ရန်ကုန်မြို့ တွင် တောင်းရမ်း စားသောက် သူများအား ဖမ်းဆီး အရေးယူတော့မည်

ရန်ကုန်မြို့တွင်း နှင့် လမ်းဆုံလမ်းခွများ တွင် တောင်း ရမ်း စားသောက် သူများအား ဖမ်းဆီး အရေးယူ သွားတော့ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အထွေထွေ အုပ် ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ယခုအခါ ရန်ကုန်မြို့ အတွင်း လမ်းဆုံ မ်းခွ၊ ဈေး ဆိုင်များနှင့် မီးပွိုင့် များတွင် တောင်းရမ်း စားသောက်သူ များ တစ်နေ့ တခြား များပြားလာသဖြင့် ဖမ်းဆီး အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အထက်ပါ ဌာနမှ သိရ သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့ အတွင်း နေ့ စဉ်သွားလာ နေသူတစ်ဦးက “ရန်ကုန်မှာက နေ့စဉ် တောင်း ရမ်းနေတဲ့ သူတွေကို ပုံစံအမျိုးမျိုးနဲ့ တွေ့နေရတယ်။ လိုင်း ကားပေါ် တွေမှာလည်းရှိတယ်။ အထူးသဖြင့် တိုက်ကြီး- ဆူးလေအထူး ကားတို့၊ ဥက္ကံ- ဆူးလေကားတွေကိုစီးရင် မြို့ ထဲဝင်လာတာနဲ့ ကားပေါ်မှာ စာရွက် တွေလိုက်ဝေပြီး တောင်း တယ်။ တချို့ သန်သန်မာမာ နဲ့ လူငယ်လေးတွေ ဖြစ်နေတာ တွေ့ရတယ်။ နောက်ပြီး လမ်း ၃၀(အောက် လမ်း) ကားဂိတ်တို့၊ ပန်းဆိုးတန်းကားဂိတ်တို့မှာလည်း ပြန်စရာ လမ်းစရိတ်မရှိလို့ဆိုပြီး ပိုက်ဆံလိုက်တောင်းတာ အမြဲ လိုလိုကြုံ ရတယ်။ လူလတ်ပိုင်း အမျိုးသမီးတွေ လည်း ပါတယ်။ ဒီလိုတောင်းစား တာကို အသက်မွေးဝမ်း ကျောင်း လုပ်ငန်းလို လုပ်နေတယ်ဆိုရင်တော့ မကောင်း ဘူးပေါ့။ ဒါတွေကို စိစစ် အရေးယူသွားမယ် ဆိုရင် ကောင်းတာပေါ့”  ဟု သူ၏ အမြင်ကို သုံးသပ် ပြောကြားသည်။
ထွန်းလင်း
ရန်ကုန်မြို့ တွင် တောင်းရမ်း စားသောက် သူများအား ဖမ်းဆီး အရေးယူတော့မည် ရန်ကုန်မြို့ တွင် တောင်းရမ်း စားသောက် သူများအား ဖမ်းဆီး အရေးယူတော့မည် Reviewed by သစ်ထူးလွင် on 17:58 Rating: 5

3 comments:

kiki said...

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးစီမံကိန်းဆိုတာ အဲသလို လား ။
သူတို့ တွေလည်း တောင်းစားချင်လို့ တောင်းစားနေကြရတာလား ။ ကောင်းရောင်းကောင်းဝယ် အလုပ်အကိုင် တခုခု ရအောင် အရင်ဆုံး ဖန်တီးပေးရမှာဖြစ်ပါတယ်။ ခုတော့ အလုပ်အကိုင်လည်း မယ်မယ်ရရ မရှိ ဖြစ်နေရင်
တောင်းစားလို့ မရရင် ခိုးဝှက်စားကြမယ် ၊ ဒမြတိုက်စားကြ မယ် ။ အဆိုးဆုံး လူသတ်တဲ့ထိ ဖြစ်လာနိုင်တယ် ။ ငါ့ဝမ်းပူဆာ မနေသာ လို့  ဆိုကြတယ်လေ.. ပြသနာတခုကို အကြောင်းရင်းသိအောင်လုပ်ပြီး ဖြေရှင်းမှ အဆင်ပြေမှာပါ ။ ထစ်ကနဲဆို ဖမ်းမယ်ဆီးမယ် ဆိုတာနဲ့တင် ပြသနာက ပြေလည်မှာတဲ့လား ..စဉ်းစားလည်း လုပ်ကြပါအုံး တာဝန်ရှိသူ တို့  ရေ ..

Admin said...

တကယ်ကြိုးစားချင်တဲ့လူတွေကို အလုပ်နေရာပေးပြီးနေရာပေးသင့်သလို၊
အကျင့်ပျက်ရေသာခို၊ပေါ့ပေါ့နေ ပေါ့ပေါ့စားသူတွေအတွက် ပြုပြင်သင့်တယ်လို့ထင်ပါတယ်။

မိုးချစ်သူ said...

ဘွဲ့ရ၊ ပညာတက်တွေတောင်အလုပ်လက်မဲ့တွေကများ... အလုပ်ရှိတဲ့သူတွေကျတော့လဲ အရောင်းဝန်ထမ်းသာသာလောက်ပဲလေ...
ဒို့နိုင်ငံက အလုပ်အကိုင် မပေးနိုင်ဘူး... အခုလို တောင်းရမ်းစားသောက်နေရတဲ့သူတွေဘက်ကကြည့်ပြန်တော့လဲ... အလုပ်လုပ်ချင်တဲ့ စိတ်ရှိပေမယ့်..သူတို့လို အိုးမရှိအိမ်မရှိကို ဘယ်သူက ယုံကြည်ပြီး ခိုင်းကြမလဲ....နိုင်ငံတော်ရဲ့ ထုတ်ကုန်တစ်ခုခုမှာ ပေါပေါပဲပဲနဲ့ခိုင်းသင့်တယ်လို့ထင်တယ်... ဒီလိုလုပ်လို့ သူတို့က ဗီဇမပျောက်ရင် ကြိုက်သလိုလုပ်ပေါ့..သူများတွေလို အဆင့်အတန်းရှိရှိနေချင်တာပေါ့.. ဘယ်တောင်းစားချင်ပါ့မလဲ...ဒါဟာ နိုင်ငံတော်နဲ့ပဲဆိုင်တာလေ...

Powered by Blogger.