နေမျိုး​ဇင်ကို အင်း​စိန်​ထောင်​ဆေး​ရုံတွင် ခွဲစိတ်ကုသရန် စီစဉ်

အင်း​စိန်​ ထောင်မှာ ကျန်း​မာ​ရေး​ဆိုး​ရွား​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ကို​နေမျိုး​ဇင်ကို ​ထောင်တွင်း​ဆေး​ရုံမှာ ခွဲစိတ်ကုသဖို့​ စီစဉ်​နေတယ်လို့​ မိသား​စုက ​ပြောပါတယ်။
အီလက်ထ​ ရောနစ်ပုဒ်မနဲ့​ ​ထောင်ဒဏ် ၁၀ နှစ်ချခံထား​ရတဲ့​ ကို​နေမျိုး​ဇင်ဟာ ​ထောင်တွင်း​အချုပ်မှာ ​ချော်လဲတဲ့​ ဒဏ်ရာ​ကြောင့်​ ခါး​ရိုး​တ​ချောင်း​ပဲ့​သွား​ပြီး​ လှုပ်ရှား​မရ ဖြစ်​နေပါတယ်။
ထောင်​ဆေး​ ရုံမှာ ခွဲစိတ်ကုသမယ့်​ကိစ္စနဲ့​ပတ်သက်လို့​ လာမယ့်​ နိုဝင်ဘာ ၃ ရက်​နေ့​ မိသား​စုက ​ထောင်ဝင်စာ သွား​တွေ့​တဲ့​အခါမှာ မိသား​စုရဲ့​ သ​ဘော တူညီချက်ကို ယူဖို့​ရှိ​နေတယ်လို့​ ကိုမျိုး​ဇင်ရဲ့​ မိခင် ​ဒေါ်ခင်သီက ​ပြောပါတယ်။
“သူ့​ကို ​ဆေး​ရုံး​တင်ပြီး​တော့​ ခွဲပြီး​ ကုရမယ်လို့​ ဆရာဝန်က ​ပြောတယ်တဲ့​။ မခွဲ​သေး​ဘူး​တဲ့​။ အင်း​စိန်​ဆေး​ရုံမှာပဲ လာခွဲခိုင်း​မယ်​ပေါ့​။ ​ကောင်း​ချင်လည်း​ ​ကောင်း​မယ် မ​ကောင်း​ချင်လည်း​ မ​ကောင်း​ဘူး​ပေါ့​လေ။ အဲဒါ ​နေမျိုး​ဇင်ရဲ့​ ​ဆွေမျိုး​သား​ချင်း​တ​ယောက်​ယောက်က လက်မှတ်ထိုး​ပေး​ရမယ်လို့​ ​ပြောတယ်တဲ့​။ သူ့​ရဲ့​ဆန္ဒကို ​မေး​ပြီး​ တိုင်ပင်ပြီး​ လုပ်ရမှာ​ပေါ့​။”
လွန်ခဲ့​တဲ့​ နှစ်ပတ်ကတုန်း​က ကို​နေမျိုး​ဇင်ကို အပြင်​ဆေး​ရုံး​မှာ ​ဆေး​ကုသခွင့်​ပေး​ဖို့​ မိသား​စုက သက်ဆိုင်ရာဆီ စာပို့​ခဲ့​ပါတယ်။ လက်မှတ်ထိုး​ပေး​ရမလား​ဆိုတာ သား​ရဲ့​ ဆန္ဒကို ​မေး​ရဦး​မယ်​လေ။”
ခါး​ရိုး​ ဒဏ်ရာ​ကြောင့်​ ​အောက်ပိုင်း​သေသွား​နိုင်တယ်လို့​ ဆရာဝန်​တွေဆီကတဆင့်​ သိရတဲ့​အတွက် စိုး​ရိမ်တယ်လို့​ ကို​နေမျိုး​ဇင်ရဲ့​ ​ရှေ့​နေ ဦး​လှမျိုး​မြင့်​က အခုလို​ပြောပါတယ်။
