ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဒေသခံများအနေဖြင့် နေအိမ် ပြောင်းရွေ့ပေးရန် သဘောတူခြင်းမရှိသေး

ပြောင်းရွှေ့ ပေးရမဲ့ ကျေးရွာတချို့

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ပြောင်းရွေ့ပေးရမည့်ကျေးရွာများမှ ဒေသခံမိသားစုများမှ လုပ်ကိုင်စားသောက်ရန် လုပ်ငန်းအခက်အခဲရှိသည့်အတွက် နိုဝင်ဘာလ တတိယအပတ်အထိ နေအိမ်များပြောင်းရွေ့ပေးရန် သဘောတူလက်မှတ်ရေးထိုးခြင်းမရှိသေးကြောင်း ဒေသခံတို့၏ ပြောဆိုမှုအရ သိရှိရသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းကျေးရွာဖြစ်သော ဘ၀ါကမ်းခြေသို့ပြောင်းရွေ့ပေးရမည့် အိမ်ထောင်စု ၅၅စုသည် နေရေးသာရှိသော်လည်း လုပ်ကိုင်စားသောက်ရန် လုပ်ငန်းမရှိသဖြင့် နိုဝင်ဘာလ ၂၀ရက်နေ့အထိ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ဆောက်ရန် တာဝန်ယူထားသည့် Italian Thai Development ကုမ္ပဏီသို့ အိမ်နေရာပြောင်းရွေ့ရန် သဘောတူလက်မှတ်ရေးထိုးခြင်း မရှိသေးကြောင်း သိရသည်။ `နေစရာအိမ်ရှိပြီး စားစရာမရှိရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့အနေနဲ့ အီတာလျှံ-ထိုင်းကုမ္ပဏီက ပေးလာမယ့် လုပ်ငန်းကိုင်းငန်းအစီအစဉ်ကို စောင့်မျှော်နေတာပါ။´ ဟု ဘ၀ါကမ်းခြေမှ ဆိုင်ကယ် ကယ်ရီ သမားတစ်ဦးဖြစ်သည့် ကိုကျော်ကျော်ထွန်းက ပြောသည်။ ထားဝယ်ရေနက်ဆပ်ကမ်းစီမံကိန်းကြောင့် ပြောင်းရွေ့ပေးရမယ့် ကျေးရွာများမှာ ထိန်ကြီး၊ ပရဒက် ၊ လဲရှောင်၊ မယင်းကြီး၊ မူးဒူး ကျေးရွာများမှ ဘ၀ါကျေးရွာသို့ရွေ့ပြောင်းရမယ်ဖြစ်ကြောင်း သိရှိရသည်။ `ကုမ္ပဏီအနေနဲ့ ပြောင်းရွေ့ပေးရမယ့် အိမ်ထောင်စုတွေ နေရေးထိုင်ရေး အခက်အခဲမရှိစေရန် အိမ်ဆောက် ပေးမယ်ဆိုပေမယ့် တချို့ရွာသားတွေက မပြောင်းရွေ့ချင်ဘူးဖြစ်နေတယ်။´ ဟု Italian Thai ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ဒေသခံရွာသူရွာသားများအနေဖြင့် စီမံကိန်းဝင်ကျေးရွာမနေရေးများမှ ဒေသခံများအနေဖြင့် စားရေး အဆင်ပြေစေရန်အတွက် လုပ်ငန်းကိုင်ငန်းကူညီထောက်ပံ့မည့်အစီအစဉ်ကို စောင့်မျှော်လျက်ရှိသောကြောင့် ယခုကဲ့သို့ အိမ်ပြောင်းရွေ့ပေးရမည့် အစီအစဉ်ကို လက်မှတ်ရေးထိုးမှုမရှိခြင်း ဖြစ်ကြောင်း မူးဒူးကျေးရွာမှ ရွာသားများက ပြောဆိုသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံတည်ဆောက်ရန် တာဝန်ယူထားသည့် Italian Thai Development ကုမ္ပဏီအနေဖြင့် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံတည်ဆောက်ရန်အတွက် လမ်းများပြုပြင်ခြင်း၊ တံတားဆောက်လုပ်ခြင်းများ၊ လုပ်ငန်းခွင်စခန်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၁ခုနှစ် ဇန်န၀ါရီလကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းမြေနေရာသတ်မှတ်ပြီး လုပ်ငန်းအခြေကျသည်နှင့် တစ်ပြိုင်နက် ရေဖြူမြို့နယ် အတွင်းမှ ကမြိုင်ဆွဲ၊ ထိန်ကြီး၊ ပိန်းရှောင်၊ သစ်တိုထောင့် ကျေးရွာများမှ ဒေသခံတို့အား ၀စွန်းတော ကျေးရွာသို့ပြောင်းရွေ့စေခဲ့ကြောင်း သိရှိရသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာအတွင်း ကျရောက်နေသည့် ကျေးရွာ ၁၉ ရွာရှိပြီး အဆိုပါ ကျေးရွာများတွင် ရာဘာခြံ၊ သီဟိုဋ္ဌ်၊ ငှက်ပျော၊ သရက်၊ အုန်း စသည့် ဥယျာဉ်ခြံဧကပေါင်း တစ်သိန်းကျော် ရှိကြောင်း သိရှိရသည်။

 ဗိုဟိန်(မြစ်မခ)
နိုဝင်ဘာ ၂၇၊ ရန်ကုန်မြို့။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဒေသခံများအနေဖြင့် နေအိမ် ပြောင်းရွေ့ပေးရန် သဘောတူခြင်းမရှိသေး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဒေသခံများအနေဖြင့် နေအိမ် ပြောင်းရွေ့ပေးရန် သဘောတူခြင်းမရှိသေး Reviewed by သစ်ထူးလွင် on 21:07 Rating: 5

No comments:

Powered by Blogger.