အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဟီလာရီကလင်တန် |
သမိုင်းတစ်လျှောက် အနှစ် ၅၀ ကျော်အတွင်း
အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဟီလာရီကလင်တန် သည် ဒီဇင်ဘာလအတွင်းတွင် မြန်မာနိုင်ငံ သို့လာရောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘား မားအစိုးရအဖွဲ့မှ အကြီးတန်းအရာ ရှိတစ်ဦးက အေပီသတင်းဌာနသို့ ပြောကြားခဲ့ကြောင်းသိရသည်။ယခုခရီးစဉ်သည် အမေရိကန် မြန်မာဆက်ဆံရေးတွင် စိတ်ဝင်စား စရာအကောင်းဆုံးအပြောင်းအလဲ တစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း လေ့လာသူတို့ကသုံးသပ်သည်။
အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ နေလာပြီးနောက် ပိုင်း ရွေးကောက်ပွဲများကျင်းပပြီး စစ်ဘက်ခေါင်းဆောင်ဟောင်းများ ပါဝင်သော အရပ်သားအစိုးရသစ် တက်လာပြီးနောက်တွင် ဒီမိုကရေ စီအသွင်ကူးပြောင်းရေးဆောင်ရွက်မှုများ စတင်ပြုလုပ်လာခဲ့သည်။
အမေရိကန် သမ္မတ၏တရားဝင် ထုတ်ပြန်ကြေညာချက်မထွက် ပေါ်သေးသောကြောင့် အမည်မဖော် လိုသော်လည်း အတည်ပြုနိုင်ကြောင်း အဆိုပါအကြီးတန်းအရာရှိက အေပီ သတင်းဌာနသို့ပြောကြားခဲ့သည်။
ယင်းဆုံးဖြတ်ချက်မချမီတွင် အိုဘားမားသည် မြန်မာလူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်စကားပြောခဲ့ကြောင်းသိ ရသည်။ AP သတင်းတရပ်ကို ကိုးကားပြီး Eleven Media Group က ဖော်ပြလိုက်သည်။
Myanmar News Now
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် မြန်မာနိုင်ငံသို့လာရောက်မည်
Reviewed by သစ်ထူးလွင်
on
12:15
Rating:
6 comments:
ဝမ်းသာတယ်ဗျာ။ မြန်မာ-အမေရိကန် ဆက်ဆံရေး တိုးတက်ကောင်းမွန်ပါစေလို့ ဆုတောင်းပါတယ်။
တရုတ်ပစ္စည်းအစုတ်တွေနဲ့ နေလာခဲ့ရတာ နှစ်ကာလကြာလှပါပြီဗျာ။
ကမ္ဘာ့အဆင့်မီ ပစ္စည်းတွေကို အိန္ဒိယနဲ့ အနောက်က တင်သွင်းပါတော့။
တရုတ်ကိုလိုနီဘ၀က လွတ်ချင်လှပါပြီ။
မြန်မာတွေအသိမှတ်ပြုခံရတာဝမ်းသာပါတယ်
ကောင်းပါတယ်ဗျာ..
ပေါင်းကြည့်မှသိတာဆိုတော့ တရုတ်ကိုပေါင်းလိုက်တော့ မြန်မာ
ပြည် အခွံပဲ ကျန်တော့တယ်လေ.၊ ဒီတော့ အနောက်နဲ့ပေါင်း
ကြည့်တာ ကောင်းပါတယ်၊ နိုင်ငံကြီးကဆိုတော့ လူမျိုးကြီးဂုဏ်
ကိုတော့ထိမ်းတယ်ဆိုတာ လူတိုင်းသိပါတယ်၊ တရုတ်လို မြေကြီး
ဖားပြုတ်၊တီကောင်ကအစ ယူမှာတော့ မဟုတ်ဘူးလေ၊နိုင်ငံကြီး
တွေနဲ့ပေါင်းတာ ကောင်းပါတယ်၊ မှီချင်းမှီအနောက်ကိုမှီတာသင့်
တော်တယ်၊ မြန်မာနိုင်ငံရဲ့သွားမဲ့လမ်းကြောင်းက ကွန်မြူနစ်နဲ့
ပေါင်းရင်ကွန်မြူနစ်ပေါ့၊ ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံကြီးတွေနဲ့
ပေါင်းရင် တော့ ဒီမိုကရေစီနိုင်ငံပေါ့လေ၊ ကျေနပ်ပါတယ်။
that is so delightful and great. As Myanmar is trying to become a democracy country, connecting with like this country which gets full democracy can get a lot of good results.I also wish Myanmar can also become a real democracy nation one day.
PS: Personally , I also admire Mrs. Hillary Rodham Clinton.
Post a Comment