လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန်သမ္မတ အိုဘားမား တယ်လီဖုန်း တိုက်ရိုက်စကားပြော

ဓါတ်ပုံ(Myanmar News Now)
အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံဘာလီ သို့ရောက်ရှိနေခိုက် နိုဝင်ဘာ ၁၈ရက်နေ့နံနက် ၉နာရီခန့်က ဒေါ်အောင်ဆန်းစုကြည်ထံသို့ တယ်လီဖုန်းဆက်သွယ်စကားပြောဆိုခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က The Messenger ဂျာနယ်သို့အတည်ပြုပြောကြားသည်။ အစိုးရသစ်လက်ထက်တွင် ပွင့်လင်းမြင်သာမှုရှိသည့်အပြောင်းအလဲများကိုစတင်လုပ်ဆောင်နေသည့် ကာလအတွင်းအမေရိကန်အစိုးရ၏ထိပ်တန်းအဆင့်တာဝန်ရှိသူများ  မြန်မာနိုင်ငံ ကိုမကြာခဏဆိုသလိုလာရောက်ခဲ့ခြင်းမှာနှစ်နိုင်ငံဆက်ဆံရေးအတွက် အနာဂတ်အလားအလာကောင်းများဖြစ်လာနိုင်ဖွယ်ရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာစောင့်ကြည့် သူတစ်ဦးသုံးသပ်ပြောကြားသည်။ထို့ပြင် သမ္မတအိုဘားမား၏ ယခုကဲ့သို့တယ်လီဖုန်း ဆက်သွယ်ခြင်းမှာ၎င်း၏သမ္မတသက်တမ်းအတွင်းပထမဆုံးအကြိမ်ဖြစ်သလို အမေရိကန်အစိုးရ၏အဆင့်အမြင့်ဆုံးတာဝန်ရှိသူတစ်ဦး၏  မြန်မာ့အမျိုးသားနိုင်ငံရေးခေါင်းဆောင် တစ်ဦးကိုပထမဆုံးအကြိမ်တိုက်ရိုက်တယ်လီဖုန်းဆက်သွယ်မှုလည်းဖြစ်သည်။
 Myanmar News Now
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန်သမ္မတ အိုဘားမား တယ်လီဖုန်း တိုက်ရိုက်စကားပြော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန်သမ္မတ အိုဘားမား တယ်လီဖုန်း တိုက်ရိုက်စကားပြော Reviewed by သစ်ထူးလွင် on 20:45 Rating: 5

No comments:

Powered by Blogger.