
အဖမ်းဆီးခံရသူ ချင်းအမျိုးသားမှာ ဖလမ်းမြို့နယ် Lausau ကျေးရွာသား Mena ခေါ် Lalrozama (27) နဲ့ အတူ အသက်မပြည့် မြန်မာအမျိုးသမီးတဦးကို အိုင်ဇောလ်မြို့ Tennis Court တွင် နိုဝင်ဘာ ၂၄ ရက် ညနေ ၄ နာရီ ခန့် တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ဒေသထွက်သတင်းစာ ဖြစ်သည့် The Zozam Time တွင် ဖော်ပြသည်။
“နိုဝင်ဘာလဆန်းလောက်က Lalrozama နဲ့ သူငယ်ချင်းများသည် သူများနေအိမ်တွင် အိမ်ဖော်အဖြစ်နေထိုင်သူအမျိုးသမီးတဦးကို ဘုရားကျောင်း အပြန်တွင် ဖမ်းဆီးပြီး အလိုမတူ ပေါင်းသင်းဆက်ဆံခဲ့ပြီးနောက်၊ အိမ်အပြင်မထွက်ရန် ချိမ်းခြောက်ခဲ့သည်ဟု” ၄င်းသတင်းစာ တွင် ဖော်ပြသည်။
ဒေသခံအိန္ဒိယအမျိုးသားများထံ တခါအိပ် ရှုပီးငွေ ၃၀၀ ဖြင့် ၂ ကြိမ် ရောင်းစားခဲ့ကြောင်း၊ အမျိုးသမီးအပေါ် ကိုယ်ထိလက်ရောက် စော်ကားခြင်း လည်းပြုလုပ်ခဲ့ပြီး ညအချိန်တွင် ကောင်း ကောင်းမအိပ်ခဲ့ကြောင်း တရာခံမြန်မာအမျိုးသမီးထွက်ဆိုချက်ကို ကိုးကားပြီးအဆိုပါ သတင်းစာတွင် ဖေါ်ပြထားသည်။
အဖမ်းခံခဲ့သူ Lalrozama သည် အမျိုးသမီးများကို အလိုမတူပေါင်းသင်းဆက်ဆံမှုကြောင့် ၃ ကြိမ် တိုင်တိုင် ဒေသခံအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
KNG News
အသက်မပြည့်အမျိုးသမီးတဦးကို အဓ္ဓမပြုကျင့်ပြီး ရောင်းစားသူကို ဖမ်းဆီးမိ
Reviewed by သစ်ထူးလွင်
on
12:22
Rating:

2 comments:
မြန်မာအမျိုးသမီးလား ..ချင်းအမျိုးသမီးလား သေချာရေးပါအုန်း
ဟ...
သတင်းအမှန်ဆိုလျှင်တော့ ဒီလိုမှတ်ချက်ပေးလိုက်မယ် ! ကန်တော့ပါရဲ့ !!!!!
ခွေးသူတောင်းစား မအေ-ိုးတွေ၊ သူများတိုင်းပြည်မှာ ဒုက္ခသည်လိုလို၊ ကျွန်လိုလိုနဲ့ ကိုယ့်နိုင်ငံသားချင်း စောင့်ရှောက်ရမှာကို ဖာခေါင်းလုပ်ပြီး ဒုက္ခပေးတယ်။
ချင်းလူမျိုးတွေလည်း သိက္ခာကျတယ်၊ နာမည်ပျက်တယ်။
ဒီလောက်သရမ်းတဲ့ ခွေးသားတွေကို -ီးကိုအရင်ဖြတ်ပြီး တံကျင်လျှိုသတ်ပစ်ရမယ် !
Post a Comment