အဆင်းရဲဆုံး တိုင်းပြည်မှ အရှေ့တောင် အာရှရဲ့ အင်အား အကြီးမားဆုံး မြန်မာ့လေတပ်



 
နိုဝင်ဘာလ ၉ရက်နေ့က မန္တလေးလေဆိပ်မှာ ရပ်နားထားတဲ့ ရုရှားနိုင်ငံမှ An-124-100 
(ဓာတ်ပုံ ဒီမိုဝေယံ)
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၉)ရက်နေ့က ရုရှားသတင်း ဝက်ဘ်ဆိုက်များမှာ မြန်မာနဲ့ ချုပ်ဆိုထားတဲ့ ဒေါ်လာ သန်း၅၇၀တန်ဘိုးရှိတဲ့ MIG 29 တိုက်လေယာဉ် အစီး(၂၀)အား မြန်မာနိုင်ငံသို့ လာမည့် ၂၀၁၂ခုနှစ်မှာ ပို့ဆောင် ပေးအပ်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာပါတယ်..။ တိုက်တိုက်ဆိုင်ဆိုင် အဆိုပါနေ့များက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Antonov An-124-100/ 224 လေယာဉ်သို့ ဆိုက်ရောက်လာပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင် သွားပါတယ်..။

မည်သည့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သယ်ဆောင် လာတယ်ဆိုတာ မသိရပေမယ့်.. ညဘက်မှာ လုံခြုံရေး တင်းကြပ်စွာနဲ့ ကြီးမားတဲ့ ကုန်တင် ထရပ်ကားကြီးတွေနဲ့ သယ်ဆောင် သွားတယ်လို့ ဆိုပါတယ်...။ (အဆိုပါ ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ်ဖြစ်တဲ့ An-124-100 လေယာဉ်များဟာ အရှည်၂၂၆ပေရှိကာ အလေးချိန်ပေါင် (508,000 lb) အထိ သယ်ဆောင်နိုင်ပြီး တစ်ကြိမ် ပျံသန်းချိန်မှာ အရှည် ၅၇ပေရှိပြီး ပေါင် (24,250 lb)သာရှိတဲ့ MiG-29 ၃စင်းအထိ သယ်ဆောင် ပျံသန်းနိုင်ပါတယ်..) အောက်မှာ An-124-100လေယာဉ် သယ်ဆောင် ပျံသန်းမယ့် ရေငုပ်သဘောင်္တစီး၊ ယူအေအီးနိုင်ငံသို့ ပို့ဆောင်မယ့် Air Bus A-380 ရဲ့အလယ်ကိုယ်ထည်နဲ့ Mig-29 လေယာဉ်တို့ရဲ့ ပုံကိုယှဉ်ကြည့်နိုင်ပါတယ်..။
 အထက်ပါ ဓာတ်ပုံများကို ကြည့်ရင် မြန်မာပြည်ကို ရောက်ရှိလာတဲ့ An-124-100 ရုရှားလေယာဉ် မည်မျှကြီးမားကြောင်း ခန့်မှန်းနိုင်ပါတယ်...။
ရုရှားနိုင်ငံဟာ ၂၀၀၉ခုနှစ်ကစပြီး မြန်မာပြည်ရဲ့ တိုက်လေယာဉ် ဈေးကွက်ကို ရရှိထားတဲ့ ပြိုင်ဘက် တရုတ်ကို ရိုက်ချိုးပြီး ယခင်တရုတ်ထံမှ ဝယ်ယူထားတဲ့ J 10နဲ့ FC 1တိုက်လေယာဉ်တွေအစား MIG 29ဈေးကွက်ကို ရယူခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၀၆ခုနှစ် အောက်တိုဘာလကတည်းက ရုရှားMIG 29 မြန်မာလေတပ်အတွက်  အဆင့်မြင့်တင်ပေးဖို့နဲ့ ပြုပြင်ထိန်းသိမ်းရေး ကိုယ်စားပြုတဲ့ ရုံးခန်းတွေက မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းမှာ ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်ပါတယ်..။
 အပေါ်ကတော့ မြန်မာ့လေတပ်ရဲ့ ဧရာဝတီသိမ်းငှက် တရုတ်လုပ်F-7နဲ့ Q-5တို့ဖြစ်ပြီး အောက်ပုံကတော့ ရုရှားလုပ် MiG-29ဖြစ်ပါတယ်..
ရုရှားဟာ မြန်မာလေတပ်အတွက် ဒေါ်လာ ၇၁သန်း တန်ဘိုးရှိတဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များနဲ့ ၂၀၀၉ခုနှစ်က ဒေါ်လာ သန်း၁၃၀တန်ဘိုးရှိတဲ့ Mig 29 တိုက်လေယာဉ် ၁၂စီးနဲ့ တိုက်ခိုက်ရေး၊ အမောင်းသင် ၂မျိုးသုံးလို့ရတဲ့ တိုက်လေယာဉ် ၂စင်းကို ရောင်းချခဲ့ပြီး ဖြစ်ပါတယ်.။ ဒါအပြင်ရုရှားမှ စစ်တပ်သုံး အမြောက်ကြီးများ၊ ရေဒါ၊ တင့်ကားများ၊ လေကြောင်း ကာကွယ်ရေးစံနစ်နဲ့ တခြားစစ်တပ်ဆိုင်ရာ ပစ္စည်းများအား မြန်မာစစ်တပ်အတွက် ထောက်ပံ့ပေးခဲ့ပါတယ်..။
မြန်မာစစ်တပ်ရဲ့ ယူကရိန်းလုပ် MT-LBMSH တင့်ကား..
 အတွင်းပိုင်း မြင်ကွင်း





