ပြီးခဲ့သော အောက်တိုဘာလ ၆ ရက်နေ့ ကြာသပတေး ည ၇း၃၀ အချိန်မှ စပြီ
မြန်မာ့ဆက်သွယ်ရေးဌာနမှ A4 စာမျက်နှာ ၂ မျက်နှာခန့်ရှိတဲ့
(မျက်မြင်တွေ့ခဲ့တာပါ) GSM Line ph များကို လိုင်းဖြတ်ထားပါတယ်။ အခုဆို ၂
လနည်းပါးရှိပါပြီ။ ကျွန်မ ဖုန်းလည်းပါဝင်ပါတယ်။ ကျွန်မ သည်
ရန်ကုန်မြို့တွင်နေထိုင်သော လခစားဝန်ထမ်း တစ်ယောက်ဖြစ်ပါတယ်။
ဒီဖုန်းကိုချွေးနည်းစာနှင့် စုပြီး ကိုယ်ပိုင်အမည်ပေါက်ဝယ်ထားသည်မှာ
တစ်နှစ် စွန်းစွန်းပဲ ရှိပါသေးတယ်။ ကျွန်မ ဘယ်နိုင်ငံရေးမှလည်း
စိတ်မ၀င်စားပါဘူး။ ဖုန်းထဲတွင် မဟုတ်မဟတ် စကားတစ်ခွန်းမှ
လည်းမပြောဖူးပါဘူး။ ဘယ်သူ့ကို မှလည်း ဖုန်းကို မငှားရမ်းခဲ့ဖူးပါဘူး။
ကျွန်မ ကျိန်ဆိုရဲပါတယ်။ ကျွန်မ ဖုန်းလိုင်းဖြတ်ချခံရတဲ့အထဲမှာ
ပါဝင်နေလို့ အရမ်းလည်း အံ့သြပါတယ်။ ကျွန်မ သောကြာနေ့တွင် ရွှေဂုံတိုင်း
ဆက်သွယ်ရေးရုံးချုပ်သို့ သွားပြီ အကျိုးအကြောင်းမေးပါတယ်။ သူတို့က
policy case ကြောင့်ပိတ်တာပါဟု မှ တပါးဘာမှ မပြောပါဘူး။ ဘာ case
ဆိုလည်းမပြောပါဘူး။ ၀န်ကြီးဌာနမှ သံသယဖုန်းများဆိုပြီ
ပိတ်တာပါလို့ပြောပါတယ်။ သံသယဖုန်းဟု ဆိုရအောင် ကျွန်မကိုယ် ကျွန်မ
အာမခံပါတယ်။ ကျွန်မ ဘာမှ ပြောဆို၊ စိတ်ဝင်စားခြင်းလည်းမရှိပါဘူး။ ကျွန်မ
ဘယ်လိုမေးမေး ပြန်မဖြေပါဘူး။ အဲဒီ နေ့တွင် ကျွန်မနည်းတူ
လိုင်းပိတ်ခံလိုက်ရတဲ့သူတွေလည်း
တွေ့ပါတယ်။ ဌာနက complain ပြန်တင်ပါ
ပြောလို့ ကျွန်မ ချက်ချင်းပြန်တင်ပါတယ်။ ကျွန်မ အရမ်းသိခြင်နေတာ ဘာ case
လည်းဆိုတာပါပဲ။ မှားပြီ ပိတ်ခံရတာလားလို့ မေးတော့လည်း မှားပိတ်သော
ဖုန်းမရှိပါဘူး (ဘယ်သောအခါမှ) ဟုပြောပါသည်။ ဒါဆို သာဓကတွေရော
ပြပေးရမှာလား။ လူကြီးမင်းတို့ ဌာနမှ မှားပိတ်ပြီ ပြန်စုံစမ်းမှ ပွင့်တဲ့
ဖုန်းတွေကိုပါ။ ကျွန်မ သည် နိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။
ဝန်ထမ်းတစ်ဦးလည်းဖြစ်ပါတယ်။ နိုင်ငံနှင့် ပတ်သတ်ပြီး ဘာမှ
အကျိုးမရှိစေသော အလုပ်များကို တစ်ခါမှလည်းမလုပ်ဖူးပါဘူး။ ကျွန်မ
နည်းကျွန်မ ဟန်နဲ့ နည်းအမျိုးမျိုးစုံးစမ်းကြည့်တဲ့ အခါမှ သေသေချာချာ
သိရတဲ့ သတင်းတစ်ခုက ဆက်သွယ်ရေးဝန်ကြီး၏ သားဖြစ်သူက ကျွန်မတို့ GSM
လိုင်းဖုန်းတွေကို ကော်ပီ ပွားပြီနယ်စပ်ဒေသ မှာ ရောင်းစားထားတယ်လို့
သိရပါတယ်။ ကျွန်မ နယ်စပ်ဒေသကို တစ်ခါမှ မသွားဖူးပါ။ ရွှေသမင်း ဘယ်ကထွက်.
