ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ဆရာမတစ်ဦး၏ အိတ်ဖွင့်ပေးစာ

မောက္ခပညာရေးမဂ္ဂဇင်းကို အကြောင်းကြားပေးပို့ လိုက်ပါတယ်ရှင့်။ ကျွန်မတို့ တက္ကသိုလ်ဆရာ ဆရာမဝန်ထမ်းတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေမို့ မောက္ခပညာရေး မဂ္ဂဇင်းရဲ့ အွန်လိုင်း စာမျက်နှာမှာ ဖော်ပြပေးလိမ့်မယ်လို့  ယုံကြည်ပါသည်။
 ကျွန်မသည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ၀န်ထမ်းတစ်ဦး ဖြစ်ပါသည်။ ကျွန်မသည် ၀န်ထမ်းများ ကိုယ်စား ကြုံတွေ့နေရသောအခက်အခဲများ အခြားဂျူတီအခက်အခဲများအကြောင်း ကျမတို့ရဲ့ သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်းများသိစေရန် မောက္ခပညာရေးမှတဆင့် တင်ပြအပ်ပါသည်။
ကျွန်မတို့ အနောက်ပိုင်းတက္ကသိုလ်တွင် ပြေးဆွဲပေးနေသော လိုင်းကားများမှာ ၂၂၆၊ ၂၁၄၊ ၂၁၁ နှင့် ၁၈၄ (ပါရမီ) ယာဉ်လိုင်း ဖြစ်ပါသည်။ အဆိုပါယာဉ်လိုင်းများသည် ယာဉ်လိုင်းတစ်ခုချင်းစီအလိုက် အမှန်တကယ် ပြေးဆွဲပေးလျက်ရှိသော ကားအစီးအရေအတွက်ကို သက်ဆိုင်ရာလူကြီးမင်းများ အမှန်တကယ် လက်တွေ့ သိရှိနိုင်ရန်အတွက် ရှောင်တခင်ဝင်ရောက်စစ်ဆေးပေးရန် လိုအပ်ပါသည်။
ထိုယာဉ်လိုင်းများတွင် စီးနင်းနေရသော ဆရာ၊ ဆရာမများ၊ ၀န်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများသည် အလွန်ကြပ်ညပ်စွာ ခရီးဝေးအရှည်ကြီးကို တိုးဝှေ့စီးနင်းနေရပါသည်။ အထူးသဖြင့် ဆရာ ဆရာမများသည် ခုံနေရာမရသည့်အပြင် ကျောင်းသား၊ ကျောင်းသူများနှင့် အပြိုင် စီးနင်းနေရ၍ ထိခိုက်ဒဏ်ရာရမှုများနှင့်
မကြာခဏ ကြုံတွေ့ နေရသည့်အပြင် ဆရာ၊ဆရာမ ဂုဏ်သိက္ခာနှင့် မလျော်ညီစွာ သွားလာနေရပါသည်။
ထို့အပြင် အနောက်ပိုင်းတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေရသော ဆရာ ဆရာမသည် သင်ကြားရေး တာဝန်ကိုသာမက ဆရာ ဆရာမများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် မသက်ဆိုင်သည့် ဂိတ်ကြီးဂျူတီ၊ ဂိတ်သေးဂျူတီ၊ ဌာနတွင်းလုံခြုံရေး ဂျူတီများသာမက၊ ကားဂျူတီများပါ ထမ်းဆောင်နေရပါသည်။
ကျွန်မတို့သည် သင်ကြားရေးဝန်ထမ်းများဖြစ်သည့်အတွက် မိမိဝါသနာပါရာ သင်ကြားရေးတာဝန်ကိုသာ အပြည့်အ၀ ပေးစေချင်ပါသည်။ သင်ကြားရေးနှင့်မဆိုင်သော အခြားလုံခြုံရေးဂျူတီများမှာ လေ့ကျင့်ပေးထားသော လုံခြုံရေးဝန်ထမ်းများနှင့်သာ သက်ဆိုင်သည်ဟု ထင်မြင်မိပါသည်။
ကျွန်မတို့ အနောက်ပိုင်းတက္ကသိုလ်သို့ ရောက်ဖူးလျှင် ကျောင်း၏ ပုံစံ၊ တည်နေရာ၊ အကွာအဝေးများသည် လမ်းပန်းဆက်သွယ်ရေး မည်မျှခက်ခဲမည်ကို ရောက်ဖူးသူတိုင်း သိရှိနိုင်ပါသည်။
ဒါ့အပြင် အနောက်ပိုင်းတက္ကသိုလ်သို့  တကူးတက ၀င်ရောက်ပေးလျှက်ရှိသော ယာဉ်လိုင်းများအား TOLL GATE မှ ဂိတ်ဝင်ကြေး ကောက်ခံလျက်ရှိခြင်းမှာလည်း မဖြစ်သင့်သောကိစ္စဟု ထင်မြင်မိပါသည်။
ပါရမီ (၁၈၄) ယာဉ်လိုင်းများသည် ကျောင်းဒီနေ့ ပိတ်လျှင် နောက်တစ်နေ့ ကျောင်းထဲသို့ ၀င်းရောက်ပေးခြင်း မရှိတော့ပါ။ ကျောင်းပိတ်သော်လည်း နေ့စဉ်တာဝန်ထမ်းဆောင်နေရသော ဆရာမများ၊ ၀န်ထမ်းများမှာ
ရာနှင့်ချီလျက် အလုပ်ဆင်းနေရသော်လည်း ကားလိုင်းအများစုမှာ ကျောင်းထဲသို့  ၀င်ရောက်ပြေးဆွဲပေးခြင်း မရှိပါသဖြင့် ကျောင်းပိတ်သည်နှင့် ကားဒုက္ခကို ခံစားနေရပါသည်။
ကျွန်မတို့ သင်ကြားရေးတာဝန် ထမ်းဆောင်နေရသော ၀န်ထမ်းများသည် Day ကျောင်းသား ကျောင်းသူများ အတွက် သင်ကြားရေးရော၊ စနေ တနင်္ဂနွေမှာ အဝေးသင် သင်ကြားရေးကိုပါ ထမ်းဆောင်ရပါသဖြင့် ခရီးရှည် သွားရောက်သင်ရသော ၀န်ထမ်းများ၏ ကားဒုက္ခနှင့် သင်ကြားရေးနှင့်မဆိုင်သောအခြားဂျူတီကိစ္စရပ်များအား သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများမှ တာဝန်သိစိတ်၊ တာဝန်ယူစိတ်ဖြင့် ဖြေရှင်းပေးပါလျှင် ကျွန်မတို့  ပညာရေးဝန်ထမ်းများမှာ ကျေးဇူးအထူးပင် တင်ရှိမည်ဖြစ်ပါသည်။
အစဉ်လေးစားလျက်
အနောက်ပိုင်းတက္ကသိုလ် ဆရာမတစ်ဦး
ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ဆရာမတစ်ဦး၏ အိတ်ဖွင့်ပေးစာ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ဆရာမတစ်ဦး၏ အိတ်ဖွင့်ပေးစာ Reviewed by သစ်ထူးလွင် on 13:22 Rating: 5

