ရုပ်ရှင် ဒါရိုက်တာ သတ်မှု အပြန်အလှန် အမှုဖွင့်

ရန်ကုန် မြို့လယ်၏ ဗိုလ်ချုပ် လမ်းမပေါ်၌ ရုပ်ရှင် ဒါရိုက်တာ ဦးသန့်ဇင်လတ် (ခ) ဦးဇင်မင်း အသတ်ခံရမှုကို အသတ်ခံ ရသူ၏ မိသားစုများက ပန်းဘဲတန်း ရဲတပ်ဖွဲ့ စခန်းနှင့် ပုဇွန်တောင် ရဲတပ်ဖွဲ့ စခန်းတို့တွင် အမှုဖွင့်ခဲ့ ကြသကဲ့သို့ တရားခံဟု ယူဆရသူများ ဘက်ကလည်း ပန်းဘဲတန်း ရဲတပ်ဖွဲ့ စခန်း၌ ပြန်လည် အမှုဖွင့် ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်း စခန်းမှူးနှင့် တရားခံဟု ယူဆရသူ ဘက်မှ ဆွေမျိုး တော်စပ်သူ အသက် ၄၀ အရွယ်ခန့်ရှိ လုပ်ငန်းရှင် အမျိုးသမီး တစ်ဦးတို့က ပြောကြား သည်။" ကိုမင်းဦးတို့ နှစ်ယောက်ကို လူ ၁၈ ယောက် လောက်က ဝိုင်းရိုက်လို့ ကျွန်မတို့ ဘက်က ပန်းဘဲတန်း ရဲစခန်းမှာ နိုဝင်ဘာ လ ၃ ရက်နေ့မှာ အမှုဖွင့် ထားတယ်'' ဟု အဆိုပါ လုပ်ငန်းရှင် အမျိုးသမီးက The Voice Weekly သို့ ယခုလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် တွေ့ဆုံ ပြောကြားသည်။နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ် အချိန်က 0x158င်း၏ ဆွေမျိုး တော်စပ်သူ နှစ်ဦး '369' စားသောက်ဆိုင်သို့ ရောက်ခဲ့ ကြောင်း၊ ရောက်ရှိပြီးနောက် လက်ရှိ ထွက်ပြေး တိမ်းရှောင်နေသူက ယင်းစားသောက်ဆိုင် ရေအိမ်သို့ သွားရာလမ်း၌ အမည်မသိ အမျိုးသား တစ်ဦးနှင့် ပခုံးချင်း တိုက်မိရာမှ ယင်း အမျိုးသားက ဆဲဆိုသဖြင့် စကားများ ခဲ့ကြောင်း၊ 0x158င်း ပြန်အထွက်တွင် စားပွဲဝိုင်း၌ ထိုင်ကျန်ရစ်သူ ကိုမင်းဦးကို လူ ၁၈ ဦးက ဝိုင်းရိုက်နေသည်ကို တွေ့ရသဖြင့် 0x158င်းက ဝင်ရောက်ဆွဲရာ 0x158င်းကိုယ်တိုင် ပုလင်းဖြင့် အရိုက်ခံရပြီး ခေါင်းကွဲခဲ့ ရကြောင်း၊ လူ ၁၈ ဦးနှင့် လူနှစ်ဦး မနိုင်သဖြင့် 0x158င်းတို့၏ Super Custom ယာဉ်ဖြင့် ထွက်ပြေးခဲ့စဉ် ၄၅ လမ်းထိပ် အရောက် ခေါင်းကွဲခဲ့သူ အမျိုးသားက အရိုက်ခံရ၍ မူးနောက် နေသဖြင့် လူချင်းလဲ မောင်းရန် လုပ်ဆောင်ချိန် သေဆုံးသူ ဒါရိုက်တာက ယာဉ်မောင်းဘက် အခြမ်းသို့ ရောက်ရှိကာ စတီယာတိုင်အား ကိုင်ထားစဉ် နောက်မှ ကပ်ပါလာသော အငှားယာဉ် လေးစီးလိုက်လာသည်ကို တွေ့ရပြီး ကြောက်လန့်ကာ မောင်းထွက်စဉ် ဒါရိုက်တာ ဖြစ်သူ ပြုတ်ကျ ကျန်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းရှင် အမျိုးသမီးက ပုဇွန်တောင် ရဲစခန်းတွင် ပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီး စစ်ဆေး ခံနေရသူ ဦးမင်းဦး၏ ပြောဆိုချက်ကို ကိုးကားကာ ပြန်လည် ဖြေရှင်း ပြောကြားသည်။" ကျွန်တော်တို့ အနေနဲ့ လူသတ်မှု၊ လူသေမှု ဆိုတာ ပြောလို့ မရဘူး။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ပါ " ဟု ပုဇွန်တောင် မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူးက ယခုလ ၁၅ ရက်နေ့ ညနေ ၄ နာရီတွင် The Voice Weekly ၏ မေးမြန်းမှုကို ပြန်လည် ဖြေရှင်း သည်။ပုဇွန်တောင် မြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးခြင်း ခံထားရသူ ဦးမင်းဦးက ရွှေတိဂုံ ဘုရားလမ်းရှိ ဆိုင်တွင် အမည်မသိ အမျိုးသား နှစ်ဦးနှင့် စကားများ ရန်ဖြစ်ပြီး ဝါးရင်းတုတ်ဖြင့် အရိုက်ခံရ သဖြင့် 0x158င်းနှင့်အတူ ပါလာသူမှာ ဒဏ်ရာ ရရှိကာ ကျပ်တစ်သိန်းကျော် ပျောက်ဆုံး၍ 0x158င်းတို့၏ Super Custom ယာဉ်မှာလည်း ရှေ့မှန် ကွဲသွားကြောင်း၊ အဆိုပါ ဖြစ်ရပ်ကို အရေးယူ ပေးရန် ပန်းဘဲတန်း မြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် (ပ) ၃၅၂/ ၂၀၁၁၊ ပုဒ်မ ၂၉၄/ ၃၂၃/ ၄၂၇/ ၄၀၃ ဖြင့် နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းက အမှုဖွင့် ထားကြောင်း ပန်းဘဲတန်း မြို့နယ် ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်း သိရှိ ရသည်။ပန်းဘဲတန်း မြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင်ပင် ရွှေတိဂုံ ဘုရားလမ်းပေါ် ရိုက်နှက်မှုနှင့် ပတ်သက်၍ ဦးဇင်မင်း နှင့်အတူ ပါလာသူ ဦးသိန်းထိုက်ဦးက ဦးမင်းဦးနှင့် လက်ရှိ ထွက်ပြေးတိမ်း ရှောင်နေသူတို့ကို နိုဝင်ဘာလ ၂ ရက် နေ့က (ပ) ၃၅၁/ ၂၀၁၁၊ ပုဒ်မ ၂၉၄/ ၃၂၅ ဖြင့် အမှုဖွင့် ထားကြောင်း ယင်း ရဲတပ်ဖွဲ့ စခန်းထံမှပင် သိရသည်။" အပြန်အလှန် အမှုဖွင့်ထား ကြပါတယ်။ Super Custom ရဲ့ ရှေ့မှန်ကတော့ မကွဲပါဘူး " ဟု ပန်းဘဲတန်း မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပြသည်။ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်တွင် ရုပ်ရှင် ဒါရိုက်တာ ဦးဇင်မင်း Super Custom ယာဉ်ဖြင့် တရွတ်တိုက် ပါသွားပြီး သေဆုံးမှုနှင့် ပတ်သက်၍ ပုဇွန်တောင် မြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် (ပ) ၂၃၃/၂၀၁၁၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ယင်းရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။" တရားခံ ပေါ်ပေါက်ရေး အတွက် လုပ်ဆောင်နေ ပါတယ်။ ရဲလုပ်ငန်း မပြတ်သေးလို့ အခုချိန်မှာ အသေးစိတ်တော့ မပြောနိုင် သေးပါဘူး " ဟု ပုဇွန်တောင် မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူးက လက်ရှိအမှု အနေအထားနှင့် တရားခံ ဖော်ထုတ်မှု အခြေအနေ အပေါ် The Voice Weekly ၏မေးမြန်းမှုကို ယင်းသို့ ရှင်းပြသည်။နိုဝင်ဘာလ ၂ ရက်နေ့ည ဒါရိုက်တာ ဦးဇင်မင်း သေဆုံးခဲ့ပုံကို မျက်မြင် တွေ့ရှိခဲ့သူ ဦးနိုင်မိုးက " သူတို့ဘက်က ဒါကို လူသတ်မှု လို့ မယူဆဘူး ဆိုရင်၊ ယုံကြည်ချက် ရှိတယ် ဆိုရင် ထွက်ပြေး မနေဘဲ တရားဥပဒေ ရှေ့မှောက်မှာ လာဖြေရှင်းပေါ့ " ဟု နှစ်ဦးအနက် တစ်ဦး ရှောင်တိမ်း နေခြင်းနှင့် ဆက်စပ်၍ တရားခံဟု ယူဆရသူနှင့် ဆွေမျိုး တော်စပ်သူ အမျိုးသမီး၏ ပြောဆိုချက် အပေါ် နိုဝင်ဘာလ ၁၆ ရက်နေ့က တုံ့ပြန် ပြောဆိုသည်။" သူတို့ဘက်က ငွေအား၊ လူအားနဲ့ လာမယ်လို့ သိရတယ်။ နောက် လူစားထိုးမယ် လို့လည်း ကြားတယ်။ ကျွန်တော်တို့ အနေနဲ့ တကယ့် တရားခံကို တရားဥပဒေအရ အရေးယူ စေချင်တယ် " ဟု တေးသံရှင် လင်းလင်းကလည်း ပြောဆိုခဲ့ ဖူးသည်။
Myanmar News Now
ရုပ်ရှင် ဒါရိုက်တာ သတ်မှု အပြန်အလှန် အမှုဖွင့် ရုပ်ရှင် ဒါရိုက်တာ သတ်မှု အပြန်အလှန် အမှုဖွင့် Reviewed by သစ်ထူးလွင် on 05:15 Rating: 5

No comments:

Powered by Blogger.