ခေတ်သစ်ဆီ မျက်နှာမူနေ သောကာလဟု ပြောကြဆိုကြသံ များမှာ ပို၍ ဆူညံလာသည်။
ဟုတ် ကဲ့၊ အကောင်းဘက်သို့ ရွေ့လျား လာသည်ကို အမှန်တကယ်တွေ့နေ ရသည်။
အကျပ်အတည်း၊ အမှောင် မိုက်ကြား ရွေ့သလား မရွေ့သလား တောင် ခွဲလို့မရသော
အခြေအနေ တစ်ခုအောက်မှ စတင်ရုန်းထွက် လာပြီဟု ပြော၍ ရမည် ထင်၏။ သေချာသည်က
လူအများစု မှာ အပြောင်းအလဲကို လိုချင်ကြ သည်။ သမ္မတဦးသိန်းစိန်နှင့် ဒေါ်
အောင်ဆန်းစုကြည်တွေ့ဆုံပြီးသည့် အချိန်တွင် မျှော်လင့်ချက် မျက်လုံး များက
အရောင်တောက်လာသည်။ NLD ပါတီ ရွေးကောက်ပွဲလမ်း ကြောင်းပေါ်တက်ပြီဆိုတော့
မျှော် လင့်ချက်က ပို၍ပင်တောက်လက် လာသည်။ သို့သော် နိုင်ငံတစ်နိုင်ငံ၏ အ
ပြောင်းအလဲဆိုသည်မှာ တစ်ဦး တစ်ယောက် (သို့) လူတစ်စုက ပြောင်းလဲရုံဖြင့်
လုံလောက်မည် မ ဟုတ်။ လူတိုင်းကိုယ်စီပြောင်းလဲမှု ကို ကြိုဆိုနေ ရုံဖြင့်
မပြီး။ ကိုယ် ကိုယ်တိုင်ကလည်း ပြောင်းလဲနိုင်ရ မည်ဖြစ်သည်။ တစ်ဦးချင်းစီ၏
စိတ် အတွင်းသားပေါ် ကျပ်ခိုးစွဲနေသော အညစ်အကြေးများကို ဆေးကြော ပစ်နိုင်
ရန် လိုပေသည်။ စိတ်ကို ဆေးကြောသည်ဆို သည့်ကိစ္စမှာ လွယ်သည်တော့ မဟုတ်။
မလွယ်၍ဒီအတိုင်းထားလျှင် လည်း ပြောင်းလဲခြင်းကို အမှန်အတိုင်းမြင်ရန်
မလွယ်လှ။ အတွေး အခေါ်ဟောင်းဖြင့် ပြောင်းလဲခြင်း တရားကို ရှုမြင်လျှင်
အမှန်နှင့်ဝေး နေမှာ သေချာသည်။ ဒီမိုကရေစီ ဆိုသည်မှာ ဆန့်ကျင်ဘက်များ
ငြိမ်းချမ်းစွာ အပြိုင်သီးပွင့်ခြင်းဖြစ်သည်။ ကိုယ်ပြောသည်သာ အမှန်တရား၊
ကိုယ်နဲ့မတူလျှင် ရန်သူ၊ ကိုယ်မြင် သောအဓိပ္ပာယ်ကို အခြားသူများ အား
အတင်းလိုက်မှန်ခိုင်းနေခြင်း မှာ အပြောင်းအလဲ၏ ဆန့်ကျင် ဘက်ပင်ဖြစ်သည်။
ထို့အတူ တစ် ဦးနှင့်တစ်ဦးမတူသောအယူအဆများ ကို အပြန်အလှန်လေးစားခြင်းသည်
လည်း ဒီမိုကရေစီ၏ စံနှုန်း ပင်ဖြစ်သည်။ အပြောင်းအလဲအကြောင်း၊ ဒီ
မိုကရေစီစံနှုန်းအကြောင်း ပြောနေ ရခြင်းမှာ မကြာသေးမီက မီဒီယာ အပေါ်
ပုတ်ခတ်ပြောဆိုလာသော ပုဂ္ဂိုလ် တစ်ဦး ကြောင့် ဖြစ်သည်။ မီဒီယာများအား
ပွဲတက်ရန် ဖိတ်မည်။ ကျွေးမွေးမည်။ ရေးပေး ရမည့်အကြောင်းအရာကို ချပြပြီး
ရေးခိုင်းမည်။ တစ်ချိန်တုန်းက ထိုသို့ သော ပုံစံမျိုး
ရှိကောင်းရှိနိုင်သော် လည်း ယခုအခါတွင်တော့မရ။ ဘာ ကြောင့် မရသလဲဆိုတော့
