အမေ့အိမ်အခမဲ့ညာဒါနကျောင်း ကို ဗြိတိသျှသံရုံး အရာရှိသွားရောက်လေ့လာ

ရန်ကုန်မြို့ ဗြိတိလျှသံရုံးအရာရှိ မစ္စတာ ပေါလ် ၀ှစ်တင်ဂန်ဟာ ဒီကနေ့မနက် ၈ နာရီက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာရှိတဲ့ အမေ့အိမ်အခမဲ့ညာဒါနကျောင်း ကိုသွားရောက်လေ့လာခဲ့ပါတယ်။
မစ္စတာ ပေါ ၀ှစ်တင်ဂန်အနေနဲ့ လှိုင်သာယာအမေ့အိမ်ပညာဒါနကျောင်ရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုတွေကို အကူအညီပေးဖို့အတွက် အခုလိုလာရောက်လေ့လာခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင်သူဟာ ကျောင်သားမိဘတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒီအမေ့အိမ်ပညာဒါနကျောင်းနဲ့ပက်သက်လို့ မစ္စတာ ပေါလ် ၀ှစ်တင်ဂန်ရဲ့ မေးမြးန်းချက်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးနိုင်းနိုင်း ၊ ဒေါက်တာမျိုးအောင်အပါအ၀င် ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဌဟောင်း ကိုဖြိုးမင်းသိန်းတို့က လိုက်လံရှင်းပြပေးခဲ့ကြပါတယ်။
လှိုင်သာယာအမေ့အိမ်ပညာဒါကျောင်းဟာ ကျောင်းးမနေနိုင်ကြတဲ့ မရှိဆင်းရဲသာခလေးတွေ အတွက် အဓိကရည်ရွယ်ပြီးဖွင့်လှစ်ထားတာဖြစ်ပါတယ်။
လှိုင်သာယာအမေ့အိမ်ပညာဒါနကျောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
 
သတင်း--- Burma VJ Media Network
အမေ့အိမ်အခမဲ့ညာဒါနကျောင်း ကို ဗြိတိသျှသံရုံး အရာရှိသွားရောက်လေ့လာ အမေ့အိမ်အခမဲ့ညာဒါနကျောင်း ကို ဗြိတိသျှသံရုံး အရာရှိသွားရောက်လေ့လာ Reviewed by သစ်ထူးလွင် on 08:10 Rating: 5

No comments:

Powered by Blogger.