မင်းကြီးတာက ထွက်ဆိုတဲ့ စကားကို ကြားဖူးမှာပါ။ ကျွန်မတို့
မြန်မာနိုင်ငံမှာ လူဦးရေသန်းပေါင်းများစွာနေထို င်ပါတယ်။
လူဦးရေသန်းပေါင်းများစွာကို မေးကြည့်နိုင်ပါတယ်။ ဖုန်းလိုင်းကဒ်တွေကို
မငှားဘဲတိုက်ရိုက် ကော်ပီကူး ရောင်းစားနိုင်တဲ့ IT အတတ်ပညာ ဘယ်သူတတ်သလဲ
ဆိုတာ မေးကြည့်နိုင်ပါတယ်။ ဘယ်သူမှ မစွမ်းဆောင်နိုင်ပါဘူး။
မြန်မာပြည်သူတွေ ကိုယ့်ဝမ်းစာကိုယ်တောင်မနည်း အားစိုက်ရှာနေရတာပါ။ အဲဒါ
ဆို ဘယ်သူဖြစ်မလဲ ၀န်ကြီးအသိဆုံးဖြစ်မှာပါ။ ကျွန်မတို့
နိုင်ငံသူနိုင်ငံသားတွေကို နိုင်ငံရေး မလုပ်လုပ် အောင်
တွန်းပို့ပေးနေတာကော ဘယ်သူတွေလဲဆိုတာ ၀န်ကြီးတို့ အသိဆုံး ဖြစ်မှာပါ။
ဒါတွေမပြောသင့်ပါဘူး ။ သို့သော် အခု ကျွန်မ အရမ်းခံပြင်းနေမိပါတယ်။
ဘာကြောင့်ကျွန်မဖုန်းကို လိုင်းပိတ်ထားပါသလဲ ။ ၀န်ကြီးကရော သူ၏ သား
လုပ်ဆောင်ထားချက်ကို မဖြေရှင်းပေးနိုင်ဘူးလား။ ၀န်ကြီး
မစွမ်းဆောင်တော့ဘူးလား။ ကျွန်မနည်းတူ လိုင်းပိတ်ခံထားရတဲ့
သူတွေအပေါ်မှာရော ဘာများ ဖြေရှင်းချက်ထုတ်ပေးနိုင်ပါသလဲ။ မယုံရင်
စုံစမ်းကြည့်နိုင်ပါတယ်။ ဒီဖုန်းတွေ ပြန်ပွင့်မပွင့်ဆိုတာရော ဘယ်လို
အကြောင်းပြချက်ပေးနိုင်ပါသလဲ။ ကျွန်မ အနေနဲ့
ကိုယ့်ချွေးနည်းစာနှင့်ရှာထာြး ပီး ၀ယ်ထားရတဲ့ ဖုန်းကို ၀န်ကြီးတို့
ပြသနာကြောင့် အလကား စွန့်ပစ်ပေးရတော့မှာလား။ မြန်မာပြည်သူတွေ ဟာ
ဝန်ကြီးတို့လို သန်းနှင့်ချီ ချမ်းသာနေသော မီလျှံနာများ မဟုတ်ကြပါဘူး။
ဖုန်းတစ်လုံး မနည်းပိုင်ဆိုင်ဖို့တောင် နှစ်နဲ့ချီ ငွေစုဆောင်းခဲ့ရတာပါ။
ကျွန်မ သည် ကိုယ်လုပ်ခဲ့တော့ အလုပ်တစ်ခုကို
တာဝန်ယူရဲသူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်မ ဖုန်းဘာကြောင့်
လိုင်းပိတ်ခံထားရလဲ။ တော်တော်များများ လည်းဘာကြောင့်ပိတ်ခံထားရလဲဆိုတာ
အရမ်းသိခြင်ပါတယ်။ လိုင်းပိတ်ခံထားရတဲ့သူတွေကလည်း
ဘာကြောင့်ငြိမ်သက်အောင့်အီးေ နသလဲဆိုတာ တော်တော်လည်း အံ့သြမိပါတယ်။မ
ကြောက်ပါနှင့် ကိုယ့်ဘက်ကမှန်ရင် ရှေ့ဆက်တိုးပါဆိုတာ ကျွန်မ
ပြောခြင်ပါတယ်။ ၀န်ကြီးအနေနှင့်သိသင့်သည်မှာ
