ဒီကနေ့
NLD လည်း မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ တွေဝင်မည့် တရားဝင်ပါတီတစ်ရပ်
ဖြစ်ဖို့ ဆုံးဖြတ်သွားပါပြီ။ NLD တရားဝင်ခြင်း၊ မဝင်ခြင်းဟာ
ပြည်သူတော်တော် များများ စိတ်သွားတိုင်းကိုယ်ပါဖို့မှာ ရာခိုင်နှုန်းပြည့်
မဟုတ်တောင် တော်တော် အခရာကျခဲ့သည် ဆိုခြင်းကို မငြင်းနိုင်။ ဤပွဲမှာ
အမြင်ကောင်းဖို့ သက်သက် အကောင်း မြင် ပေးတတ်ခြင်းထက် ပြည်တွင်း
ငြိမ်းချမ်းရေး အခြေခံကာ သင့်မြတ်တာတွေ၊ ရင်ကြားစေ့တာတွေဟာ ခက်ခဲနက်နဲသည့်
ပုစ္ဆာတွေကို အဖြေညှိနေကြရခြင်း ဖြစ်ကြောင်း နားလည် လက်ခံပေးသူတွေကိုလည်း
လေးစားဖွယ်တွေ့ရပါ၏။ အမှားအမှန်ကို သမိုင်းက ဆုံးဖြတ်လေ့ရှိကြောင်းနှင့်
သမိုင်းကို သင်ယူ ကြခြင်းမှာ ‘မအ’ အောင် သင်ယူကြရခြင်းဖြစ် ကြောင်း
ဒီကနေ့မှာ တဖွဖွကြားနေရ တတ်သည်လည်းဖြစ်၍ ဒီကနေ့ဖြစ်စဉ်တွေကို
နောင်တစ်ချိန်မှာ သမိုင်းအဖြစ်သိကြမှတ်ကြ ရမည့်
အနာဂတ်တိုင်းပြည်ရှိမျိုးဆက်တွေ သမိုင်းကြောင်းကောင်းမွေကို ဆက်ခံဂုဏ်
ယူနိုင်ကြဖို့ ဒီကနေ့သက်ရှိလူတွေမှာ တာဝန် အရှိဆုံးဆိုရမည်။ တာဝန်သိမှ
တာဝန်ရှိ ကြောင်းခံစားရ မည်ဖြစ်ရာ ‘တာဝန်သိပြည်သူ’ဟူသော အသုံးအနှုန်းအား
တော်သင့်မှန်ကန်ခြင်း အနက်နှင့် အတူပူးတွဲမြင်ခံစားမိနိုင်စေချင်
စိတ်လည်းဖြစ်မိ၏။ ‘တာဝန်သိပြည်သူ’ ဟုဆို လျှင်ပင် သူတစ်ပါး ကိစ္စဝင်စွက်သူ၊
အတို့ အထောင် အတိုင်အတော ထူသူ၊ သတင်းပေး စသဖြင့်သေးသိမ်မြင်တတ်သည့်
အမြင်ကနေ လေးစား အားကျ ဂုဏ်ယူထိုက်သူအဖြစ် ပြောင်းလဲ မြင်လာနိုင်မှသာ
‘တာဝန်သိ ပြည်သူ’တွေအဖြစ် ကိုယ်တိုင် ခံယူချင်စိတ်ရှိလာ ကာ ခေတ်မီဖွံ့ဖြိုး
တိုးတက်မှု တွေအတွက် အထောက် အကူပြုနိုင်မှာဖြစ်ပါသည်။ တရားဥပဒေ
စိုးမိုးဖို့ဆိုလျှင် ‘တာဝန်သိ ပြည်သူ’တွေကဏ္ဍ မရှိမဖြစ် အရေးပါပါမည်။
သက်သေမဖြစ်ချင် ကြခြင်း သည် သက်သေ (တာဝန်သိပြည်သူ)အပေါ် အလေးမထားမှု
(မလေးမစား ဆက်ဆံခြင်း)ကနေ ဖြစ်ပေါ်နေ ခြင်းဆိုသည်အား ဥပဒေဘက်တော်သားတွေ
ကိုယ်တိုင်ကပင် ဆိုကြ၏။ ‘ဝေးဝေးရှောင်၊ သက်သေဖြစ်နေဦးမယ်’ဟူသော တာဝန်မဲ့
(ခေါင်းရှောင်) အမူအကျင့်တွေ ဒီကနေ့ လူဘောင်လောကမှာ စတိုင်တစ်ခု
ပမာဖြစ်နေရခြင်းသည် အနာဂတ် အတွက် လုံးဝ (လုံးဝ) မကောင်းလှပါ။ လွန်ခဲ့သော
