နိုင်ငံပိုင်သတင်းစာများတွင် မွေးနေ့၊ မင်္ဂလာဧည့်ခံပွဲဆုမွန်တောင်း အပါအ၀င်
မိမိတို့ရရှိထား သော ဘွဲ့ဒီဂရီများဖော်ပြပြီး
ကြော်ငြာထည့်သွင်းထားသူများအနေနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်ရန်
နိုင်ငံ ကူးလက်မှတ်လျှောက်ထားပါက ပညာရေးဆိုင်ရာပေးလျော်မှုလိုအပ်ကာ
ပညာရေးကင်းရှင်းကြောင်း ထောက်ခံ စာပြုလုပ်ရမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့မှ စုံစမ်းသိရှိရသည်။
သတင်းစာများတွင် မွေ့နေ့မင်္ဂလာဆုတောင်း၊ မင်္ဂလာဧည့်ခံပွဲကျေးဇူးတင်လွှာ၊ စေ့စပ်ကြောင်း လမ်းပြီးစီးခြင်းအပါအ၀င် ကြော်ငြာအမျိုးမျိုးထည့်သွင်းကြရာတွင် ရရှိထားသော ဘွဲ့ဒီဂရီဂုဏ်ထူးများကို ထည့် သွင်းကြကြောင်း၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က အဆိုပါသတင်းစာကြော်ငြာပါဘွဲ့ ဒီဂရီသူများ ကို လိပ်စာနှင့်တကွ မှတ်တမ်းတင်ထားပြီး အဆိုပါဘွဲ့ရများ နိုင်ငံကူးလက်မှတ်လျှောက်ထားလာလျှင် ပညာရေးကင်းရှင်းကြောင်း ထောက်ခံစာတောင်းခံကြောင်း အဆိုပါရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
" ဒီနိုင်ငံမှာ အစိုးရဖွင့်ထားတဲ့ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တွေနဲ့ ၀ိဇ္ဇာသိပ္ပံတက္က သိုလ်တွေကနေ ဘွဲ့ရထားတဲ့သူတွေအနေနဲ့ နိုင်ငံကူးလက်မှတ် လျှောက်တယ်ဆိုတာနဲ့ ပညာေါ်လျော်ကြေးပေး ပြီး ပညာရေးင်းရှင်းကြောင်း ထောက်ခံချက်လိုပါတယ်။ နိုင်ငံခြားမှာရှိတဲ့ တက္ကသိုလ်တွေက ဘွဲ့ရထားတဲ့သူတွေ ကတော့ မလိုပါဘူး" ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ၀န်ထမ်းကဆိုသည်။
နိုင်ငံကူးလက်မှတ် ပြုလုပ်ကြရာတွင် အများစုသည် ပညာအရည်အချင်းကို ကိုးတန်းအောင်၊ ၁၀ တန်းဟုသာ ဖြည့်စွက်ပြီး မိမိတို့ အမှန်တကယ်ရရှိထားသော ဘွဲ့ဒီဂရီများကို ဖော်ပြကြခြင်းမရှိဟု နိုင်ငံကူး လက်မှတ်လျှောက်ထားသူအများစုက ပြောဆိုကြသည်။
" နိုင်ငံခြားသွားပြီး အလုပ်လုပ်မယ့်သူတွေအနေနဲ့ကလည်း ဘွဲ့ရထားပေမယ့် ကိုးတန်းအောင်၊ ၁၀ တန်းလို့ဆိုပြီး ပညာအရည်အချင်းကို ဖြည့်စွက်လျှောက်ကြတယ်။ အဓိက အလုပ်ရှုပ်မခံချင်ကြလို့။ ပညာ ရေးကင်းရှင်းကြောင်း ထောက်ခံစာလုပ်ဖို့ ဟိုရုံးပြေးရ၊ ဒီရုံးပြေးရ၊ ဟိုလူကြီးစောင့်ရ၊ ဒီလူကြီးစောင့်ရနဲ့ အချိန် အရမ်းကုန်တယ်။ လူလည်းအတော်ကို ပင်ပန်းတယ်။ ၀ိဇ္ဇာ သိပ္ပံဘွဲ့ဆိုရင် ပညာရေါ်လျော်ကြေးက သောင်းဂ ဏန်းလောက်ပဲ ပေးရတာ။ ဒါပေမဲ့ အလုပ်ရှုပ်လို့ ဘယ်သူမှ သိပ်မလုပ်ချင်ကြဘူး" ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်ပြီး စင်ကာပူနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသူ အသက် ၃၀ အရွယ်အမျိုးသား တစ်ဦးက သုံးသပ်ပြောဆိုသည်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းမပေါ်တွင် နှစ်ပေါင်းများစွာ ဖွင့်လှစ်ခဲ့ သော မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးကို ရန်ကင်းနှင့် ဗဟန်းမြို့နယ်အကြားရှိ ပြည်ထဲရေးဝန် ကြီးဌာနရုံးဟောင်းသို့ ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်း တရားဝင်ပြောင်းရွှေ့ဖွင့်လှစ်ထားသည်။
The Voice Weekly Journal

ကြော်ငြာပါ ဘွဲ့ရများ နိုင်ငံခြားသွားရင် ပညာရေးလျော်ကြေးပေးရမည်
Reviewed by သစ်ထူးလွင်
on
08:23
Rating:
3 comments:
ဟားဟား ရီရတယ်ဗျာ မြန်မာပြည်ကရတဲ့ဘွဲ့ကဘယ်နိုင်ငံမှာဘာတွေလုပ်စားလို့
ရနေလို့ပညာရေးလျှော်ကြေးတောင်းနေကြတာလဲ တနှစ်ကို(၂)တန်းပညာရေးနဲ့ရတဲ့ဘွဲ့ဘယ်နိုင်ငံမှာမှ
အသုံးမ၀င်ဘူးသူတောင်းစားတွေရဲ့။
hey caung thitsar, lee pae kor.. can use or cannot use ,,you can come and check at singapore
ဟဟားကောင်းတယ်
Post a Comment