မီဒီယာ ၏ခိုင်မာသောရပ်တည်ချက်ကြောင့် ဖြစ်သည်။ မျိုးဆက်သစ်မီဒီယာ၏
သက်တမ်းမှာ သိပ်မကြာလှသေး သော်ငြား ကျင့်ဝတ်ပိုင်းဆိုင်ရာတွင် အခြေခိုင်သော
အဆင့်သို့ ရောက် ရှိနေပြီဖြစ်သည်။ အထူးသဖြင့် မီဒီယာသည် တစ်ဦးတစ်ယောက်၊ အ
ဖွဲ့တစ်ဖွဲ့၏ သြဇာခံမဟုတ်ဆိုသည့် မြင့်မြတ်သော စံနှုန်းပေါ်တွင် ခိုင်ခိုင်
မာမာရပ်တည်နိုင်ပြီဖြစ်သည်။ အ ခက်အခဲကြားမှ ဖြတ်သန်းခဲ့ရခြင်း ကြောင့်
ခိုင်မာမှုက မြန်မြန်ဆန်ဆန် ဖြစ်ထွန်းလာသည်ဟု ယုံကြည်ပါသည်။
မီဒီယာကိုဖိတ်လျှင် သွားချင် သွားပါမည်။ ထိုပုဂ္ဂိုလ်မြင်သလို
စားချင်သောက်ချင်လို့ သွားခြင်းမဟုတ်။ သတင်းရနိုင်မလားဆိုသည့်စိတ်ဖြင့်
သွားခြင်းဖြစ်သည်။ သတင်းဖြစ်လျှင်၊ ပြည်သူအများ သိသင့်သည့်ဟု ယူ ဆလျှင်
ရေးမည်။ သတင်းမဖြစ်ဟု ယူဆလျှင် မရေး။ သတင်းဖြစ် မဖြစ် ဆိုသည့်ကိစ္စကို
မီဒီယာကသာ ဆုံးဖြတ်သည်။ မီဒီယာကသာ အခြားနယ်ပယ်မှ ပုဂ္ဂိုလ်များထက်
ပိုသိပါသည်။ မီဒီယာသည် မည်သူ့ ကိုမှ မျက်နှာ လုပ်မည်မဟုတ်။ မျက်
နှာလုပ်ပြီး ပုဂ္ဂိုလ်တစ်ဦးဦးက ရေး ခိုင်းသည်ကို ရေးပေးသောသူမှာ လည်း
မီဒီယာသမားမဟုတ်ပါ။ မီဒီယာ၏ သဘာဝမှာ သတင်းဖြစ်ရာနေရာသို့ သွားရပါ သည်။
သတင်းဆိုသည်မှာ ဟိုတယ် ကြီးများပေါ်တွင်သာဖြစ်နေသည် မဟုတ်။ များသောအားဖြင့်
လူထု ကြားတွင်သာ။ နာဂစ်မုန်တိုင်းတိုက် ခတ်စဉ်က ဟိုတယ် ပေါ်ဇိမ်ခံပြီး
စုတ်သပ်နေသော သူများထဲတွင် မြန်မာမီဒီယာမပါဝင်။ အခက်အခဲ အဟန့်အတားများကြား
နာဂစ်ဒဏ် ခံပြည်သူများထံသို့ အရောက်သွား ကာ မီဒီယာ တာဝန်ကို ထမ်းခဲ့ကြ
သူများဖြစ်သည်။ နောက်တစ်ချက် ပြောချင်တာ က’မကောင်းမြင်ဖြင့် ရေးသားခြင်း’
ဟုဆိုသော ထိုပုဂ္ဂိုလ်၏ ပုတ်ခတ် မှုဖြစ်သည်။ မီဒီယာ သည် တိုင်း ပြည်နှင့်
ပြည်သူကိုသာ မျက်နှာမူ လျက် ဝေဖန်စရာတွေ့လျှင် ဝေဖန် မည်။
ထောက်ခံစရာရှိလျှင်ထောက် ခံမည်သာဖြစ်သည်။ ဝေဖန်ခြင်းအ ပေါ် မကောင်းမြင်
သည်ဟုယူဆ လျှင်တော့ မတတ်နိုင်။ တိုင်းပြည် အကျိုးမည်သူက မည်မျှထမ်းခဲ့သ
လဲဆိုသည့်ကိစ္စမှာ ကိုယ်မေး၍ ကိုယ်ဖြေရမည့်ကိစ္စ မဟုတ်ပါ။ သမိုင်းက ပြောပြပါ
လိမ့်မည်။ သမိုင်း က အမှန်တရားကိုသာ ပြောပြပါ လိမ့်မည်။
မျိုးညွန့်
မီဒီယာကို သြဇာလာမပေးနဲ့
Reviewed by
သစ်ထူးလွင်
on
11:50
Rating:
5
1 comment:
Post a Comment