အောက်တိုဘာလအတွင်း ကဒါဖီသတင်းနှင့်အပြိုင် တရုတ်နိုင်ငံ နန်နင်း
မြို့မှာသတင်း ထောက်တော်တော် များများ က တဖွဖွပြောကြလွန်း၍ China Daily
သတင်းစာကို တောင်းယူကြည့်တော့ အသက် ၂ နှစ်
အရွယ်ကလေးငယ်လေးယွီယွီကားတိုက်ခံရ မှုသတင်း ကိုလူတွေ တာဝန်မဲ့ လာမှု ရှုထောင့်
ကနေတင်ပြထားသည် အားတွေ့ရ၏။ ခဲတစ်လုံးနှင့် ငှက်အကောင်များစွာကို ပစ်လိုက်
နိုင်သောအရေး အသားဖြစ်ခြင်းကြောင့် နိုင်ငံစုံက သတင်း ထောက် တွေ တခုတ်တရ
ဆိုဖြစ်သွားရခြင်းဖြစ်သည်။ ရှေ့တိုင်းနိုင်ငံ တွေကို အနောက်နိုင်ငံတွေက
အထင်မြင် သေးသည်ဆိုရာတွင် ခွေးချင်းကိုက်သည် ကိုပင် အုံခဲကြည့်တတ်မှုလည်း
တစ်ခုအပါ အဝင်ဖြစ်သည်ဟု မည်သူတွေမည်သို့သတ် မှတ်ခံစားနေသည်ကိုတော့
ကျွန်တော်မသိ။ သို့သော် အနောက်နိုင်ငံတွေက ဥရောပနှင့် ဟောလီးဝုဒ်
ကားတွေမှာ မြို့လည်လမ်းပေါ် ခိုက်ရန်ဖြစ်လည်းအမှုမထား၊ ကိုယ့်လမ်းကိုယ်
သွားကြပုံ ကို အတုယူမှားကာ ဤသို့ အမှုမဲ့၊ တာဝန်မဲ့လိုက်ဖ်စတိုင်
ပုံတူကူးချလာသည် ဟုတော့ စွပ်စွဲချင်ကြသည်ကိုတော့ နားလည် ပေးနိုင်ပါ၏။ ဤတွင်
ကွန်မြူနစ်နှင့်အရင်းရှင် တို့စစ်အေးတိုက်ပွဲမှာ ခေတ်ဆန်သူတို့
လိုက်ဖ်စတိုင်ကို အနောက်မျှော် လူကျင့်ဝတ် ပျက်ယွင်းခြင်း၊ လူသားချင်း
စာနာမှုကင်းမဲ့ ခြင်းအဖြစ် ကွန်မြူနစ်တို့ ဝါဒဖြန့်စရာ အကွက်
တွေ့ရှိခဲ့ပါမည်။ မည်သို့ပင်ဆိုစေ ကျွန်တော် တို့လူမျိုးသည်
အရှေ့တိုင်းသားလည်းဖြစ် ဒီမိုကရေစီလိုလား သူတွေလည်းဖြစ်၍
မဇ္ဈိမပဋိပဒါလမ်းစဉ်ကိုသာ မြတ်နိုးယုံကြည် ပြီး မြန်မာ့စိတ်ရင်းကို
ထပ်ခါပေါင်းစပ် ထား ကြသူများဖြစ်သည့် အတွက် ဗြဟ္မစိုရ်တရား
ရှေ့ဆောင်မှုမှာလူသားချင်းစာနာစိတ် အထွတ်အထိပ်ရှိ သူတွေဟု ယုံကြည်ပါသည်။
”တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်၊ ဖိုရှိန်မြို့ လေးရဲ့ လူစည်ကားတဲ့
ဈေးလမ်းမပေါ်မှာ ကားတိုက်ခံ လိုက်ရတဲ့ အသက်၂နှစ်အရွယ် ယွီယွီလေးအကြောင်းပါ။
ကလေးမလေး လမ်းပေါ် ရောက်နေချိန်မှာ ဗင်ကားတစ်စီးက သူ့ကိုဝင်တိုက်လိုက်တယ်။
တိုက်မိသွား တာကို သိလိုက်တဲ့ယာဉ်မောင်းဟာ ကားကို တစ်ချက်တော့
ရပ်လိုက်ပေမယ့် ကလေးကို နောက်ဘီးနဲ့ ဆက်ကြိတ်ပြီး ဆက်မောင်းသွား တယ်။
သိပ်မကြာခင်မှာပဲ ကုန်တင်ကား အသေးတစ်စီးကလည်း ကလေးမလေးရဲ့
