မင်္ဂလာပါဒါယကာ
မေတ္တာရှင်ဆရာတော်ကို တရားပွဲပိတ်တယ်ဆိုတာမဟုတ်ပါဘူး။ ဆရာတော်အဲဒီနေ့က ရန်ကုန်ကအခမ်းအနားတစ်ခုကပင့်ထား တဲ့အတွက်
ညပွဲမဟောဖြစ်ပဲ နေ့ပွဲဟောပေးခဲ့ပြီး ရန်ကုန်ကိုကြွသွားခဲ့တာဖြစ်ခဲ့ပါတယ်။ အခုလည်းတရားပွဲတွေဆက်လက်ဟောကြား ပေး
နေပါတယ်။ သတင်းလေးကိုပြန်လည်ပြုပြင်ပေးေ စချင်ပါတယ်။ အဓိက ကတော့ နိုင်ငံရေး ကိစ္စဟောခဲ့လို့ပိတ် တယ်ဆိုတာ
လုံးဝမဟုတ်ကြောင်း ဒါယကာဆီကို အသိပေး ခြင်းဖြစ်ပါ တယ်။
မေတ္တာရှင်ဆရာတော်ကို တရားပွဲပိတ်တယ်ဆိုတာမဟုတ်ပါဘူး။ ဆရာတော်အဲဒီနေ့က ရန်ကုန်ကအခမ်းအနားတစ်ခုကပင့်ထား
ကျန်းမာစွာဖြင့် သတင်းမှန်များကိုတင်ပေးနိုင်ပါေ
U kovida . kovida@mettashinfoundation.com
မေတ္တာရှင်ဖောင်ဒေးရှင်းမှ ဆရာတော်ဦးကောဝိဒ မှ အဆိုပါ စာကို ပေးပို့ လာတာဖြစ်ပါတယ်။
အမှားပြင်ဆင်နိုင်အောင် အသိပေးအကြောင်းကြားလာတဲ့ ဆရာတော်ဦးကောဝိဒ အား Myanmar News Now မှ ကျေးဇူးတင်ရှိပါသည်။
Network Media Group မှ အောက်ပါသတင်းအား အောက်နှုတ်ဖေါ်ပြမိတဲ့ အတွက်လည်း Myanmar News Now မှ ၀န်ချတောင်းပန်ပါကြောင်း ရိုသေစွာလျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
ရွှေပြည်သာ ဆရာတော် တရားဟောခွင့် ပိတ်ပင်ခံရ
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဦးဇ၀နအား ရှမ်းပြည်နယ် ပြည်နယ် သာသနာရေး ဦးစီးဌာန တာဝန်ရှိသူများက တရားဟောခွင့် တနှစ် ပိတ်ပင်လိုက်သည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် “အမျိုးဘာသာ သာသနာ ကိုယ်သာ စောင့်ရှောက်ရာ” အမည်ဖြင့် နိုဝင်ဘာလ (၂၀) ရက်နေ့မှ ဒီဇင်ဘာလ (၁) ရက်နေ့အထိ တရားပွဲ ကျင်းပနေပြီး နိုဝင်ဘာလ (၂၂) ရက် နေ့ညတွင် ဆရာတော် ဦးဇ၀န ဟောကြားရန်အလှည့် ဖြစ်သော်လည်း ဟောခွင့် မပေးခဲ့ဟု တာချီလိတ်မြို့ခံ တဦးက ပြောသည်။
“တရား မဟောရဘူး။ တနှစ်တိတိ ပိတ်တယ်လို့ ပြောတယ်။ ဆရာတော်ကတော့ ပြောသွား ပါတယ်။ ဒီနှစ်မဟောရလည်း နောက်နှစ်ပေါ့တဲ့။ အဲဒါနဲ့ နေ့လည် နှစ်နာရီ လောက်မှာ ရန်ကုန်ကို လေယာဉ်နဲ့ ပြန်တက် သွားတယ်။”
ဆရာတော် ဦးဇ၀န ကျန်းမာရေး မကောင်းသည့်အတွက် တရားမဟောနိုင်ကြောင်း အာဏာပိုင် များက ပြောဆိုခဲ့သည်။ သို့သော် ဆရာတော်မှာ ကျန်းမာရေး ကောင်းမွန်ပြီး နေ့လည် (၁) နာရီ အချိန်ခန့်တွင် တာချီလိတ်မြို့ ဗယ်လင်တိုင်း လက်ဖက်ရည်ဆိုင်၌ လာရောက် ဖူးမျော်သည့် ပရိတ်သတ် (၂၀၀) ကျော်အား တရားတိုလေး ဟောကြားပေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
