ဗိုလ်ချုပ် ပန်းခြံမှာကျင်းပတဲ့ ကလေးများနေ့  ကဗျာဆရာ ကိုစောဝေဦးဆောင်တဲ့ အဖြူရောင်သက်တန့်အဖွဲ့က စီစဉ်ကျင်းပတဲ့ (CRC) ခေါ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုတဲ့နေ့ အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကန်တော်ကြီးမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှာ နိုဝင်ဘာ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအထိမ်းအမှတ်ပွဲမှာ ကလေးသူငယ်တွေ အတွက် ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပေးခဲ့ကြသလို ကလေးသူငယ်တွေကလည်း သူတို့တတ်ထားတဲ့ အတတ်ပညာတွေနဲ့ ပြန်လည် ဖျော်ဖြေသွားခဲ့ကြတာပါ။ ဒီပွဲကို World Vision နဲ့ သုခရိပ်မြုံ လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာတို့က ကလေးသူငယ် အယောက် ၅၀၀ ကျော် လာရောက်ခဲ့ပြီး အသက် ၂ နှစ်ကနေ ၁၆ နှစ်အထိ ပါဝင်တယ်လို့လည်း သိရပါတယ်။ ဒီပွဲမှာ ဂီတအနုပညာရှင်တွေဖြစ်ကြတဲ့ ကိုနိုင်ဇော် ၊ အနဂ္ဂ ၊ သျှီ ၊ သံသာဝင်းတို့ အပါအ၀င် သရုပ်ဆောင် ဆန်းထွဋ် တို့ကလည်း ပါဝင် ကူညီခဲ့ကြပါတယ်။ သုခရိပ်မြုံဟာ ခုခံအားကျဆင်းမှုဝေဒနာ HIV ခံစားနေရတဲ့ ကလေးသူငယ်တွေကို စောင့်ရှောက်ကူညီနေတာဖြစ်သလို World Vision ဟာလည်း လမ်းပျော်ကလေးတွေကို ကူညီစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ CRC ကို အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့ကြီးက ၁၉၂၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂက တရားဝင် အတည်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ် ခင်ဗျာ။ Burma VJ Media Network Myanmar News Now
1 comment:
ကောင်းတယ်ဗျာ ကိုစောဝေရာ အပွင့်ကောင်းကောင်းလိုချင်ရင် အဖူးလေတွေကို ဂရုစိုက်ရတယ် ခင်ဗျားတို့ကိုတော့ မလေးစာဘဲ နေလို့ မရတော့ဘူး
Post a Comment