ကချင်ပြည်နယ်အရှေ့တောင်ဘက်ဘလောင် ဒိန်ဆာ (Balawng Dingsa) တွင်
အခြေစိုက် ထားသော KIA တပ်ရင်း (၂၇) အား မြန်မာ အစိုးရတပ်မှ နိုဝင်ဘာ၂၈၊
တနင်္လာနေ့ မွန်းလွဲ ၂ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အစိုးရတပ်၏ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်မှုကြောင့် ဗိုလ်မှူး ယော်ထုံ ဦးဆောင်သော ၎င်းတပ်ရင်း အခြေစိုက်စခန်း အား KIA စစ်သားများ ဆုတ်ခွာပေးလိုက်ခြင်းဖြစ်သည်ဟု KIA အရာရှိများ အတည်ပြုပါသည်။
ဘလောင်ဒိန်ဆာ တပ်ရင်းဌာနချုပ်သည် ဗန်းမော်ခရိုင် မံဝင်းမြို့၏ အနောက်ဘက် ၅ မိုင်ခန့် အကွာ တွင်ရှိပြီး KIA တပ်မဟာ ၃ အောက်တပ်ရင်းများအနက် ယင်းစခန်းသည် ပထမဆုံးအစိုးရ တပ်လက် အောက်သို့ ကျသွားခြင်းလည်း ဖြစ်သည်။
နိုဝင်ဘာ လဆန်းပိုင်းမှ သမ္မတ ဦးသိန်းစိန် အစိုးရက မိတ္ထီလာ အခြေစိုက် တပ်မ အမှတ် ၉၉၊ ပဲခူး အခြေစိုက် တပ်မ အမှတ် ၇၇ နှင့် ကျောက်မဲအခြေစိုက် စကခ-၁ အောက် တပ်ရင်းများမှ စစ်အင်အား ရာပေါင်းများစွာကို ကချင်-ရှမ်းနယ်စပ် နမ့်ခမ်းနှင့် မံဝင်းမြို့များသို့ ပို့ထားသည်။
ထို့ကြောင့် အင်အားအလုံးအရင်းဖြင့် စစ်ကူရောက်လာ မြန်မာစစ်သားများနှင့် နယ်မြေခံ KIA တပ်ရင်း ၁ နှင့် တပ်ရင်း၂၇ တပ်ဖွဲ့များကြား တိုက်ပွဲများ နေ့စဉ်ဖြစ်လာသည်။
မြန်မာအစိုးရတပ်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ကို အဓိကဆက်သွယ်ပေးသည့် မူဆယ်-နမ့်ခမ်း-ဗန်းမော် လမ်းကြောင်းမှ KIA တပ်များကို ရှင်းရန်အတွက် ယခုလို အင်အားအလုံးအရင်းဖြင့် စစ်ဆင် နေခြင်းဖြစ်သည်။
ကချင်သတင်းဌာန

KIA တပ်ရင်း ၂၇ အခြေ စိုက်စခန်းအား မြန်မာ အစိုးရတပ်မှ သိမ်းပိုက်
Reviewed by သစ်ထူးလွင်
on
09:46
Rating:
No comments:
Post a Comment