“​ထောင်​ဆေး​ ရုံမှာ ထား​တယ်ခင်ဗျ။ ​ထောင်မှာ ဘာမှ မပြည့်​စုံဘူး​။ သူ့​ကို ကုသနိုင်မယ့်​ ​ဆေး​မရှိဘူး​။ ကြည့်​မြင်တိုင်​ဆေး​ရုံမှာပဲရှိတယ်။ ကြည်မြင့်​တိုင်အရိုး​ကု ​ဆေး​ရုံမှာပဲ ရှိတယ်။ အမှန်သူက ​အော်ပ​ရေး​ရှင်း​လုပ်မှ ရမယ်။ သူက နံပါတ် ၅ အရိုး​က အက်သွား​တော့​ အခုအချိန်ထိ ထိုင်လည်း​ မထိုင်နိုင်ဘူး​။ တုတ်​ထောက်ပြီး​တော့​လည်း​ သူမသွား​နိုင်ဘူး​။ အမြဲတမ်း​ လှဲပြီး​တော့​ ​နေ​နေရတယ်။ အိမ်သာသွား​မယ်ဆိုရင် သူက တုတ်​ထောက်ပြီး​တော့​ ထရတယ်ဗျာ။ အဲဒီလို ပုံစံဖြစ်​နေတယ်။ နှစ်ဘက် တုတ်​ထောက်ပြီး​ ထရတယ်။”
ဗိုလ်ကြီး​ ဟောင်း​ဖြစ်တဲ့​ ကို​နေမျိုး​ဇင်ကို ပြီး​ခဲ့​တဲ့​ ဧပြီလက ဖမ်း​ဆီး​ခဲ့​ပြီး​တဲ့​နောက် ဩဂုတ်လအတွင်း​မှာ အီလက်ထ​ရောနစ်ပုဒ်မနဲ့​ ​ထောင် ၁၀ နှစ်ချထား​ပါတယ်။
သူ့​ကို ဖမ်း​ဆီး​တဲ့​အချိန်က​နေ တရား​ရုံး​မှာအမိန့်​ချတဲ့​အထိ သက်ဆိုင်ရာ အဆင့်​ဆင့်​ရဲ့​ လုပ်​ဆောင်ချက်​တွေ အား​လုံး​ မှား​ယွင်း​ခဲ့​တယ်လို့​ ​ရှေ့​နေ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။
“အမှန်တိုင်း​ ပြောရရင် ကွင်း​လုံး​ကွတ် လွှတ်ရမှာ ရှင်း​ရှင်း​လေး​ရယ်။ အပြီး​လွှတ်ရမှာ ဥပ​ဒေနဲ့​မှ မညီဘဲ။ အဲဒါ အစအဆုံး​ ကျ​နော့်​ ​လျှောက်လဲချက်ထဲမှာ အ​သေး​စိတ်ကို တင်ပြထား​ပြီး​တော့​ ဒါကိုလည်း​ သူတို့​ဘက်က သိသွား​ပြီ​လေ။ သိသွား​ပြီး​တော့​ သူတို့​ရဲ့​ ချို့​ယွင်း​ချက်​တွေက အများ​ကြီး​ဖြစ်​နေတယ်။ တခုတည်း​မှ မဟုတ်ဘဲ။ အဆင့်​ဆင့်​ ချို့​ယွင်း​ချက် ဖြစ်သွား​တယ်။ မူလကတည်း​က ပျက်ပြယ်​နေတဲ့​ တရား​စွဲတဲ့​အမှု ဖြစ်တဲ့​အတွက်​ကြောင့်​ သူ့​ကို ပြစ်ဒဏ်က​နေ လွှတ်​ပေး​ရမှာ။ ”
အမှုကို ရန်ကုန်တိုင်း​ဒေသကြီး​ တရား​ရုံး​အမှတ် ၆ မှာ အယူခံတင်ထား​တာ တလ​ကျော်​နေပြီလို့​ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။
သတင်း---ဒီဗွီဘီ
နေမျိုး​ဇင်ကို အင်း​စိန်​ထောင်​ဆေး​ရုံတွင် ခွဲစိတ်ကုသရန် စီစဉ် နေမျိုး​ဇင်ကို အင်း​စိန်​ထောင်​ဆေး​ရုံတွင် ခွဲစိတ်ကုသရန် စီစဉ် Reviewed by သစ်ထူးလွင် on 20:01 Rating: 5

No comments:

Powered by Blogger.