ခြေထောက်ပိုင်းကို ထပ်ကြိတ်သွားပြန်တယ်။ ကလေးမလေးလမ်းပေါ်မှာ
ဒဏ်ရာတွေနဲ့လဲနေ တာကို ဖြတ်သွားဖြတ်လာ ၁၈ယောက်တိတိ က တွေ့ပေမယ့်
တစ်ချက်ကလေးတောင် ဂရုမစိုက်ကြဘူး။ ၁၉ ယောက် မြောက်တွေ့တဲ့ မိန်းမကြီး
တစ်ယောက်ကတော့ ကလေးကို ပွေ့ပြီး အော်ဟစ် အကူအညီတောင်းပေမယ့်
ဘယ်သူမှလာမကူကြဘူး။ ကလေးအမေ ရောက်လာမှာပဲ ကလေးဟာ ဆေးရုံပေါ်ကို
ရောက်ရရှာတယ်။ ကလေးကိုဆေးရုံမှာ ၇ရက်လောက်ကုကြပေမယ့် ဆုံးသွားရှာ တယ်။
ဒီသတင်းဟာ အင်တာနက်က တစ်ဆင့် ကမ္ဘာကို အလျင်အမြန်ပြန့်သွား တယ်။ ယာဉ်ထိန်း
ရုပ်မြင်ကင်မရာက အလို အလျောက်ရိုက်ယူထားတဲ့ ရုပ်မြင်ပုံတွေဟာ လည်း
ကမ္ဘာကိုပြန့်သွားတယ်။ လူလူချင်း စာနာထောက် ထားမှုကင်းမဲ့တာနဲ့ ပတ်သက် ပြီး၊
ရှုတ်ချသံတွေ၊ စုတ်သပ်သံတွေ၊ ဝေဖန်သံ တွေအများကြီးပေါ်လာတယ်”ဟူ၍လည်း
ပေါ်ပြူလာနယူးစ်ဂျာနယ် အတွဲ ၃၊ အမှတ် (၄၃) တွင် ဆရာဟက်ကာက တပ်လှန့်သံ
ဆောင်းပါးဖြင့်တင်ပြထားသည်။ မည်သို့ဆိုစေ ဤအဖြစ်မျိုးလွန်စွာမှ နည်းသော
မြန်မာနိုင်ငံမှ နိုင်ငံသားတစ်ဦး အနေဖြင့် တော် သေးရဲ့
ဟုတွေးမိသော်လည်း ရုပ်ရှင်ဆန်ဆန် ရက် ရက်စက်စက်သတ်ဖြတ်ခံရသည်ဆိုသော
ကိုဇင်မင်း(သရုပ်ဆောင်၊ ဒါရိုက်တာ) သတင်းကို ဖတ်ရပြန်တော့ တာဝန်သိပြည်သူ
တွေကို အားကိုးမိလာသည်။ ပြီးတော့ တစ်ခါ မြောက်ဥက္ကလာက လူတစ်စုဓားစွမ်းပြမှု
သတင်းကြားရပြန်တော့ ကျောချမ်းမိလာ၏။ တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်သိ
ပြည်သူတွေအကူအညီလိုကြောင်း ကျွန်တော် အထပ်ထပ်ပြောမနေလိုတော့ပါ။ ‘တာဝန်သိ
ပြည်သူ’ဟု ခံယူချင် စိတ်တွေရှိအောင်၊ ခံယူ ရဲလာအောင် တာဝန်ရှိသူတွေကအထပ်ထပ်
ပြောကာ Awareness ပြုလာသည်ကိုပဲ မျှော်လင့်နေပါတော့မည်။
ကိုမျိုး(မြန်မာစာ)
ကိုမျိုး(မြန်မာစာ)
တာဝန်သိပြည်သူ
Reviewed by သစ်ထူးလွင်
on
12:29
Rating:

2 comments:
ခင်ဗျားကသာ အာဘောင်အာ၇င်းသန်နေတာပါဗျာ။ ဘယ်သူမှတောင် ခင်ဗျားဆောင်းပါးကို စိတ်ဝင်စားပုံမပြဘူး။ တကယ်တော့ စစ်အာဏာ၇ှင်တွေဟာ တိုင်းပြည်ကို အုပ်ချုပ်ခွင့်၇ယူတာ မှားပါတယ်။ သူတို့တာဝန်က ကာကွယ်ေ၇းသက်သက်ပါ။ အခုတော့ မဆိုင်တာတွေကို သိသိနဲ့ အာဏာ၇ူးသွားတော့ ဥပဒေ ပျက်သုန်းတာပေါ့ဗျာ။ ။
i m interested in it
Post a Comment