လိုင်းဖြတ်ချထားတဲ့အတွက်ကြောင့် ၀န်ကြီးတို့ ဌာန၏ budget လည်းများစွာ
ထိခိုက်နိုင်တယ် ဆိုတာကို သိသင့်တယ်ထင်ပါတယ်။ ကျွန်မ ဘယ်အထိ complain
တင်လို့ရပါမလဲ။ ကျွန်မ ရဲဝင့်စွာလုပ်ဆောင်သွားဖို့ လည်း သတ္တိရှိပါသည်။
ကျွန်မလို မိန်းမသားတစ်ဦးကတောင် ရဲဝင့်စွာရင်ဆိုင်နိုင်တယ် ဆိုရင်
ယောင်္ကျားသားတွေ ဖြစ်တဲ့ ၀န်ကြီးအနေနဲ့ရော မရင်ဆိုင် မဖြေရှင်း
ပေးနိုင်တော့ဘူးလား။ မြန်မာပြည် သူတွေအကျိုးကို ကြည့်ပေးပါ။ အေးမြ
စစ်မှန်တဲ့ မေတ္တာ နဲ့ အုပ်ချုပ်တဲ့ မိဘရဲ့ တိုင်းပြည်အောက်က သားသမီးတွေ
ဖြစ်ခွင့်ပေးပါ။ ကျွန်မတို့ကို လွတ်လပ်စွာ ဖုန်းပြောခွင့်ပေးပါ။
ငြိမ်းချမ်းသာယာသော ဒီမိုကရေစီ လမ်းစဉ်ကို ဖော်ဆောင်ခွင့်ပေးပါ။
ရွှေသမင်းတွေ ရဲ့ လှည့်ကွက်တွေက ငြိမ်းချမ်းစွာနေထိုင်နေသော ပြည်သူတွေကို
ပဲလှော်ကြား ဆားမညှပ်စေခြင်ပါနဲ့။ ၀န်ကြီးမှ ဖြေရှင်းပေးစေခြင်ပါတယ်။
ဖုန်းလိုင်းဖြတ်ခံထားရသူ အပြစ်မဲ့ ပြည်သူတစ်ဦး
မြန်မာ့ဆက်သွယ်ရေးဌာနမှ A4 စာမျက်နှာ ၂ မျက်နှာခန့်ရှိတဲ့
(မျက်မြင်တွေ့ခဲ့တာပါ) GSM Line ph များကို လိုင်းဖြတ်ထားပါတယ်။ အခုဆို ၂
လနည်းပါးရှိပါပြီ။ ကျွန်မ ဖုန်းလည်းပါဝင်ပါတယ်။ ကျွန်မ သည်
ရန်ကုန်မြို့တွင်နေထိုင်သော လခစားဝန်ထမ်း တစ်ယောက်ဖြစ်ပါတယ်။
ဒီဖုန်းကိုချွေးနည်းစာနှင့် စုပြီး ကိုယ်ပိုင်အမည်ပေါက်ဝယ်ထားသည်မှ
တစ်နှစ် စွန်းစွန်းပဲ ရှိပါသေးတယ်။ ကျွန်မ ဘယ်နိုင်ငံရေးမှလည်း
စိတ်မ၀င်စားပါဘူး။ ဖုန်းထဲတွင် မဟုတ်မဟတ် စကားတစ်ခွန်းမှ
လည်းမပြောဖူးပါဘူး။ ဘယ်သူ့ကို မှလည်း ဖုန်းကို မငှားရမ်းခဲ့ဖူးပါဘူး။
ကျွန်မ ကျိန်ဆိုရဲပါတယ်။ ကျွန်မ ဖုန်းလိုင်းဖြတ်ချခံရတဲ့အထဲမှာ
ပါဝင်နေလို့ အရမ်းလည်း အံ့သြပါတယ်။ ကျွန်မ သောကြာနေ့တွင် ရွှေဂုံတိုင်း
ဆက်သွယ်ရေးရုံးချုပ်သို့ သွားပြီ အကျိုးအကြောင်းမေးပါတယ်။ သူတို့က
policy case ကြောင့်ပိတ်တာပါဟု မှ တပါးဘာမှ မပြောပါဘူး။ ဘာ case
ဆိုလည်းမပြောပါဘူး။ ၀န်ကြီးဌာနမှ သံသယဖုန်းများဆိုပြီ
ပိတ်တာပါလို့ပြောပါတယ်။ သံသယဖုန်းဟု ဆိုရအောင် ကျွန်မကိုယ် ကျွန်မ
