မြန်မာနိုင်ငံ စက်မှုဇုန်အလုပ်သမားများသမဂ္ဂ စတင်ဖွဲ့စည်း

၂၀၁၀ ဖေဖော်ဝါရီလ အတွင်းက ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတရုံတွင် အလုပ်သမားများ ဆန္ဒပြနေစဉ်
မြန်မာနိုင်ငံ စက်မှုဇုန်အလုပ်သမားများသမဂ္ဂကို ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ စတင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။

စက်မှုဇုန်တွေမှာ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့အတွက် ခံစားချက်တူညီတဲ့အလုပ်သမားတွေ စုစည်းပြီး အခုလို သမဂ္ဂဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဥက္ကဌ ၁ ဦး၊ ဒုဥက္ကဌ ၂ ဦး၊ အတွင်းရေးမှုး ၁ ဦး၊ တွဲဖက်အတွင်းရေးမှုး ၂ ဦး၊ ဘဏ္ဍာရေးမှုး ၁ ဦး အပါအဝင် စုစုပေါင်း အမှုဆောင် ၁၅ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဥက္ကဌအဖြစ် ကိုရဲကျော်သူက ဆောင်ရွက်မှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ရန်ကုန်တိုင်းအတွင်းမှာသာ ဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပေမဲ့ ရှေ့ဆက်ပြီး ဆက်လက်ဖွဲ့စည်းသွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဥက္ကဌဖြစ်တဲ့ ကိုရဲကျော်သူက ဆိုပါတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ စသဖြင့် စက်မှုဇုန်တွေမှာရှိတဲ့ အလုပ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် တနိုင်ငံလုံးအတိုင်းအတာ အနေနဲ့ သမဂ္ဂတွေအလိုက် စည်းရုံးသွားဖို့ရှိတယ်လို့လဲ သိရပါတယ်။
အခြေခံလစာတွေ တိုးမြှင့်ပေးဖို့၊ အလုပ်ချိန် ၈ နာရီ အတိအကျသတ်မှတ်ပေးဖို့၊ အချိန်ပို အိုတီကြေးတွေကို တရားဝင်သတ်မှတ်ပေးဖို့တွေကို အဓိကထား တောင်းဆိုမှာဖြစ်ပြီး စက်မှုဇုန်အလုပ်သမားတွေကနေ တဆင့် ကာယ၊ ညာဏ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေအထိပါ တိုးမြှင့်တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

၂၀၁၁ခုနှစ် အောက်တိုဘာလ၁၂ရက်နေ့မှာခွင့်ပြုလိုက်တဲ့အလုပ်သမားအဖွဲ့အစည်းဥပဒေ ပြဌာန်းလိုက်တဲ့
အပေါ်မှာနိုင်ငံတော်အခြေခံဥပဒေ ပုဒ်မ ၁၂၄ နဲ့အညီ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံ စက်မှုဇုန်အလုပ်သမားများ သမဂ္ဂကို တရားဝင်အဖွဲ့အစည်းအနေနဲ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ မှတ်ပုံတင်မှာဖြစ်တယ်လို့ ကိုရဲကျော်သူက ဆိုပါတယ်။


By ဇာဏီ (Burma VJ Media Network)
မြန်မာနိုင်ငံ စက်မှုဇုန်အလုပ်သမားများသမဂ္ဂ စတင်ဖွဲ့စည်း မြန်မာနိုင်ငံ စက်မှုဇုန်အလုပ်သမားများသမဂ္ဂ စတင်ဖွဲ့စည်း Reviewed by သစ်ထူးလွင် on 21:23 Rating: 5

No comments:

Powered by Blogger.