ရန်သူတော်နဲ့ ငြိမ်းချမ်းရေး လုပ်ရတာဟာ စစ်မြေပြင်က
တို်က်ပွဲတွေထက် ပိုကြမ်းတမ်းခက်ထန်တယ်….. ရန်သူနဲ့ မိတ်ဆွေဖြစ်အောင်
ငြိမ်းချမ်းရေးစကားဝိုင်းမှာ မျက်နှာချင်းဆိုင်ထိုင်ပြောရတ
ဲ့အရာဟာ
ဘ၀မှာ အခက်အခဲဆုံးအရာ…. ဒါပေမဲ့ ရန်သူလို ရင်ဆိုင်ခဲ့ရသူနဲ့
လက်ဆွဲနုတ်ဆက်ရချိန်မှာ ခံစားရတဲ့ ပီတိဟာ ဘ၀ မှာ အချိုမြိန်ဆုံးနဲ့ အရသာအရှိဆုံး
အရာပါ လို့ ပြောခဲ့ကြတဲ့အစ္စရေး ၀န်ကြီးချူပ်နဲ့ ကာကွယ်ရေးဝန်ကြီး ရစ်ဇက်
ရာဘင်နဲ့ အီဂျစ် သမ္မတ အန်န၀ါ ဆတ်ဒတ်။ တဖက်နဲ တဖက် အပြုတ်မချနိုင်တဲ့အတူတူ
ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်တာကောင်းတယ်ဆို တဲ့မူနဲ့ ငြိမ်းချမ်းရေးရှာဖွေခဲ့ကြတဲ့ ဗိုလ်ချူပ်ကြီးတွေ။ စစ်ဗိုလ်ချူပ်တွေကနေ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေဖြစ်လာကြသူတွေ။
စစ်မြေပြင်မှာ ကျည်မခ ခဲ့တဲ့ တပ်မှူးကောင်း စစ်ဦးစီးချူပ်ကောင်းတွေ
ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကျိုးစားချိန်ကျမှ သစ္စာဖေါက်တွေအဖြစ်
စွပ်စွဲခံခဲ့ရပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်ရပ်ဟာ အရှေ
့အလယ်ပိုင်းဒေသနိုင်ငံရေးလေ့လာသူတွေကြားမှာ
ဒီကနေ့ ထိ ဆွေးနွေးငြင်းခုန် အဖြေထုတ်နေကြဆဲပါ။
ငြိမ်းချမ်းရေးလိုအပ်နေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကျိုးစားနေတဲ့
နိုင်ငံတွေအတွက် သမိုင်းသင်ခန်းစာတခုအဖြစ်ချန် ထားခဲ့တဲ့ ဖြစ်ရပ်ကို ဒီတပတ် အစီအစဉ်အတွက် ဖန်တီးဖြစ်ခဲ့ပါတယ်။
ကိုမိုးအေး DVB တင်ဆက်သည်။
လက်ဆွဲနုတ်ဆက်ရချိန်မှာ ခံစားရတဲ့ ပီတိ (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
20:18
Rating:
No comments:
Post a Comment