တူနီးရှား အစိုးသစ် ပါလီမန်မှာ အခြေခံဥပဒေရေးဆွဲမည်

တူနီးရှား နိုင်ငံမှာ တိုင်းပြည်ရဲ့ ထိပ်တန်း ရာထူး သုံးခုအတွက် ရွေးကောက်ပွဲ အနိုင်ရ အဓိက ပါတီကြီး သုံးခုကြား သဘောတူညီမှု ရခဲ့ပါပြီ။ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံး အနိုင်ရခဲ့တဲ့ အလယ်အလတ်ကျတဲ့ အစ္စလာမ် ဝါဒီ Ennahda အန်နာဒါ့ ပါတီ ဒုတိယခေါင်းဆောင် Hamadi Jebali ဟာမာဒီ ဂျီဘလီက ဝန်ကြီးချုပ်သစ် ဖြစ်လာပါပြီ။လက်ဝဲယိမ်းတဲ့ Congress for the Republic ပါတီက ခေါင်းဆောင် Moncef Marzouki မွန်ဆက်ဖ် မာဇိုကီးက သမ0x081မတ နေရာယူခဲ့ပါတယ်။တတိယ ညွှန့်ပေါင်း အစိုးရ အဖွဲ့ထဲက Ettakatol ပါတီ ခေါင်းဆောင် မူစတာ ဘန် ဂျာဖာ Mustafa Ben Jaafar က တူနီးရှား လွှတ်တော် ဥက္ကဌ ရာထူးကို ထမ်းဆောင်မှာ ဖြစ်ပါတယ်။ဒီအကြီးအကဲ ရာထူးသုံးခုကို ဒီနေ့ အင်္ဂါနေ့ မှာ ပထမဆုံး အကြိမ် ခေါ်ယူ ကျင်းပတဲ့ တူနီးရှား လွှတ်တော်မှာ အတည်ပြု ကြေညာမှာ ဖြစ်ပါတယ်။တူနီးရှားမှာ ပြီးခဲ့တဲ့ ဇန္နဝါရီလတုန်းက အာဏာရှင် သမ္မတ ဘန်အလီ ရာထူးက ဆင်းပေးခဲ့ရပြီးတဲ့နောက် ဖွဲ့စည်းပုံသစ်ကို အခု ပါလီမန် အသစ်က ရေးဆွဲမှာဖြစ်ပါတယ်။
ဘီဘီစီ
တူနီးရှား အစိုးသစ် ပါလီမန်မှာ အခြေခံဥပဒေရေးဆွဲမည် တူနီးရှား အစိုးသစ် ပါလီမန်မှာ အခြေခံဥပဒေရေးဆွဲမည် Reviewed by သစ်ထူးလွင် on 09:00 Rating: 5

No comments:

Powered by Blogger.