ကော့သောင်းမြို့  စစ်ဆေးရုံ ယာယီတပ်မှူးလုပ်ကွက်များ (ပေးစာ)


ကော့သောင်းမြို့ 
    ကော့သောင်းမြို့၊ (၆)မိုင်တပ်နယ် ကုတင်(၁၃/၁ဝဝ)မှ ဆရာဝန် ပါရဂူများသည် တပ်ဖွဲ့ဝင် မိသားစုများနှင့်အရပ်သူ အရပ်သားများပါမကျန် ကျောသားရင်သား မခွဲခြားဘဲ
နွေးထွေးစွာဖြင့် ဆေးဝါးကုသပေးလျှက်ရှိခဲ့ပါသည်။သို့ရာတွင်ယခုလက်ရှိတာန်ထမ်းဆောင်
လျှက်ရှိသော(ယာယီ)တပ်မှူးဖြစ်သူ ဗိုလ်ကြီးဇေယျာဦးမှာ အောက်ဖေါ်ပြပါ လုပ်ကွက်များ
ပြုလုပ်လျှက်ရှိ-
(၁)    အရပ်သားပြင်ပလူနာများကို လက်ခံ ကုသပေးခြင်းမရှိပါဘဲ ဂိတ်ပေါက်ဝမှမောင်းထုတ် ခြင်း။
(၂)    ၁၉-၁၁-၂ဝ၁၁ ရက်နေ့တွင် (၇)မိုင်ကျေးရွာမှ အရပ်သားလူနာတစ်ဦးအရေးပေါ် သွေးသွင်းရန် ရောက်ရှိလာခြင်းကို ဗိုလ်ကြီးဇေယျာဦးမှ မောင်းထုတ်သဖြင့် ပြန်သွားရခြင်း။
(၃)    လူနာများကို အလျှင်အမြန် အလုအယက်ကြည့်ရူမှုကြောင့်မနိုင်မနင်းဖြစ်ကာ သေဆုံးရခြင်း။
(၄)    မွေးဖွားပြီး လူနာများကိုလည်း မွေးပြီးပြီးခြင်း ဆေးရုံပေါ်မှ မောင်းထုတ်ခြင်း။
(၅)    အရေးပေါ်လျှင်ပေါ်သလို ခွဲစိတ်နေရသော ခွဲခန်းကိုလည်း သော့ခတ်ကာ ပိတ်သိမ်း ထားခြင်း။
(၆)    ဆေးခွဲတမ်း (၆)လစာမှ ရသော ဆေးကို ဆေးစတိုကိုင်သော တပ်ကြပ်ကြီးမောင်စိုးနှင့် ဗိုလ်ကြီး ဇေယျာဦးတို့မှ ဆေးရုံသို့ မယူဘဲ ရန်ကုန်တွင် ရောင်းစားလာခြင်း။
(၇)    ဗိုလ်ကြီး ဇေယျာဦး ဇနီးမှ တပ်မိသားစုများအပေါ် နွေးထွေးစွာ ဆက်ဆံမှုမရှိခြင်း။
(၈)    ထို့ပြင်(၁၃/၁ဝဝ) တပ်ဆေးရုံမှ ဗိုလ်ကြီး ဇေယျာဦးသည် ဆေးကုသခြင်းအလုပ်ကို မလုပ်ပါဘဲ တရားမဝင် လုပ်ငန်းများဖြစ်သော-
(က)    သစ်မှောင်ခိုကူးခြင်း၊
(ခ)    တောဝိုင်းမော်ကျေးရွာတွင် ငါးဖမ်းလှေ လုပ်ခြင်း၊
(ဂ)    ရနောင်းမြို့သို့ မီးသွေးပို့ခြင်း၊
(ဃ)    လူမှောင်ခိုခြင်းများကို တရားမဝင် လုပ်ကိုင်လျှက်ရှိပါသည်။
    နိုင်ငံတော် သမတကြီး၏ မူဝါဒလမ်းစဉ်အတိုင်း အများပြည်သူ့အကျိုးကို ရှေ့ရှု့ကာ လျှောက်လှမ်းလုပ်ကိုင်နေချိန်တွင် ကော့သောင်းမြို့ တပ်မတော်ဆေးရုံ ကုတင်(၁၃/၁ဝဝ)မှ ဖြစ်ပျက်နေမှုများကို နိုင်ငံတော် အကြီးအကဲများနှင့် အများပြည်သူ တို့ သိရှိနိုင်ရန်တင်ပြ လိုက်ရပါသည်။


ကော့သောင်းမြို့  ခံတဦး

Myanmar News Now
ကော့သောင်းမြို့  စစ်ဆေးရုံ ယာယီတပ်မှူးလုပ်ကွက်များ (ပေးစာ) ကော့သောင်းမြို့  စစ်ဆေးရုံ ယာယီတပ်မှူးလုပ်ကွက်များ (ပေးစာ) Reviewed by သစ်ထူးလွင် on 09:14 Rating: 5

No comments:

Powered by Blogger.