တာချီလိတ်မြို့သို့ မလာမီ နိုဝင်ဘာလ(၂၀)နှင့် (၂၁) ရက်နေ့များက ကျိုင်းတုံမြို့တွင် တရား ဟောခဲ့ရာ နိုင်ငံရေးနှင့် ညှိစွန်းသည့် အကြောင်းအရာ တခုခုကို ထည့်သွင်းဟောမိသဖြင့် ယခုကဲ့သို့ ပိတ်ပင် ခံရခြင်း ဖြစ်နိုင်သည်ဟု တာချီလိတ် မြို့ခံများက ထင်ကြေးပေး ပြောဆိုနေ ကြသော်လည်း ဆရာတော် ဦးဇ၀န က တစုံတရာ မိန့်ကြားခဲ့ခြင်း မရှိပါ။
ယင်းကိစ္စနှင့် ပတ်သက်၍ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များအဖွဲ့ မဲဆောက်ရုံးတာဝန်ခံ ဆရာတော် ဦးဇ၀နက အစိုးရသစ် အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် လွတ်လပ်ခွင့်များ ပေးနေပြီဟု ဆိုသော်လည်း လက်တွေ့မှာ လွတ်လပ်မှု မရှိသေးကြောင်း ပြသခြင်းဖြစ်သည်ဟု မိန့်ကြားသည်။
“မေတ္တာရှင် ဦးဇ၀နတို့ ဒယ်အိုးဆရာတော်တို့ဆိုရင် တကယ့် ပရဟိတလုပ်ငန်းတွေ၊ အကျိုးပြု လုပ်ငန်းတွေကို လုပ်နေတာ။ ဒီလို ဆရာတော်တွေကို အားပေး အားမြောက် ပြုရမယ့် ကိစ္စကို အားပေး အားမြောက် မပြုတဲ့အပြင် လိုက်ပြီးတော့ ကာဆီးကာဆီး လုပ်နေတဲ့အခါကျတော့ ကိုယ့်တိုင်းပြည်အပေါ် စေတနာ ထားပြီး တကယ် ကိုယ်ကျိုးစွန့်လုပ်နေတဲ့ ဘုန်းကြီးတွေကို အနှောင့်အယှက်ပေးတယ်ဆိုတာ တိုင်းပြည်ကို မချစ်ရာရောက်တာပဲ။”
ထို့အပြင် မြန်မာနိုင်ငံသည် ဗုဓ္ဒဘာသာနိုင်ငံဟု ဆိုသော်လည်း သံဃာတော်များအား တရားဟောခွင့် ပိတ်ပင်သည့် ကိစ္စကိုမူ မြို့နယ်အဆင့်ထိ လုပ်ပိုင်ခွင့် ပေးထားသည့်အတွက် နိုင်ငံရေး လုပ်သူများထက် ပိုမို ဆိုးရွားသည့် အနေအထား ဖြစ်သည်ဟုလည်း ဆိုသည်။
တရားဟောခွင့် ပိတ်ပင်ခံရသည့် ဆရာတော် ဦးဇ၀နသည် နာမည်ကြီး ဆရာတော် တပါး ဖြစ်သည့်အပြင် ဒကာ ဒကာမများ လှူဒါန်းသည့် ငွေများဖြင့် မိဘမဲ့ကလေး စာသင်ကျောင်းများ၊ မျက်မမြင်ဆေးရုံများ၊ လူမှုရေး လုပ်ငန်းများနှင့် တရားစခန်းများတွင် အသုံးပြုခဲ့သည်။
တရားပွဲ ပိတ်ခံရသည့်အပေါ် “ဒီဆရာတော်က ဘာသာရေးတရားဘဲ ဟောတာကိုး။ နိုင်ငံရေးတရားဟောတာမှ မဟုတ်ဘဲ။ ဒီတရားကို ပိတ်ပင်တယ်ဆိုတာ ဒကာ၊ ဒကာမ တွေရဲ့ အသိတရားကို ပိတ်ပင်တာနဲ့ အတူတူ ပဲလေ။ အဲဒါ အခု ဒကာ၊ ဒကာမတွေက မကျေနပ်ကြဘူး။” ဟု တာချီလိတ်မြို့ခံက ပြောသည်။
တာချီလိတ်မြို့တွင် နှစ်စဉ် တရားပွဲများ ကျင်းပလေ့ရှိပြီး ယခုနှစ်သည်(၁၄) ကြိမ်မြောက် ဖြစ်ပြီး ဆရာတော် ဦးဇ၀န သည် တတိယအကြိမ်မြောက် လာရောက်ဟောကြားခြင်း ဖြစ်သည်။