အာမခံပါတယ်။ ကျွန်မ ဘာမှ ပြောဆို၊ စိတ်ဝင်စားခြင်းလည်းမရှိပါဘူး။ ကျွန်မ
ဘယ်လိုမေးမေး ပြန်မဖြေပါဘူး။ အဲဒီ နေ့တွင် ကျွန်မနည်းတူ
လိုင်းပိတ်ခံလိုက်ရတဲ့သူတွေလည်း
ပြောလို့ ကျွန်မ ချက်ချင်းပြန်တင်ပါတယ်။ ကျွန်မ အရမ်းသိခြင်နေတာ ဘာ case
လည်းဆိုတာပါပဲ။ မှားပြီ ပိတ်ခံရတာလားလို့ မေးတော့လည်း မှားပိတ်သော
ဖုန်းမရှိပါဘူး (ဘယ်သောအခါမှ) ဟုပြောပါသည်။ ဒါဆို သာဓကတွေရော
ပြပေးရမှာလား။ လူကြီးမင်းတို့ ဌာနမှ မှားပိတ်ပြီ ပြန်စုံစမ်းမှ ပွင့်တဲ့
ဖုန်းတွေကိုပါ။ ကျွန်မ သည် နိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။
ဝန်ထမ်းတစ်ဦးလည်းဖြစ်ပါတယ်။ နိုင်ငံနှင့် ပတ်သတ်ပြီး ဘာမှ
အကျိုးမရှိစေသော အလုပ်များကို တစ်ခါမှလည်းမလုပ်ဖူးပါဘူး။ ကျွန်မ
နည်းကျွန်မ ဟန်နဲ့ နည်းအမျိုးမျိုးစုံးစမ်းကြည့်တဲ
သိရတဲ့ သတင်းတစ်ခုက ဆက်သွယ်ရေးဝန်ကြီး၏ သားဖြစ်သူက ကျွန်မတို့ GSM
လိုင်းဖုန်းတွေကို ကော်ပီ ပွားပြီနယ်စပ်ဒေသ မှာ ရောင်းစားထားတယ်လို့
သိရပါတယ်။ ကျွန်မ နယ်စပ်ဒေသကို တစ်ခါမှ မသွားဖူးပါ။ ရွှေသမင်း ဘယ်ကထွက်.
မင်းကြီးတာက ထွက်ဆိုတဲ့ စကားကို ကြားဖူးမှာပါ။ ကျွန်မတို့
မြန်မာနိုင်ငံမှာ လူဦးရေသန်းပေါင်းများစွာနေထို
လူဦးရေသန်းပေါင်းများစွာကို မေးကြည့်နိုင်ပါတယ်။ ဖုန်းလိုင်းကဒ်တွေကို
မငှားဘဲတိုက်ရိုက် ကော်ပီကူး ရောင်းစားနိုင်တဲ့ IT အတတ်ပညာ ဘယ်သူတတ်သလဲ
ဆိုတာ မေးကြည့်နိုင်ပါတယ်။ ဘယ်သူမှ မစွမ်းဆောင်နိုင်ပါဘူး။
မြန်မာပြည်သူတွေ ကိုယ့်ဝမ်းစာကိုယ်တောင်မနည်း အားစိုက်ရှာနေရတာပါ။ အဲဒါ
ဆို ဘယ်သူဖြစ်မလဲ ၀န်ကြီးအသိဆုံးဖြစ်မှာပါ။ ကျွန်မတို့
နိုင်ငံသူနိုင်ငံသားတွေကို နိုင်ငံရေး မလုပ်လုပ် အောင်
တွန်းပို့ပေးနေတာကော ဘယ်သူတွေလဲဆိုတာ ၀န်ကြီးတို့ အသိဆုံး ဖြစ်မှာပါ။
ဒါတွေမပြောသင့်ပါဘူး ။ သို့သော် အခု ကျွန်မ အရမ်းခံပြင်းနေမိပါတယ်။
ဘာကြောင့်ကျွန်မဖုန်းကို လိုင်းပိတ်ထားပါသလဲ ။ ၀န်ကြီးကရော သူ၏ သား
လုပ်ဆောင်ထားချက်ကို မဖြေရှင်းပေးနိုင်ဘူးလား။ ၀န်ကြီး
မစွမ်းဆောင်တော့ဘူးလား။ ကျွန်မနည်းတူ လိုင်းပိတ်ခံထားရတဲ့
