ပိုက်ငြိနေသော လင်းပိုင်ငယ်ကယ်ဆယ်ရေး

ဧရာဝတီလင်းပိုင်
မန္တလေးတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မင်းကွန်းနှင့်ကျောက်မြောင်းကြား မြေစွန်းရွာအနီးတွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ယခုနှစ် စက်တင်ဘာလ ၃၀ ရက်မှအောက်တိုဘာလ ၆ ရက်နေ့အထိ ဧရာဝတီလင်းပိုင် ပညာပေးကင်းလှည့်ခရီးစဉ်အတွင်း တစ်နှစ် သားရှိ လင်းပိုင်တစ်ကောင်၏ ခန္ဓာကိုယ်တွင် ငါးဖမ်းပိုက်များ ရစ်ပတ်နေသည်ကို တွေ့ရှိခဲ့ရပြီး ယခုအချိန်ထိ ကယ်တင်နိုင်ခြင်းမရှိဘဲ လာမည့် ဒီဇင်ဘာလတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ထပ်မံဆောင်ရွက်မည်ဖြစ် ကြောင်း WCS မှ Dolphin Coordinator ဦးအောင်မျိုးချစ်က The Voice Weekly သို့ပြောကြားသည်။

" လတ်တလော မမိသေးဘူး။ ပိုက်မဟုတ်ဘဲ ကွန်(ကိုးတောင်အရှည်ရှိသော) နဲ့ ဖမ်းမယ်။ ရေ ကျတဲ့အချိန်၊ ရေကြည်တဲ့အချိန် စောင့်ဖမ်းမယ်။ ဒီဇင်ဘာမှာဖမ်းမယ်" ဟု ၄င်းကဆိုသည်။

အဆိုပါ ဧရာဝတီလင်းပိုင်ငယ် ပိုက်ငြိသည်ဟု သိရှိရပြီးနောက် အောက်တိုဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၃ရက်နေ့အထိ ယင်းနေရာသို့ လူ ၆၀ ကျော်ပါဝင်သော လင်းပိုင်ကယ်ဆယ်ရေးအဖြစ် ဧရာဝတီ လင်းပိုင်ငယ်ကို ပိုက်မှလွတ်မြောက်အောင် ဖြုတ်ပေးနိုင်ခြင်း မရှိသေးဘဲ ၄င်းမှာ ကျန်းမာစွာကူးခတ်နေဆဲဖြစ် ကြောင်း WCS ထံမှသိရသည်။

" ပိုက်ငြိတဲ့လင်းပိုင်ကို နေ့တိုင်းတွေ့နေရတယ်။ မိုးရွာတော့ ရေတိုးပြီးမြစ်ကြောင်းတွေ ပြောင်း ကုန်တယ်။ Land Mark တွေ ပျောက်တယ်။ အဲဒါကြောင့် လင်းပိုင်ကို ပိုက်ကမဖြုတ်နိုင်ခဲ့ဘူး" ဟု ဦးအောင်မျိုး ချစ်က ဆိုသည်။

အဆိုပါ ဧရာဝတီလင်းပိုင် ကယ်ဆယ်ရေးခရီးစဉ်အတွင်း ဧရာဝတီလင်းပိုင် ၂၁ ကောင်ကို လေ့လာတွေ့ရှိခဲ့ရပြီး ဧရာဝတီလင်းပိုင်အကောင်ငယ် တစ်ကောင်ပေါက်နေသည်ကို တွေ့ခဲ့ရကြောင်း၊ ဇူလိုင်လ အတွင်းက မှိန်းဒဏ်ရာဖြင့် ဧရာဝတီလင်းပိုင်တစ်ကောင် သေဆုံးခဲ့ကြောင်း ၄င်းကပြောကြားသည်။

ယင်းဧရာဝတီလင်းပိုင်ငယ် ကိုယ်မှပိုက်များကို အချိန်မီမဖယ်ရှားနိုင်ပါက ယင်းလင်းပိုင် ဆက် လက်ရှင်သန်နိုင်ရန် အန္တရာယ်ရှိနိုင်၍ အချိန်မီဖယ်ရှားပေးရန် လိုအပ်ကြောင်း ဧရာဝတီင်္လင်းပိုင်များကို နှစ်အ တန်ကြာ လေ့လာနေသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေအဖြစ် မင်းကွန်းနှင့်ကျောက်မြောင်း ကြီးရွာတို့တွင် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလက သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းတစ်လျှောက်နှင့် ဧရာဝတီ မြစ်အတွင်း ဧရာဝတီလင်းပိုင်ကောင်ရေ ၄၀၀ ၀န်းကျင်ရှိကြောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း လေ့ လာစာရင်းကောက်ယူမှုအရ မန္တလေးနှင့် ဗန်းမော်ကြားတွင် လင်းပိုင်ကောင်ရေ ၈၇ မှ ၉၀ ကောင်ကြားရှိ ကြောင်း၊ ယခုနှစ်မတ်လအတွင်း လေ့လာစာရင်းကောက်ယူမှုအရ ၇၅ မှ ၈၂ ကောင်ထိရှိကြောင်း၊ မြန်မာနိုင်ငံ တွင် ဧရာဝတီလင်းပိုင်၏ အကူအညီဖြင့် ငါးဖမ်းသော ကျေးရွာငါးခုရှိရာ ယင်းတို့မှာ မန္တလေးတိုင်းဒေသကြီး ဧ ရာဝတီမြစ်ဝှမ်းတစ်လျှောက် မင်းကွန်းနှင့်ကျောက်မြောင်းကြားရှိ ဆင်ကျွန်းရွာ၊ စိန်ပန်းကုန်းရွာ၊ မြေစွန်းရွာ၊ မြစ် ကမ်းကြီးရွာနှင့် ဆည်သည်ရွာတို့ဖြစ်ပြီး လူ ၁၀၀ နီးပါး လင်းပိုင်နှင့်အတူ ငါးဖမ်းကြောင်း၊ လင်းပိုင်ထိန်းသိမ်း ရေး လုပ်ငန်းများကို ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) (မြန်မာ) တို့က ဆောင်ရွက် နေကြောငာ်း WCS ထံမှ သရှိရကြောင်း The Voice Weekly ဂျာနယ် မှာရေးသားထားပါသည်။

Myanmar News Now

The Voice Weekly
ပိုက်ငြိနေသော လင်းပိုင်ငယ်ကယ်ဆယ်ရေး ပိုက်ငြိနေသော လင်းပိုင်ငယ်ကယ်ဆယ်ရေး Reviewed by သစ်ထူးလွင် on 08:17 Rating: 5

No comments:

Powered by Blogger.