ရန်ကုန်ဝန်ကြီးချုပ် အပြောနဲ့ အလုပ်မညီ

ဖြောင့်တန်းစွာ စာမကျက်နိုင်ခြင်းသည် မီးမလာလို့ဖြစ်သည်
ရန်ကုန်တိုင်းဒေသကြီး၌ ၂၄နာရီလျှင် စစ်မီးရရှိအောင် ဆောင်ရွက်ပေးနေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။ “လျှပ်စစ်က ၂၄ နာရီပေးနေပြီ။ မပေးနိုင်စရာမရှိဘူး။ ရွှေလီမှာ ဗုံးပေါက်လို့ ဓာတ်အားလိုင်း ပြတ်ခဲ့ပေမယ့် ရန်ကုန်ကို မထိခိုက်ဘူး။ လှော်ကားက စက်တွေကနေ ပေးလို့ရတယ်” ဟု ယင်းက နိုဝင်ဘာ ၃ရက်တွင် ပြောကြားသည်။
၂၄ နာရီလျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနေသော်လည်း လျှပ်စစ်မီးပြတ်တောက်မှုများရှိပါက သက်ဆိုင်ရာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနများသို့ ဆက်သွယ် မေးမြန်းနိုင်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။
“မြို့သစ်တွေမှာ ၂၄ နာရီမရဘူး။ မီးလာရင်လဲ မီးအားမပြည့်ဘူး။ စနေ၊ တနင်္ဂနွေလိုနေ့မျိုးမှာ တစ်နေ့လုံး ပျက်နေတာရှိတယ်။ မီတာရုံးကို ဆက်ရင်လဲ ဘာမှမထူးပါဘူး” ဟု ဒဂုံမြို့သစ်တောင်ပိုင်းမှ မဇင်မာက ပြောသည်။

မြန်မာသတင်းရပ်ဝန်း
ရန်ကုန်ဝန်ကြီးချုပ် အပြောနဲ့ အလုပ်မညီ ရန်ကုန်ဝန်ကြီးချုပ် အပြောနဲ့ အလုပ်မညီ Reviewed by သစ်ထူးလွင် on 06:00 Rating: 5

2 comments:

Anonymous said...

ကြည့်မြင်တိုင် မြို့နယ် တစ်ဖက်ကမ်းက ကြည့်မြင်တိုင် မြို့နယ်အတွင်း ရ ရပ်ကွက်တွေမှာ လျှပ်စစ်မီး ရရှိဖို့ ငွေ ၄သိန်းကျော်ပေးခဲ့ရပါတယ်။ ယခုအခါ လျှပ်စစ်မီတာခ ကျသင့်ငွေတွေ ကို (မြန်မာ့လျှပ်စစ်က ဘီလ် ထွက်မလာခင် ) အရပ် ဘောင်ချာနဲ့ ခန့်မှန်းတောင်းခံပါတယ်။ မြန်မာ့ လျှပ်စစ်က တောင်းခံ လွှာထွက် လာတဲ့အခါ မိမိတို့ပေးပြီးငွေဟာ အမြဲတန်း ပို လွန်ဆောင်ရပြီး ပေမယ့်လည်း ပြန်အမ်းငွေကို ပြန်မရတဲ့အတွက် မရိုးမသားလုပ်ဆောင်နေသော အနိုင်ကျင့်နေသော ရပ်ရွာမီးလင်းရေးကော်မတီတွေ ကို အရေးယူပေးပါ ခင်ဗျား။

Anonymous said...

hote mha lae pyaw par mg karlu yar

Powered by Blogger.