နိုဝင်ဘာလ (၁၅) ရက်နေ့က မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီးဝင်း မဟာဗုဓ္ဒ၀င် ဗိမ္မာန်တော်ကြီးတွင် သံဃာ ငါးပါးဦးဆောင်၍ ဆန္ဒပြခဲ့ရာ တောင်းဆိုချက်(၃) ချက်အနက် လွတ်လပ်စွာ ပြောဆို ရေးသား ထုတ်ဝေခွင့် ရရှိရေးလည်း ပါဝင်သည်။
မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဦးဇ၀န တရားပွဲများဆက်လက်ဟောကြားနေ
Reviewed by သစ်ထူးလွင်
on
02:54
Rating:

2 comments:
ဒီသတင်းနဲ့ပတ်သက်လို့ ဆရာတော် ဦးကောဝိဒမှ Myanmar News Now ကို အသိပေး အကြောင်းကြားလာတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်ဘုရား။ ဒီသတင်းမှာလည်း နိုင်ငံရေးအကြောင်း ဟောလို့ ပိတ်တယ်ဆိုတာကို ဆရာတော် ဦးဇ၀နက ကိုယ်တိုင်က မပြောခဲ့ကြောင်းနဲ့ တာချီလိတ်မြို့ခံတွေက ထင်ကြေးပေး ပြောဆိုကြတာ ဖြစ်တဲ့အကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။ ဆရာတော် ဦးဇ၀န အခုလို တရားဆက်ဟောခွင့်ရတယ်လို့ သိရတဲ့ အတွက်လည်း တပည့်တော်တို့အနေနဲ့ ၀မ်းသာမိပါတယ်ဘုရာ့။ အမှန်ကို ပြောပြပေးတဲ့ ဆရာတော် ဦးကောဝိဒကိုလည်း ကျေးဇူး အထူး တင်ရှိသလို ဆရာတော်များကို လက်ဆယ်ဖျာ ဦးထိပ်ထားပြီး အဝေးကနေ ၀န်ချတောင်းပန် ကန်တော့အပ်ပါတယ်ဘုရား။
ကျနော့်သတင်းကို ဖော်ပြပေးတဲ့ Myanmar News Now မှ တဆင့် ဆရာတော် ဦးကောဝိဒနဲ့ ဆရာတော် ဦးဇ၀နတို့နဲ့ ဆက်သွယ်လို့ရနိုင်မယ့် ဖုန်းနံပါတ် (သို့မဟုတ်) အီးမေးလ် လိပ်စာလေးများ ရရင်လည်း ဆက်သွယ်ပေးစေချင်ပါတယ်ခင်ဗျာ။ ကျနော့ အီးမေးလိပ်စာက saiaike08@gmail.com ဖြစ်ပါတယ်။ ဒီသတင်းကို ကျနော်ရေးတာပါ။ လေးစားစွာဖြင့် (ဇော်ကြီး။ သတင်းနှင့်မီဒီယာ ကွန်ယက်)
ဘုရားတပည့်တော်တို့သည်လည်း တရားပွဲဆိုလျှင် ၀မ်းသာအားရစွာနဲ့နာမြဲပါ.
ဆရာတော်အရှင်ဇ၀နဟောကြားမည့်ညမှဘဲ မဟောသဖြင့်ဆရာတော်၏အနီး
ကပ်ဒကာများမှတဆင့် တရားပွဲပိတ်ပင်ခြင်းခံရသည်ဟု ပြောဆိုခဲ့သဖြင့်ပိတ်ပင်
သူအားဒေါသထွက်ပြီး အမှန်တရားကိုပေါ်ပေါက်စေရန်ရည်ရွယ်ပြီး သတင်းပေး
ခဲ့ခြင်းဖြစ်ပါသည်အရှင်ဘုရား..၊ဆရာတော့်အားအကျိုးယုတ်စေရန်မဟုတ်ဘဲ
တပည့်တော်တို့သည် တရားစစ်တရားမှန်များကိုမနားကြားရသည့်အတွက်
နှမြှောတသသဖြစ်သောစိတ်ဖြင့်သာ သတင်းရယူခြင်းဖြစ်ပါသည်...ဆရာတော်
အမှန်တကယ်တရားများကို ဟောကြားနေသည်ဟုကြားသိရသည့်အတွက်ဝမ်းမြောက်မိပါသည်..အရှင်ဘုရား
Post a Comment