်တို့ ကေအိုင်အိုက
အဲလိုသဘောမျိုး ရှိတယ်ခင်ဗျ။”
ကေအိုင်အိုဟာ
၁၉၉၄ ခုနှစ်ကစပြီး စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့
ငြင်းဆိုခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လကစပြီး အစိုးရနဲ့ တိုက်ပွဲ
ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွား
မှုအတွင်း အစိုးရပြည်နယ်ကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ
လုပ်ခဲ့ပေမယ့် နှစ်ဘက်သဘောတူညီမှုမရရှိဘဲ ဒီနေ့အထိ နေ့စဉ်ဆိုသလို
တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ဝန်ကြီး
ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့
စနေနေ့က ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့သာမက
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ ရှမ်းပြည်တပ်မတော်
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (အက်စ်အက်စ်အေ- အာစီအက်စ်အက်စ်)၊
ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) တို့နဲ့လည်း
တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ရှမ်း
ပြည်တပ်မတော်နဲ့ ချင်းအမျိုးသားတပ်ဦးတို့နဲ့ တွေ့ဆုံရာမှုအတွင်း
နှစ်ဘက်အပစ်အခတ် ရပ်စဲဖို့ မူအားဖြင့် သဘောတူခဲ့ပြီး နေပြည်တော်မှာ
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်အောင် ပဏာမအဆင့်
ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
သတင်း---ဒီဗွီဘီ
KIO နဲ့ ရထားဝန်ကြီးဦးအောင်မင်း တွေ့ဆုံ
Reviewed by သစ်ထူးလွင်
on
21:19
Rating:
2 comments:
ဦးအောင်မင်း ဟာ စစ်တပ်က ဖြစ်လို့ အမဲစက်အနည်းငယ်ရှိပေမဲ့....Personal
ကောင်းမွန်သူဖြစ်ပါတယ်...နေ ထိုင် စားသောက် လုပ်ငန်းရှင်များနှင့် ဆက်ဆံ
ရာမှာ ကောင်းသတင်းရှိပါတယ်...ကျန်တဲ့ ၀န်ကြီးများနဲ့ အများကြီးသာတဲ့ အရည်
အချင်းရှိသူဖြစ်ပါတယ်...ပွင့်လင်းသူ ကလိန်ကကျစ်မရှိသူ အမှားကို ၀န်ခံရဲတဲ့
စိတ်ရှိသူ ဖြစ်ပါတယ်...အလုပ်သမားများနဲ့ တွေ့ဆုံတိုင်း အိတ်ထဲက ပိုက်ဆံကို
ထုတ်ပေးလေ့ရှိသူ လုပ်ငန်းရှင်များနဲ့တွေ့ဆုံချိန်မှာ ငွေရေးကြေးရေးအတွက်
အစွန်းအထင်းမခံချင်တဲ့စိတ်ရှိပြီး အမြဲ အကူအညီပေးရန်ဘဲ စိတ်အားထက်သန်
သူဖြစ်ပါတယ်...ဒီမိုကရေစီခေတ်မှာ ၀န်ကြီးတစ်ယောက်ဟာ ဒီလိုအရည်အချင်းရှိမှ အဆင်ပြေမှာပါ..
do not believe every bumeses gove.
Post a Comment