|
သေဆုံးသူကိုကျော် မင်း |
မြောက်ဥက္ကလာပ နွယ်သာကီ ၆ လမ်းတွင် နိုဝင်ဘာ ၁၇ ရက် ညက ဖြစ်ပွားခဲ့သည့်
လူသတ်မှုနှင့် ပတ်သက်၍ သံသယရှိသူများအား စစ်ဆေးနေပြီဖြစ်ကြောင်း ဝေဘာဂီ
ရဲစခန်းမှ ဒုရဲအုပ် ဇင်မင်းထွန်းက နိုဝင်ဘာ ၁၈ တွင်ပြောသည်။ ”လက်ရှိ ၃ ဦး
စစ်ဆေးနေ ပါပြီ။ တရားခံကို တိတိကျကျပြော လို့မရသေးဘူး။ မျိုးကြီး အပါအဝင် ၃
ဦးပေါ့။ မျိုးကြီးက ကိုသက်ဦးရဲ့ သားချင်းတစ်ယောက်ပါ။ ကိုသက်ဦး
မိသားစုကိုလည်း ညကတည်းက ခေါ်ပြီး စစ်နေပါတယ်။ ဒီလူပါလို့ သံသယရှိတဲ့အတွက်ပါ”
ဟု ဒုရဲအုပ် ဇင်မင်းထွန်းက ဆက်လက်ပြောပြသည်။ ယင်းဖြစ်စဉ်အား မြောက်
ဥက္ကလာပမြို့နယ် ဝေဘာဂီ ရဲစခန်း မှ ဒုရဲအုပ်တင်ဦးက တရားလိုအမှု ဖွင့်
တိုင်းကြားထားပြီး တရား လိုဟု ယူဆရသူများနှင့် မျက်မြင် သက်သေ အချို့အား
ခေါ်ယူစစ်ဆေးနေကြောင်း၊ ထို့အပြင် ပြစ်မှု ကျူးလွန် သူလူတစ်ဦးအား
ဖမ်းဆီးနိုင်ရေးမှာ နီးစပ်လာ ပြီဖြစ် ကြောင်း သိရသည်။
”သေတဲ့အချိန်အခင်းဖြစ်တဲ့ နေရာကို ရဲတွေရပ်ကွက်တာဝန်ရှိ တဲ့သူတွေက
ချက်ချင်းရောက်မလာ ဘူး။ မှတ်တမ်းလုပ်တာလည်း မရှိ ဘူး။ မနက်ရောက်လို့
ရဲစခန်းအမှု သွားဖွင့်တော့မှ သူတို့က တရားလို လုပ်ပြီး အမှုဖွင့်ထားတယ်လို့
ပြော တယ်။ ကာယကံရှင်ဖြစ်တဲ့ ကျွန်မ တို့က အမှုဖွင့်စရာမလိုတော့ဘူး တဲ့။
နောက်ညကလည်း သေဆုံးသူ ကျော်မင်းနဲ့ အခင်းဖြစ်တဲ့နေရာကို ဓာတ်ပုံမရိုက်ဘူး။
ဆေးရုံမှာလည်း ဓာတ်ပုံမရိုက်ခဲ့ဘူးလို့ ပြောတော့ အခု သွားရိုက်မှာလို့
တာဝန်ကျရဲ တစ်ယောက်က ပြောတယ်” ဟု နိုဝင်ဘာ ၁၈ ရက်နေ့ ၁ နာရီခန့် က
သေဆုံးသူကိုကျော်မင်း၏ အစ်မ ဝမ်းကွဲတစ်ဦးက ရှင်းပြသည်။ သေဆုံးသူ ကိုကျော်
မင်းနှင့် တရားခံဟု ယူဆရသူ ၃ ဦးအနက် ကိုသက်ဦးနှင့် သားဖြစ်သူသာ
ကိုကျော်မင်းနှင့် ရန်ငြိုးများရှိခဲ့ ကြောင်း၊ ယခုခေါ်ယူစစ်ဆေးသည့် အထဲ၌
