ယခုတိုက်ပွဲသတင်းများနှင့် ပါတ်သတ်၍ မြန်မာအစိုးရဘက်မှ သတင်းအချက်အလက်များ ပေးပို့ လာမည်ဆိုပါက Myanmar News Now မှဖော်ပြပေးသွားမှာဖြစ်ပါတယ်။
နိုဝင်ဘာ
(၂၆)ရက်နေ့ မနက် (၇း၃၀)နာရီ အချိန်ခန့် တွင် နန်ဆန်ယန်ကျေးရွာ
အနောက်မြောက်ဘက်နှစ်မိုင်ခန့် အကွာရှိ ကေအိုင်အေ တပ်မဟာ (၅)နယ်မြေ ပန်ဆယ်
(Pan Se ) ဘက်သွားသော လမ်းပိုင်းတွင် ကေအိုင်အေ တပ်ဖွဲ့ ဝင်များနှင့်
မြန်မာစစ်တပ် ခမရ ( ၃၈၄)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်မှ
(၂)ဦး ကျဆုံးကြောင်းသိရှိရသည်။
နိုဝင်ဘာ(၂၆)ရက် မနက်(၉း၂၅)နာရီခန့် တွင် ကေအိုင်အေ တပ်မဟာ(၅)နယ်မြေ ၀ူယန် လမ်းပိုင်း ရှအစ်ပါ ( Sha Eit Pa )တွင် ကေအိုင်အေ တပ်ဖွဲ့ ဝင်များ နှင့် မြန်မာစစ်တပ် ခလရ (၄၀) ၊ ခမရ (၃၈၃) (၃၈၄) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်မှ အကျအဆုံး အများအပြားရှိကြောင်းသိရသည်။ ကေအိုင်အေ ဘက်မှ (၄)ဦးကျဆုံးပြီး (၄)ဦး ဒဏ်ရာ ရရှိကြောင်းထပ်မံသိရှိရသည်။
နိုဝင်ဘာ(၂၆)ရက် ညနေ(၆း၃၀)နာရီ အချိန်တွင် ကေအိုင်အေ တပ်မဟာ(၃)နယ်မြေ စိန်လုံကဘာ ဒေသ မရူ အူရား ( Maru , AuRa) ဘက်သို့ တက်လာသော အစိုးရစစ်ကြောင်းအား ကေအိုင်အေ တပ်ဖွဲ့ ဝင်များမှ ၀င်ရောက်တိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားကြောင်းသိရသည်..။ အသေးစိတ်သတင်းအား မသိရသေးပါ။
နိုဝင်ဘာ(၂၆)ရက် နေ့ လည် ( ၂ - ၃ ) နာရီကြား ကေအိုင်အေ တပ်မဟာ(၁)တပ်ဖွဲ့ ဝင်များနှင့် ကေအိုင်အေ ပြည်သူ့ စစ်တပ်ဖွဲ့ ဝင်များ ပူးပေါင်းတပ်ဖွဲ့  နှင့် ကိုင်ထိပ်ကျေးရွာ (Kaihtik ) အနီး ဖုန်ဒူကောင် ( Hpungdu Kawng)တကြောတွင် ရောက်ရှိနေသော မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်မှ အနည်းဆုံး (၁၀)ဦး ကျဆုံးကြောင်းသိရှိရသည်။

ကေအိုင်အေ တပ်မဟာ(၂၇)နယ်မြေ ဖြစ်သော မန်ကျယ် ( Mam Chyen) နှင့် ဂိုင်ထောင် (Gai Htau )ဒေသ တွင် ကေအိုင်အေ တပ်မဟာ (၂၇) လက်အောက်ခံ တပ်ဖွဲ့ ဝင်များနှင့် မြန်မာစစ်တပ် တပ်မ(၉၉) (၁၁)ပူးပေါင်းအဖွဲ့ တို့  နိုဝင်ဘာ(၂၆)ရက်နေ့ မနက် (၁၀း၃၀)နာရီခန့် တွင် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်မှ အယောက်(၂၀)ကျော် ကျဆုံးကြောင်း ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရသည်။
နိုဝင်ဘာ(၂၆)ရက် ကေအိုင်အေ တပ်မဟာ(၃) လက်အောက်ခံတပ်ဖွဲ့ ဝင်များသည် ရှကွမ်ယန်ဒေသ( Shakum Yang)ရှိ လယ်ကွင်းတစ်ကြောတွင် ရောက်ရှိနေရာယူထားသော မြန်မာစစ်တပ် တပ်မ(၈၈)တပ်ဖွဲ့ ဝင်များ နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ ကျဆုံးဒဏ်ရာ ရ သတင်းအား မသိရှိရသေးပါ။
ရှမ်းပြည်မြောက်ပိုင်း ရှမ်းပြည်အခြေစိုက် ကေအိုင်အေ တပ်မဟာ(၄)လက်အောက်ခံ တပ်ရင်း(၃၆)တပ်ဖွဲ့ ဝင်များသည် နိုဝင်ဘာ(၂၅)ရက်နေ့ လည် ( 113း0)နာရီအချိန်ခန့် တွင် မူဆယ်ဘက်မှထိုးတက်လာသော မြန်မာစစ်ကြောင်းများအား မုန်ကိုး ၊ နောင်ကိုး ၊ နမ်ဆူ နှင့် မုန်ကိုး- မန်ဂျယ် ဒေသတို့ တွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်ဘက်မှ အနည်းဆုံး(၆)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။ မုန်ကိုး- မန်ဂျယ်ဒေသ တိုက်ပွဲဖြစ်ပွားရာတွင် မြန်မာစစ်တပ်များမှ ခြုံခိုတိုက်ခိုက်သော ကေအိုင်အေ တပ်ဖွဲ့ ဝင်များအား ရှာမတွေ့ သောကြောင့် အနီးအနားရှိကျေးရွာများသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ထည့်ကြောင်းလည်းသိရှိရသည်။ ဖောင်းဆိုင်ဒေသ ( Hpawng Seng) ဘက်သို့ လည်း မြန်မာစစ်ကြောင်း အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျှက်ရှိကြောင်း ထပ်မံသိရှိရသည်။
Source ( Jinghpaw kasa)
![]() |
ရှေ့တန်းထွက်ရန် အသင့်ပြင်နေသော ကေအိုင်အေ မျိုးချစ်စစ်သည်များ |

ကချင်ဒေသ တိုက်ပွဲများနေရာအနှံ့ ဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
12:53
Rating:

2 comments:
ဒီသတင်းကတော့ကေအိုင်အေတွေစိတ်ဓာတ်တက်ကြွအောင်ရေးထားတဲ့သတင်းလို့ထင်ပါတယ်။ဖတ်ရတာဂျက်လီရုပ်ရှင်ကြည့်ရသလိုတဖက်စောင်းနင်းဖြစ်နေပါတယ်၊ဘာပဲဖြစ်ဖြစ်နှစ်ဘက်စလုံးဘယ်သူပဲသေသေသူတို့ရဲ့မိသားစုတွေအတွက်ဝမ်းနည်းစရာပါ၊စစ်ပွဲတွေမရှိလေကောင်းလေပါဘဲ။
ဖြစ်နိုင်ပါတယ် သူများ နယ်မြေသွားမှတော့ အထိအခိုက် အကျအဆုံးများတာကတော့ ရှိမှာပဲ......နယ်ခံလောက် ဘယ်သူမှတော့ အကျွမ်းတ၀င် ရှိမှာမဟုတ်ဘူး...... ဒီလိုပဲ သွားနေဦးမှာပဲ...
Post a Comment