ယူကရိန်းလုပ် မြန်မာစစ်တပ်မှာ အသုံးပြုမယ့် MT-LBMSH တင့်ကားများရဲ့ တိုက်ခိုက်ရေး စွမ်းရည် ရုပ်သံ... (ပြည်ပရန်ကာကွယ်ဖို့သာ အသုံးပြုသင့်ပါတယ်..)
ထို့အတူ ယူကရိန်းနိုင်ငံမှလည်း ၂၀၀၇ခုနှစ်က အဆင့်မြှင့်တင် မွန်းမံထားတဲ့ MT-LBMSH တင့်ကား ၁၀စီးနဲ့ ၂၀၀၉ခုနှစ်မှာတော့ ၁၆စီးပေးပို့ခဲ့ပါတယ်..။

မြန်မာလေတပ်မှ K-8 အမောင်းသင်လေယာဉ် အစီး(၅၀) ဝယ်ယူတဲ့ တရုတ်သတင်း ရုပ်သံ
 နောက်ဆုံး အနေနဲ့ တင်ပြလိုတာကတော့ တရုတ်နိုင်ငံရဲ့ မြန်မာ့လေတပ်အပေါ် သုံးသပ်ချက် သတင်းတပုဒ်ပါ..။ ၂၀၁၀ခုနှစ်က တရုတ်နိုင်ငံက ဝယ်ယူခဲ့တဲ့ အမျိုးသမီးတွေပါ အမောင်းသင်လို့ရတဲ့ K-8 အမောင်းသင်လေယာဉ် အစီး ၅၀ကျော် ဝယ်ယူတဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ လေတပ် အင်အားအကြီးဆုံး နိုင်ငံဖြစ်လာပြီလို့ ဆိုပါတယ်..။

တရုတ်က သုံးသပ် လေ့လာထားတဲ့ မြန်မာ့လေတပ်ရဲ့ တိုက်လေယာဉ် စာရင်းကတော့ အစီး ၅၀ကျော်တဲ့ F-7IIK fighter aircraft ၊ အစီးရေ ၃၀ ရှိလာတော့မယ့် ရုရှားလုပ် MiG-29 fighter aircraft ၊ အစီးရေ ၃၀ကျော်တဲ့ Q-5 attack aircraftနဲ့ စီးရေ ၆၀ခန့်ရှိတဲ့ K-8 trainer aircraft တို့ဖြစ်ပြီး အရှေ့တောင် အာရှရဲ့ အင်အားအကြီးဆုံး လေတပ်ကို ပိုင်ဆိုင်ထားကြောင်း ရေးသားထားတာကို တင်ပြလိုက်ရပါတယ်...။
တရုတ်သတင်း.. (http://news.ifeng.com/mil/jsdg/detail_2011_05/18/6467710_9.shtml)
ဤ၍၊ ဤမျှသော ဆင်းရဲတဲ့ နိုင်ငံမှ ဤ၍၊ ဤမျှသော စစ်အသုံးစားရိတ်ဟု မထင်မှတ် ရလောက်တဲ့ စစ်တပ် အသုံးစားရိတ်တွေပါ..။ တိုက်လေယာဉ်တွေကတော့ ပြောင်ပြောင်ရောင်ရောင်ပါ.။ အောက်ခြေက  အကြပ်၊ တပ်သားတွေနဲ့ ပြည်သူတွေကတော့ ဝမ်းခေါင်ခေါင်ပါ..။ တပ်မတော်အင်အားရှိဖို့ အသုံးပြုနေသလို.. ပြည်သူတွေ အင်အားပြည့်ဖို့လည်း အထူးအရေးကြီးလှပါတယ်...။ စာဖတ်သူများ နှိုင်းယှဉ် သုံးသပ်နိုင်ရန်အတွက် ရရှိထားသော. သတင်း၊ ဓာတ်ပုံများနှင့် ရုရှား၊ တရုတ်သတင်းဋ္ဌာနများမှ သတင်းများအား အကြမ်းဖျဉ်း ဘာသာပြန်ဆို တင်ပြလိုက်ရပါတယ်..။

ဒီမိုဝေယံ...
အဆင်းရဲဆုံး တိုင်းပြည်မှ အရှေ့တောင် အာရှရဲ့ အင်အား အကြီးမားဆုံး မြန်မာ့လေတပ် အဆင်းရဲဆုံး တိုင်းပြည်မှ အရှေ့တောင် အာရှရဲ့ အင်အား အကြီးမားဆုံး မြန်မာ့လေတပ် Reviewed by သစ်ထူးလွင် on 11:34 Rating: 5

2 comments:

Myanmar said...

၇ီစ၇ာတော့အကောင်းသား ဆန်မ၇ှိဘဲသောက်စားကြီးတဲ့ပုံဖြစ်နေတယ်။ အောက်ခြေတပ်သားတွေက စားစ၇ာမ၇ှိလို့ လေယာဉ်လေ့ကျင့်လေးအတွက် ဆီခွဲတမ်းကို အပြင်မှာေ၇ာင်းစားပီး တကယ်တမ်းတိုက်ကြစို့ဆို၇င် အင်း..စဉ်းစားစမ်း။ ။
အပေါ်ကကောင်တွေကလဲ နိုင်ငံတော်ကာကွယ်ေ၇းအကြောင်းပြပီး စားပေါက်စီမံကိန်းမျိုးစုံဖော်ပီး ပွဲစားတွေနဲ့ပေါင်းပီး နိုင်ငံကို ၀ိုင်းပီးအမဲဖျက်နေကြတုန်း။ စွမ်းတယ်ဆို၇င်တော့ တ၇ုတ်ပြည်မှကြိုဆိုပါ၏လို့ ဆိုင်းဘုတ်တပ်ပီး စိန်ခေါ်ထားတဲ့ ၀ပြည်မှာ စပီးစမ်းကြည့်၇ဲမလား။ ၇ှက်တတ်၇င်လဲသေဘို့ကောင်းတယ် ကိုယ့်တိုင်း၇င်းသားတွေကိုဘဲ နှိပ်ကွပ်နေတယ်။ ။

သစ္စာ said...

တိုင်းပြည်တခုလုံး နဲ့ ပြည်သူတရပ်လုံးရဲ့ပြန်လည်ပြင်ဆင်
အစားထိုးမရနှိုင်တဲ့ဆုံးရှုံးနစ်နာမှုတွေအတွက် ၁၉၈၈နောက်ပိုင်းတိုင်းပြည်အာဏာကိုသိမ်းယူခဲ့သူတွေ၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ၊တရားစီရင်ရေးတာဝန်ရှိသူတွေ ၊ပြည်ခိုင်ဖြိုး မြိုးနယ်အတွင်းရေးမှူးအဆင့်ကနေဗဟိုအဆင့်
အထိတာဝန်ရှိသူတွေ ၊အစရှိတဲ့သူတွေအားလုံးကိုစုံစမ်းစစ်ဆေးပြီးနောင်သမိုင်းတွင်
ကျန်ရစ်စေမယ့်ပြစ်ဒဏ်တွေပေးရပါလိမ့်မည်။လူတဦးချင်းစီ၏နစ်နာမှုးများအတွက်မည်သူကမျှတာဝန်ယူကြေအေးခွင့်မရှိ ။

Powered by Blogger.