အမေရိကန် လက်ထောက်ဝန်ကြီး နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေး

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner ဟာ မြန်မာနိုင်ငံကိုရောက်နေပြီး ဒီကနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမေရိကန် သံရုံးမှာ နိုင်ငံရေးပါတီ (၇) ခုနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
State dept Image
အမေရိကန် နိုင်ငံခြာရေး ဝန်ကြီးဌာန အပတ်စဉ် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner က သတင်းထောက်များ၏ မေးမြန်းချက်များကို ရှင်းလင်းတင်ပြနေစဉ်။ Photo/State dept Image
လတ်တလော မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေရဲ့ သဘောထားကို မေးမြန်း ဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ဥက္ကဌ ဦးသိန်းတင်အောင်က အာအက်ဖ်အေကို ပြောပါတယ်။ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေဟာ ပါတီတွေအပေါ် ဘယ်လောက်အထိ ထိရောက်မှုရှိသလဲ ဆိုတဲ့အချက်၊ နိုင်ငံရေး အကျဉ်းသားအားလုံး ဘယ်တော့ လွှတ်ပေးမလဲ ဆိုတဲ့အချက်၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးကို ပီပီပြင်ပြင် ဆောင်ရွက်ပေးနိုင်မယ့် အချက်တွေကို ကြည့်ပြီး ပိုမို ထိတွေ့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် NGO အဖွဲ့တွေ အနေနဲ့ ဘယ်လောက်ထိ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရသလဲဆိုတဲ့ အခြေအနေတွေကိုလည်း လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာပေါ့စနာက မေးမြန်းသွားကြောင်း မြန်မာအစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေ တိုးတက်လာတာနဲ့အမျှ မြန်မာနိုင်ငံပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူ ထားတာတွေကိုလည်း တစ်စတစ်စနဲ့ ပြန်လည် ရုပ်သိမ်း သွားနိုင်တယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက သူတို့ကို ရှင်းပြခဲ့ကြောင်း UDP ပါတီဥက္ကဌ ဦးသိန်းတင်အောင်က ပြောပါတယ်။ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပေါ့စနာဟာ နေပြည်တော်မှာ အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့ မနက်ဖြန် တွေ့ဆုံ ဆွေးနွေးမယ်လို့လည်း သိရပါတယ်။

သတင်း---RFA
အမေရိကန် လက်ထောက်ဝန်ကြီး နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေး အမေရိကန် လက်ထောက်ဝန်ကြီး နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေး Reviewed by သစ်ထူးလွင် on 08:03 Rating: 5

No comments:

Powered by Blogger.