ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့်  ဇီကျင်ပင် ဘေကျင်း မြို့ တွင် တွေ့ ဆုံ

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့်  ဇီကျင်ပင် ဘေကျင်း မြို့ တွင် တွေ့ ဆုံ
မြန်မာ စစ်တပ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သည် တရုတ်
သမ္မတဟူကျင်တောင် ၏ အရိုက် အရာ ကို ၂၀၁၃ ခုနှစ် တွင် ဆက်ခံ မည့် သူ လည်း ဖြစ် လက်ရှိ
တရုတ် ဒုတိယ သမ္မတ လည်းဖြစ်သည့် ဇီကျင်ပင် နှင့် တနင်္လာ နေ့ က တရုတ် ပြည် ဘေကျင်း
မြို့ တွင် တွေ့ ဆုံ သည် ဟု ဆင်ဟွာ သတင်း တွင် ဖော်ပြ ထား သည်။

မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၏ တရုတ်ပြည် ခရီး စဉ် သည်
အမေရိကန် နိုင်ငံ ခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် မြန်မာ နိုင်ငံ သို့ လာရောက် လည်
ပတ် ခြင်း မပြု မှီ ၂ ရက် အလို တွင် ဖြစ်သည်။

တရုတ် ဗဟို စစ်ကော်မရှင် ဒု ဥက္ကဌ ဇီကျင်ပင် က ” နှစ် နိုင်ငံ စစ်တပ် ပိုမိုကောင်းမွန်သည့်
အပြန် အလှန် ဆက်မှု များ ဖြင့် နက်နက် ရှိုင်းရှိုင်း ပူးပေါင်းသွား မည် ဟု ပြောကြား ခဲ့ ပြီး
မြန်မာ နိုင်ငံ သည် တရုတ် နိုင်ငံ ၏ မဟာ ဗျူဟာ မြောက် မိတ် ဆွေ ဖြစ်ကြောင်း ပြောဆို
ခဲ့ သည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် မြန်မာ စစ်တပ် အရာရှိ များ ၏ ခရီးစဉ် ကို တရုတ် အစိုးရ
အာဘော် ရုပ်သံ များ က အကျယ် တ၀င့် ထုတ် လွှင့် ပြ သခဲ့ သည် ဟု FNG က စုံစမ်း သိ
ရှိ ရသည်။

တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ နှင့် အမေရိကန် ဆက်ဆံ ရေး ပိုမို နီးနီးကပ်ကပ် နက်နက်
ရှိုင်းရှိုင်း ရှိ သွား မည် ကို အထူး စိုး ရိမ် နေပုံ ရကြောင်း နိုင်ငံခြား သံတမန် များ က သုံး
သပ် သည်။

ယနေ့ တွေ့ ဆုံ ပွဲ တွင် တရုတ် အစိုးရ ထိပ်တန်း အရာ ရှိ များ က မြန်မာ ကာကွယ်ရေး ဦး
စီးချုပ် ကို မျိုးဆက် သစ် မြန်မာ ခေါင်းဆောင် ဟု ခေါ် ဝေါ် သုံးစွဲ သည် ဟု ချိုင်းနား ဒေးလီ
က ရေးသား ထား သည်။
by FNG
 
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့်  ဇီကျင်ပင် ဘေကျင်း မြို့ တွင် တွေ့ ဆုံ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့်  ဇီကျင်ပင် ဘေကျင်း မြို့ တွင် တွေ့ ဆုံ Reviewed by သစ်ထူးလွင် on 17:53 Rating: 5

No comments:

Powered by Blogger.