ပါရှိသည့် မျိုးကြီး ဆိုသူကို မသိရှိကြောင်း ကိုကျော်မင်း၏ မိသားစုဝင်များက
ပြောသည်။ သေဆုံးသူကိုကျော်မင်းနှင့် တရားခံဟုယူဆရသူ ကိုသက်ဦးတို့ သည်
ယခင်ကတည်းက တစ်ဦးနှင့်တစ်ဦး အငြိုးအတေးများရှိခဲ့ပြီး ကိုသက်ဦးသည်
သေဆုံးသူ ကိုကျော်မင်းအား နှစ်ကြိမ်ရန်မူပြု လုပ်ခဲ့ကြောင်း၊ ယင်းအတွက်
ကိုသက်ဦးမှ ကိုကျော်မင်းအား လျော်ကြေးငွေကျပ်သုံးသိန်း၊ ရပ်ကွက်
လူကြီးများထံမှ တစ်ဆင့်ပေး အပ်ခဲ့ကြောင်း၊ သေဆုံးသူကိုကျော် မင်းမှာလည်း
ကိုသက်ဦးအား လာရောက်ကျူးလွန် မှုပြုခဲ့ ကြောင်း ရပ်ကွက်နေ
ပြည်သူများထံမှသိရသည်။ ”သေဆုံးသူ ကိုကျော်မင်း ဘက်ကရော ကိုသက်ဦးဘက်ကပါ
အရင်ဖြစ်တဲ့အကြိမ်တွေမှာ လာ ရောက်တိုင်တာတော့ မလုပ်ခဲ့ကြပါ ဘူး။
ကိုကျော်မင်းကို ရပ်ကွက်အုပ် ချုပ်ရေးမှူးနဲ့ ရဲတွေသွားဖမ်းတယ် ဆိုတာလည်း
မဟုတ်ပါဘူး။ ဒါတွေ ဟာ သေပြီးမှ ထွက်လာတဲ့သတင်း တွေပါ” ဟု ဒုရဲအုပ်
ဇင်မင်းထွန်း က ပြောသည်။ သို့သော် သေဆုံးသူကိုကျော် မင်း၏ မိသားစုနှင့်
ရပ်ကွက်နေသူ အချို့က ဒုရဲအုပ်ဇင်မင်းထွန်း၏ ပြောကြားချက်များမှာ မဟုတ်မှန်
ကြောင်း ပြီးခဲ့သည့် တန်ဆောင် မုန်းလပြည့်နေ့ ညနေပိုင်းအချိန်က ဒုရဲအုပ်
ထွန်းတင်ဦးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းဒင်တို့က
ကိုကျော်မင်းအား လာရောက်ဖမ်း ဆီးကြောင်း ရပ်ကွက်နေပြည်သူ ၃ဝဝ ခန့်က
ဝင်ရောက် ဟန့်တားရာမှ ဆက်လက်ဖမ်းဆီးခြင်းမပြုဘဲ ထွက်ခွာသွားကြောင်း
မိသားစုဝင် များက ပြောသည်။
ပေါ်ပျူလာသတင်း
1 comment:
ငွေများတရားနိုင်တယ်တဲ့....ဒီလောက်လုံခြုံရေးလုပ်နေတဲ့ဒီမိုကရေစီဆိုတဲ့ တိုင်းပြည်တဲ့ မုဒိန်းမှု အုပ်စုလိုက်လူသတ်မှု ဓါးပြမှု လုယက်မှု ကားတိုက်မှု
စုံနေတာ။ ဒါကြောင့် ဒေါ်စုက တရားဥပဒေ ညံ့ဖျင်းတဲ့
တိုင်းပြည်လို့ ပြောတာ။နဲတောင်နဲသေးတယ်။
Post a Comment