အမေရိကန်မှကြီးမှူးကျင်းပ သည့် နိုင်ငံတကာအဆောက်အအုံ ပြပွဲသို့ မြန်မာနိုင်ငံအား ပထမဆုံး အကြိမ် ဖိတ်ခေါ်ခြင်းမှာ ရှစ်နှစ်တာ စီးပွားရေး ပိတ်ဆို့ ထားမှုကာလ အတွင်း အပြုသဘောဆန်သည့် ဖြေလျော့ မှုတစ်ခုဖြစ်လာပြီဟု ယူဆကြောင်း ခရီးသွားဝန်ဆောင်မှုကုမ္ပဏီတစ်ခု ဖြစ်သည့်BOHS မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အမေရိကန်ပြည်ထောင်စု၏ ဆောက်လုပ်ရေးဆိုင်ရာ အကြီးဆုံး အဖွဲ့အစည်းဖြစ်သာNational Association of Home Builder (NAHB) အဖွဲ့မှ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၁ရက် နေ့အထိ ဖလော်ရီဒါပြည်နယ်၊ အော်လန်းဒိုမြို့၌ ကျင်းပမည့် နိုင်ငံ တကာ အဆောက်အအုံပြပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ လုပ် ငန်းရှင်များအား ပထမဆုံးအကြိမ် အဖြစ် ဖိတ်ခေါ်ထားကြောင်း ယင်းကုမ္ပဏီမှ သိရသည်။ အဆိုပါပြပွဲသည် ကမ္ဘာ့အကြီး ကျယ်ဆုံး ဆောက်လုပ်ရေးကုန် စည်ပြပွဲ ဖြစ်ပြီး နိုင်ငံပေါင်း ၁ဝဝ ကျော်မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ဆောက်လုပ်ရေး ပစ္စည်းရောင်းဝယ်နေသော လုပ်ငန်း ရှင်ပေါင်း ငါးသောင်းကျော်နှစ်စဉ် တက်ရောက်လေ့ရှိပြီး ပြပွဲကာလ ၄ ရက်တာအတွင်း နိုင်ငံတကာမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ဒီဇိုင်းနှင့် ဗိသုကာပညာရှင်များ၊ ကန် ထရိုက်တာများနှင့် တွေ့ဆုံ ဆွေးနွေး ခွင့်ရရှိမည့်အပြင် အမေရိကန်ကုန် သွယ်ရေးဌာနမှလည်း ထုတ်ကုန်/ သွင်းကုန်လုပ်ငန်းများအတွက် လာ ရောက်ဆွေးနွေးတိုင်ပင်ပေးသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။ ၄င်းအပြင် ပြပွဲသို့ တက်ရောက် သည့် လုပ်ငန်းရှင်များအနေဖြင့် ပြပွဲ ကာလအတွင်း ဝါရှင်တန်ဒီစီ၊ နယူး ယောက်၊ ဘဖယ်လ်လို၊ ဘော်စတွန်နှင့် လော့စ်အင်ဂျလိစ်မြို့များသို့ သွားရောက်လည်ပတ်နိုင်မည့် အစီ အစဉ်များလည်း ပါဝင်မည်ဖြစ်ပြီး ခရီးစရိတ်အဖြစ် အမေရိကန်နိုင်ငံခရီး စဉ် ၁၂ ရက်တာကာလ အတွက် လူတစ်ဦးလျှင် ကန်ဒေါ်လာ ၅၅၅ဝ ကုန်ကျမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်းဆိုသည်။
သတင်း---ပေါ်ပျူလာနယူး
သတင်း---ပေါ်ပျူလာနယူး
အမေရိကန် ရဲ့  စီးပွားရေးပိတ်ဆို့ ကာလအတွင်း အပြုသဘောဆောင်သည့် ဖြေလျော့မှု
Reviewed by သစ်ထူးလွင်
on
18:28
Rating:
No comments:
Post a Comment