ရန်ကုန်တိုင်းမ် အယ်ဒီတာ ဦးဇော်ကိုသက် |
နေပြည်တော် စက်မှု ၂ ဝန်ကြီးဌာနတွင် ယနေ့ မွန်းလွဲပိုင်း၌ ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲ စတင်ရန် မိနစ်ပိုင်းအလိုတွင် ဦးဇော်ကိုသက်မှာ ရုတ်တရက် ခေါင်းမူးလာသဖြင့် ဆရာဝန်နှင့် ပြသရန် ထွက်ခွာသွားခဲ့ရာမှ ဆေးရုံသို့ ရောက်ရှိသွားခဲ့ပြီး ဆေးရုံ၌ပင် ဆုံးပါးသွားခဲ့ခြင်း ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က ပြောကြားသည်။
ဦးဇော်ကိုသက် ဆုံးပါးသွားသည့် သတင်းကို သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်နေသည့် သတင်းထောက်များသည် အခမ်းအနား ပြီးဆုံးချိန်တွင် ကနောင်ဂျာနယ်မှ ဦးတင်အောင်ရွှေ၏ အသိပေးမှုကြောင့် သိရှိခဲ့ရသည်။
ဦးဇော်ကိုသက်၏ ရုပ်အလောင်းကို ရန်ကုန် မြို့တော်သို. ပြန်လည် သယ်ယူမည် ဖြစ်ပြီး စက်မှုဝန်ကြီးဌာနနှင့် စီးပွားကူးသန်း ဝန်ကြီးဌာန တို့မှလည်း ငွေကျပ် ၁၀သိန်းစီ ကူငွေ ပေးအပ်ကြောင်း The Voice Weekly သတင်းထောက်က ပြောကြားသည်။
အထူးဝမ်းနည်းကြေကွဲခြင်း
စက်မှု၂၀န်ကြီးဌာနတွင် ယနေ့မွန်းလွဲပိုင်း၌ ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲ တက်ရောက်ရန် ရောက်ရှိနေစဉ် ရုတ်တရက် မူးလဲသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်စဉ် ကွယ်လွန်သွားခဲ့သည်။
ဦးဇော်ကိုသက်၏ ရုပ်အလောင်းကို ရန်ကုန်မြို့သို့ ပြန်လည်သယ်ဆောင်မည်ဖြစ်သည်။ သတင်းတာဝန်များထမ်းဆောင်ရင်း ကွယ်လွန်သွားခဲ့သည့် အကြီးတန်းအယ်ဒီတာ ဦးဇော်ကိုသက်အတွက် ရန်ကုန်မီဒီယာဂရု(ပ်)လီမိတက်မိသားစုမှ အထူးပင်ဝမ်းနည်းကြေကွဲရပါသည်။
Myanmar News Now
ရန်ကုန်တိုင်းမ် အယ်ဒီတာ ဦးဇော်ကိုသက် ကွယ်လွန်
Reviewed by သစ်ထူးလွင်
on
08:28
Rating:
No comments:
Post a Comment