4 comments:

Anonymous said...

I totally agree with that.

Anonymous said...

ကဲဟေ့ ပညာေ၇း ၀န်ကြီးဆိုတဲ့သူ ဘယ်သူလဲဟေ့။ လူကြားမကောင်းဘူးကွာ။ လုပ်ပေးလိုက်ပါ။ မင်းတို့မ၇ှက်ပေမယ့် ကြား၇တဲ့ ငါတို့၇ှက်တယ်ကွ။ ။

Anonymous said...

စောက်သုံးမကျတဲ့ ပညာရေးဝန်ကြီး။
ဝန်ကြီးမရှက်ပေမယ့် တက္ကသိုလ်တက်နေတဲ့လူတိုင်း သူစောက်သုံးမကျမှန်း အားလုံးသိတယ်။
မပြောပဲနေနေရင် နေနေတာပဲရှိတယ်.။
စောက်သုံးမကျလဲ ဖယ်ကွာ။
အသုံးကျတဲ့သူတွေကို အလှည့်ပေးပေါ့.။
တို့နိုင်ငံမှာ ကန့်လန့်ကန့်လန့်နဲ့ နိုင်ငံရောင်းစားတဲ့ကောင်တွေကို ဥပဒေမဲ့ လိုက်သတ်ရမယ့် လူတွေလိုအပ်နေပြီ။

သစ္စာ said...

လူတွေဟာတန်ဖိုးကြီးတဲ့အရာတွေကိုအလွယ်တကူမထားတတ်ကြပါဘူး သေသေချာချာသိမ်းထားလေ့ရှိကြပါတယ်။ ဒီတော့အခုတွေ့နေကြရတဲ့လွှတ်တော်ထဲကအမတ်တွေ ၀န်ကြီးတွေဟာ အပေါစားတန်ဖိုးနည်းတွေပေါ့ အမှန်တကယ်တန်ဖိုးရှိတဲ့ အရည်အသွေးရှိတဲ့သူတွေကိုတော့ အကျဉ်းထောင်တွေထဲ့မှာသေသေချာချာသိမ်းထားတာကိုတွေ့ကြရမှာပါ မကြာခင်ကာလတွေမှာချိန်းနှိုင်အောင်ကြိုးစားကြပါစို့
အဲဒီစောက်သုံးမကျတဲ့ဝန်စုတ်တွေ ကိုလွှတ်တော်အပြင်ကိုထုတ်ကြပါစို့။

Powered by Blogger.