ဗီဂျေးနမ်ဘီယာ ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် နိုဝင်ဘာလ ၄ရက်နေ့ညနေ သုံးနာရီလေးဆယ့်ငါးအချိန်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်ပသို့မထွက်ခွာမီ ဗီဂျေးနမ်ဘီယာ၏ မြန်မာနိုင်ငံအပေါ်သုံးသပ်ချက်များကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

သတင်းစာရှင်းလဲပွဲတွင်လည်း  မြန်မာနိုင်ငံဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် ကုလသမဂ္ဂမှ မြန်မာနိုင်ငံအပေါ်ဆောင်ရွက်ချက်များ၏ အမြင်များကိုလည်း ပြောကြားသွားခဲ့သည်။

`ပြောင်းလဲလာတဲ့အခြေအနေကိုတွ့ကို ကျေနပ်မိကြောင်း၊ မြန်မာပြည်ကို ဆက်လျက်ပြီး အကူအညီပေးသွားပါမယ်` ဟု ဗီဂျေးနမ်ဘီယာက ပြောသည်။

အဆိုပါ ဗီဂျေးနမ်ဘီယာသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် ပထမနေ့တွင် နေပြည်တော်သို့သွားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အခြားသော ၀န်ကြီးဌာနများမှ ၀န်ကြီးများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

ဗီဂျေးနမ်ဘီယာသည် ၂၀၁၀ပြည့်နှစ်တွင်မှ ကုလသမဂ္ဂအတွင်းရေးမှူး၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် စတင်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခုမြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် တတိယအကြိမ်မြောက်ဖြစ်သည်။
www.yangon.unic.org 
အောင်ကိုကိုလတ်(မြစ်မခ)
ဗီဂျေးနမ်ဘီယာ ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲ ဗီဂျေးနမ်ဘီယာ ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲ Reviewed by သစ်ထူးလွင် on 19:55 Rating: 5

1 comment:

Anonymous said...

အဖြူအမဲ မသဲကွဲသေးဘူး ..သူကလည်းစွတ်မြောက်ပြောပြန်ပြီ
ဟေ ... လောကမှာ လုပ်စားတွေကလည်းများမှများ ...နိုင်ငံရေး
လောက ..သံတမန်လောက ..လူမှုရေးလောက ..နိုင်ငံရေး
အကျဉ်းသားတွေ..မလွတ်မြောက်သေးဘူး..ရိုးသားတဲ့ပြည်တွင်း
စစ် ငြိမ်းချမ်းရေး အဆုံးမရောက်သေးဘူး ...စွတ်မြှောက်တော့
တာပဲဟေ ...

Powered by Blogger.