ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကပြ ဖျော်ဖြေရန် သီးလေးသီး အငြိမ့် အဖွဲ့ sponsor ရှာဖွေ ရာတွင် ခက်ခဲ
မြန်မာပြည် သို့ပြန်လည်ရောက်ရှိ လာသည့် သီးလေးသီး အငြိမ့်အဖွဲ့၏ ပထမဆုံး ဖျော်ဖြေမှု အတွက် စပွန်ဆာရှာ ဖွေရာ တွင်ခက်ခဲ ကြောင်း ကိုဂေါ်ဇီလာ ကပြောသည်။
“တစ်ပတ်ကျော်လောက်ရှာလိုက်ရ တယ်။ ဘယ်သူကမှ မပေးချင်ကြဘူး။ နောက်ဆုံး မရရင် မိဘ အမွေခြံကိုပေါင် ပြီးလုပ်ဖို့ တောင် စဉ်းစား ထားတယ်။ အခု ကတော့ Ever Time  နို့မှုန့်က စပွန် ဆာ ပေးလို့ အဆင်ပြေ သွားပါတယ်”ဟု ကို ဂေါ်ဇီလာ က မြန်မာပို့(စ်)သတင်း ဂျာနယ်သို့ ပြောသည်။
အောက်တိုဘာ ၂၉ ရက်ညနေ  ၆ နာရီ အထိ အခမဲ့ဖျော်ဖြေမည့် မြပုဏ္ဏမာ ၏ ရင်သွေး သီးလေးသီး ဆေးရောင်စုံအဖွဲ့ ဟု အမည်ပေးထား သော အဆိုပါ ဖျော် ဖြေပွဲတွင် ဂေါ်ဇီလာ၊ ကင်းကောင်၊ ကျော်ထူး၊ စိန်သီး၊ ဇီးသီးတို့ ပါဝင်မည်ဖြစ်ပြီး ပြည်ပ တွင် ကျန်ရစ်ခဲ့ သည့် ပန်းသီးနှင့် ကြယ်သီး တို့မှာ ဖျော်ဖြေပွဲ မတိုင်မီ ရောက်ရှိလာပါက ထပ်မံ ပူးပေါင်း တင်ဆက် သွားမည်ဖြစ်ကြောင်းကို ဂေါ်ဇီလာ ကပြောသည်။
ယခုကဲ့သို့ အခမဲ့ဖျော်ဖြေပွဲ ကျင်းပရာ တွင် အနည်းဆုံး ကျပ်သိန်းငါးဆယ် ကုန်ကျပြီး ထပ်မံ၍ စပွန်ဆာများ ရရှိလာ ပါကလည်း ဖျော်ဖြေပွဲများ ကို ဆက်တိုက်ပြုလုပ်သွား မည်ဖြစ်ကြောင်း ကိုဂေါ်ဇီလာ ကပြော သည်။
အဆိုပါ ဖျော်ဖြေပွဲအတွက် ပြက်လုံး ဇာတ်ကွက် များကိုလည်း လေ့ကျင့်လျက် ရှိပြီး သက်ဆိုင်ရာမှ ဆင်ဆာခွင့်ပြုချက် အနည်းငယ် သာ ရရှိပါကစကား မပြောဘဲ အမူ အရာဖြင့် ပြသသည့် ပြက်လုံးများကို တင်ဆက် သွားမည်ဖြစ်ကြောင်း သီးလေး သီးအဖွဲ့ဝင်ကိုစိန်သီးက ပြောသည်။
“ပြက်လုံး တွေက ပြည်သူ့ အကျိုးပြု ပျက်လုံးတွေပဲ ရွေးချယ် ထားတယ်။ အဖြတ် အတောက်ခံရတာ များရင် တော့ ပါးစပ်ကို တိပ်နဲ့ကပ်ပြီး ဖျော်ဖြေမယ်” ဟု ၎င်းက ဆက်ပြောသည်။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ တွင် ကန်တော်ကြီး မျှော်စင်ကျွန်းတွင် နောက် ဆုံး ဖျော်ဖြေခဲ့သည့် သီးလေးသီး အဖွဲ့ အနေဖြင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ တွင် မြန်မာနိုင်ငံ သို့ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီး၊ မင်းသမီး ချောစုမျိုးတို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။
ဇော်မင်းနိုင်