နော်ေ၀၀န်ကြီးမှ မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှူများကို အသိအမှတ်ပြုဟုဆို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်  နော်ဝေနိုင်ငံ၏ 
သဘာဝပတ်ဝန်းကျင်ဝန်ကြီး HE. Erik solheim ကို လက်ခံတွေ့ဆုံစဉ် (ဓါတ်ပုံ-ဘားမားဗွီဂျေး)
နေပြည်တော် နိုဝင်ဘာ ၁
မြန်မာနိုင်ငံ၏နိုင်ငံရေး စီးပွားရေး နှင့်သဘာဝပတ်ဝန်းကျင်အပေါ် ပြုပြင်ပြောင်းလဲမှူများပြုလုပ်နေခြင်းကို အသိအမှတ်ပြုကြောင်း နှင့် ယခုကဲ့သို့အားတက်သရော လုပ်ဆောင်နေခြင်းကိုလည်း ကျိုဆိုကြောင်း နော်ဝေနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဝန်ကြီး HE. Erik solheim မှ နေပြည်တော်တွင်ကျင်းပပြုလုပ်သော အစိမ်းရောင်စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေနွေးပွဲတွင် ပြောကြားသွားခဲ့သည်။
``မြန်မာနိုင်ငံကဒီလိုနိုင်ငံတော်အဆင့် ဆွေးနွေးပွဲကိုအားတက်သရောလုပ်ဆောင်နေတာတွေကိုကြိုဆိုပါတယ် ပြုပြင်ပြောင်းလဲမူဆိုတာဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာလိုကိုလိုအပ်ပါတယ် ဒီက၀န်ကြီးတွေ နဲ့စကားပြောဖြစ်တော့ သူတို့တစ်ကယ်ဘက်ပေါင်းဆုံက ပြုပြင်ပြောင်းလဲမူတွေလုပ်ဖို့ဆန္ဒရှိတာတွေ့ရတယ် ဒါ့ကြောင့်သူတို့ရဲ့ လုပ်ဆောင်မှူတွေကိုအသိအမှတ်မပြုလို့ မရတော့ပါဘူး`` ဟု အဆိုပါအခန်းအနားဖွင့်ပွဲ့တွင် ပြောကြားခဲ့သည်။
အဆိုပါအစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မူဖိုရမ် တွင် နော်ဝေနိုင်ငံ၏၀န်ကြီးကိုယ်တိုင်လာရောက်ဆွေးနွေးခြင်းသည်မြန်မာနိုင်ငံနှင့်ဥရောပနီုင်ငံတို့အကြား ခြေလှမ်းသစ်တစ်ရပ် လှမ်းလိုက်ခြင်းပင်ဖြစ်ကြောင်းယင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော စီးပွားရေးအကြံပေးပညာရှင်ဦးမှသုံးသပ်ပြောကြားခဲ့သည်၊
နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံအားစီးပွားရေးပိတ်ဆို့ထားသော်နိုင်ငံဖြစ်သော်လည်း ယင်းပိတ်ဆို့မူများသည် နော်ဝေနိုင်ငံတစ်နိုင်ငံတည်း၏ဆန္ဒတစ်ခုတည်းကြောင့်မဟုတ်ဘဲ ဥရောပနိုင်ငံအားလံုး၏ လုပ်ပိုင်ခွင့်အရပိတ်ဆို့ထားခြင်းဖြစ်ကြောင်းယင်းမှ ပြည်တွင်းသတင်းထောက်များ၏မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ သစ်တောရေးရာနှင့်သဘာဝပတ်ဝန်းကျင်ပြည်ထောင်စုဝန်ကြီး စက်မူ ၀န်ကြီးဦးစိုးသိန်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီဦးးဝင်းမြင့် တို့တက်ရောက်ခဲ့ပြီး နော်ဝေနိုင်ငံမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ကုလသမဂ၏ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် MR Yijay nambiar အပါအ၀င် ဥရောပအာရှ မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် အများအပြားတက်ရောက်ဆွေးနွေးခဲ့ကြသည်။ထို့အပြင်နော်ဝေနိုင်ငံမှ ရုပ်သံလိုင်းတစ်ခုမှ လည်း နော်ဝေး၀န်ကြီးနှင့်အတူလိုက်ပါလာကာယင်းဆွေးနွေးပွဲကို လိုက်ပါသတင်းရယူကြောင်းသိရသည်၊။
သတင်း---Messenger News Journal
 
 
နော်ေ၀၀န်ကြီးမှ မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှူများကို အသိအမှတ်ပြုဟုဆို နော်ေ၀၀န်ကြီးမှ မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှူများကို အသိအမှတ်ပြုဟုဆို Reviewed by သစ်ထူးလွင် on 20:24 Rating: 5

No comments:

Powered by Blogger.