ဝန်ကြီးဌာနအချို့တွင် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိ

သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဦးကျော်ဆန်း
ဝန်ကြီးဌာနအချို့တွင် ပြောရေးဆိုခွင့်ရှိသည့် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့စည်း တာဝန် ပေးအပ်ထားရှိပြီဖြစ်ကြောင်း သိရသည်။ ၎င်းဝန်ကြီးဌာနများမှာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့စည်းရခြင်းမှာ ပြည်သူများအကျိုးအတွက် မှန်ကန်ထိရောက် သည့် သတင်းများကို ပြည်သူများသို့ အသိပေးနိုင်ရန်၊ ပြင်ပပုဂ္ဂလိက စာနယ်ဇင်းများမှ သိရှိလိုသော သတင်းများ၊ အကြောင်းအရာများ၊ မေးမြန်းလိုသည့်အချက်များကို ဖြေရှင်းဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန် ရှိစေရန် ရည်ရွယ်ဖွဲ့ စည်းထားကြောင်း သိရသည်။ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့များ ထားရှိသည့်အတွက် သိရှိလိုသောသတင်းများကို မေးမြန်းရမည့် ပုဂ္ဂိုလ်၊ အဖွဲ့တို့ထံ တိတိ ကျကျ မေးမြန်းနိုင်မည်ဖြစ်ပြီး၊မှန်ကန်သည့်၊ တိကျသည့်သတင်းများကို ရရှိနိုင်မည်ဖြစ်သည်။ ယခင်က သတင်းများသိရှိလိုလျှင် မည်သူ့ထံ မေးမြန်းရ မည်ကို မသိရှိဘဲ တစ်ဦးအပေါ်တစ်ဦး ပုံချမှုများနှင့် ကြုံတွေ့နေရကြောင်း သတင်းထောက်တစ်ဦးကပြောကြားခဲ့သည်။

Ref : နေပြည်တော်တိုင်းမ်
ဝန်ကြီးဌာနအချို့တွင် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိ ဝန်ကြီးဌာနအချို့တွင် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိ Reviewed by သစ်ထူးလွင် on 08:32 Rating: 5

No comments:

Powered by Blogger.