![]() |
လူထုခေါင်းဆောင် နှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ |
တွေ့ဆုံဆွေးနွေးမှုသည် အချိန်(၂)နာရီကျော်မျှကြာမြင့်ခဲ့ပြီး မည်သည့်အကြောင်းများကို ဆွေးနွေးတိုင်ပင်ခဲ့သည်ကို ထုတ်ဖော်ပြောဆို၍မရနိုင်သေးကြောင်း ကြော်ငြာချက်ထုတ်ပြန်ပြီးမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
`ဘာမှထွေထွေထူးထူးပြောစရာမရှိပါဘူး။ ဆွေးနွေးတာတွေကတော့ အများကြီးပေါ့။ ထုတ်ပြောစရာတော့ မရှိသေးဘူး။ သူတို့ဘက်ကလည်းကြော်ငြာချက်ထုတ်မှာပါ။ အဲဒီ့ကြရင်တော့ သိရမှာပေါ့ ´ဟု ဒေါ်အောင်ဆန်းစုကြည်က ထိုဆွေးနွေးပဲအပြီးတွင်ပြောခဲ့သည်။
ယခုတွေ့ဆုံဆွေးနွေးမှုအပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ကျေနပ်မှုရှိကြောင်း အကျမ်းဖျင်းအားဖြင့် မြန်မာနိုင်ငံတိုးတက်ရေး၊ ဒီမိုကရေစီတိုးတက်ရေးနှင့် ပတ်သတ်သည့်အကြောင်းအရာများကိုသာတွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
`တွေ့ဆုံဆွေးနွေးမှုအပေါ်မှာကျေနပ်မှုရှိပါတယ်။ အမြဲပဲတွေ့ကြတဲ့အခါ ပြေပြေလည်လည်နဲ့ ဆွေးနွေးစရာရှိတာ ဆွေးနွေးပါတယ်။ ဒီမိုကရေစီနဲ့ပတ်သတ်လို့တစ်ချို့တိုးတက်မှုတွေလဲရှိသလို လိုအပ်နေသလောက်လဲမရှိသေးဘူးဆိုတာ ဒါကိုလဲအမြဲပြောနေကြပဲ´ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီမှတ်ပုံတင်ရေးနှင့်ပတ်သတ်ပြီးမေးမြန်းရာတွင် အဖွဲ့ချုပ်အတွင်းရှိ CEC အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီးမှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဖြေဆိုခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာအမေရိကန်အထူးကိုယ်စားလှယ်ဒဲရက်မစ်ချဲလ်သည် မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၁ခုနှစ် စက်တင်ဘာလတွင် (၁)ကြိမ်၊ အောက်တိုဘာလ(၂၅)ရက်နေ့တွင် (၁)ကြိမ်နှင့် ယခုနိုဝင်ဘာလ (၄)ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း(၃)ကြိမ်လာရောက်ခဲ့ကြောင်းသိရပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရအဖွဲ့ဝင်များကို တွေ့ဆုံ၍ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုကြောင်းအရာများနှင့် ပတ်သတ်၍ ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်းသိသည်။
သတင်း---မြစ်မခ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကိုယ်စားအဖွဲ့ ကို နေအိမ်မှာလက်ခံတွေ့ဆုံ
Reviewed by သစ်ထူးလွင်
on
19:05
Rating:

No comments:
Post a Comment