သူတွေအပေါ်မှာရော ဘာများ ဖြေရှင်းချက်ထုတ်ပေးနိုင်ပါသလဲ။ မယုံရင်
စုံစမ်းကြည့်နိုင်ပါတယ်။ ဒီဖုန်းတွေ ပြန်ပွင့်မပွင့်ဆိုတာရော ဘယ်လို
အကြောင်းပြချက်ပေးနိုင်ပါသလဲ။ ကျွန်မ အနေနဲ့
ကိုယ့်ချွေးနည်းစာနှင့်ရှာထာြး
ပြသနာကြောင့် အလကား စွန့်ပစ်ပေးရတော့မှာလား။ မြန်မာပြည်သူတွေ ဟာ
ဝန်ကြီးတို့လို သန်းနှင့်ချီ ချမ်းသာနေသော မီလျှံနာများ မဟုတ်ကြပါဘူး။
ဖုန်းတစ်လုံး မနည်းပိုင်ဆိုင်ဖို့တောင် နှစ်နဲ့ချီ ငွေစုဆောင်းခဲ့ရတာပါ။
ကျွန်မ သည် ကိုယ်လုပ်ခဲ့တော့ အလုပ်တစ်ခုကို
တာဝန်ယူရဲသူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်မ ဖုန်းဘာကြောင့်
လိုင်းပိတ်ခံထားရလဲ။ တော်တော်များများ လည်းဘာကြောင့်ပိတ်ခံထားရလဲဆိုတာ
အရမ်းသိခြင်ပါတယ်။ လိုင်းပိတ်ခံထားရတဲ့သူတွေကလည်း
ဘာကြောင့်ငြိမ်သက်အောင့်အီးေ
ကြောက်ပါနှင့် ကိုယ့်ဘက်ကမှန်ရင် ရှေ့ဆက်တိုးပါဆိုတာ ကျွန်မ
ပြောခြင်ပါတယ်။ ၀န်ကြီးအနေနှင့်သိသင့်သည်မှာ
လိုင်းဖြတ်ချထားတဲ့အတွက်ကြောင့် ၀န်ကြီးတို့ ဌာန၏ budget လည်းများစွာ
ထိခိုက်နိုင်တယ် ဆိုတာကို သိသင့်တယ်ထင်ပါတယ်။ ကျွန်မ ဘယ်အထိ complain
တင်လို့ရပါမလဲ။ ကျွန်မ ရဲဝင့်စွာလုပ်ဆောင်သွားဖို့ လည်း သတ္တိရှိပါသည်။
ကျွန်မလို မိန်းမသားတစ်ဦးကတောင် ရဲဝင့်စွာရင်ဆိုင်နိုင်တယ် ဆိုရင်
ယောင်္ကျားသားတွေ ဖြစ်တဲ့ ၀န်ကြီးအနေနဲ့ရော မရင်ဆိုင် မဖြေရှင်း
ပေးနိုင်တော့ဘူးလား။ မြန်မာပြည် သူတွေအကျိုးကို ကြည့်ပေးပါ။ အေးမြ
စစ်မှန်တဲ့ မေတ္တာ နဲ့ အုပ်ချုပ်တဲ့ မိဘရဲ့ တိုင်းပြည်အောက်က သားသမီးတွေ
ဖြစ်ခွင့်ပေးပါ။ ကျွန်မတို့ကို လွတ်လပ်စွာ ဖုန်းပြောခွင့်ပေးပါ။
ငြိမ်းချမ်းသာယာသော ဒီမိုကရေစီ လမ်းစဉ်ကို ဖော်ဆောင်ခွင့်ပေးပါ။
ရွှေသမင်းတွေ ရဲ့ လှည့်ကွက်တွေက ငြိမ်းချမ်းစွာနေထိုင်နေသော ပြည်သူတွေကို
ပဲလှော်ကြား ဆားမညှပ်စေခြင်ပါနဲ့။ ၀န်ကြီးမှ ဖြေရှင်းပေးစေခြင်ပါတယ်။
ဖုန်းလိုင်းဖြတ်ခံထားရသူ အပြစ်မဲ့ ပြည်သူတစ်ဦး
မြန်မာ့ဆက်သွယ်ရေးဌာနမှ ၀န်ကြီးအားသိစေခြင်ပါသည်
Reviewed by သစ်ထူးလွင်
on
06:36
Rating:
No comments:
Post a Comment