မီးနှင့် ကစားဖို.ပြင်ဆင်နေသူများနှင့် Population Pressure on Myanmar


မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ဖို. အခုမှ ခြေလှမ်းစပြီး လှမ်းနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး အစိုးရနှင့် ဒေါ်စုကို ဖိအားပေး အကြပ်ကိုင်ကာ ဘေးကြပ်နှံကြပ်ဖြစ်အောင် လုပ်ဖို. ကြိုးစားနေကြပါပြီ။ အဲဒီအုပ်စုတွေထဲမှာ အနောက်နိုင်ငံက အစိုးရတွေ NGOs အဖွဲ.တွေ၊ လူ.အခွင့်အရေး အမည်ခံ နိုင်ငံရေးအင်အားစုတွေနှင့် အနောက်နိုင်ငံကနေ ငွေကြေးအကူအညီရရင်ပြီးရော Funding တခုပဲ ဦးစားပေးတဲ့ မြန်မာ့အတိုက်အခံ အင်အားစု တချို.လဲ ပါဝင်ပါသည်။ 

ရိုဟင်ဂျာလို. ဆိုတဲ့ ဘင်္ဂလားနယ်စပ်က  ဘင်္ဂလားနွယ်ဖွား မူဆင်လင် ဒုက္ခသည်တွေ၏ ကိစ္စဟာ မြန်မာနိုင်ငံရေးမှာ အင်မတန် အထိမခံနိုင်တဲ့ Sensitive အဖြစ်ဆုံး ကိစ္စ ဖြစ်ပါသည်။ အဲဒီကိစ္စကို ဖွပြီး မြန်မာပြည် အနာဂတ်ကို ဖိအားပေး အကြပ်ကိုင်ကာ နိုင်ငံရေး လုပ်ဖို. ကျိုးစားသူ မွှေလိုသူ ဖွလိုသူတွေကတော့ BBC ANNA JONES တို.လို အနောက်နိုင်ငံသားတွေ အပါအ၀င် မြန်မာ့အရေး လုပ်နေတဲ့ အနောက်နိုင်ငံက အဖွဲ.အစည်းတွေ၊ နောက် နယ်စပ်မှာ အခြေစိုက်ပြီး NGO Driving Project Oriented လုပ်နေတဲ့ မြန်မာအတိုက်အခံ အဖွဲ.အချို.လဲ ပါနေတာကို သတိထား မိပါသည်။

ရိုဟင်ဂျာပြသာနာကို လူ.အခွင့်အရေးပြသာနာ၊ လူအခွင့်အရေး ချိုးဖေါက်မှုတွေဆိုတဲ့ ပြောဆိုချက်တွေ အကြောင်းပြချက်တွေဖြင့် Human Rights Issue ကို မျက်နှာဖုံးစွပ်ပြီး လက်ရှိ အစိုးရကို နိုင်ငံရေးအရ တိုက်ကွက်တခုအဖြစ် သုံးခြင်ကျတာ ဖြစ်ပါသည်။ ဘာပဲ ဖြစ်ဖြစ် အစိုးရကို နိုင်ငံရေးအရ တိုက်ကွက်ဖြစ်ရင် တိုက်လို.ရရင် ကြပ်လို.ရရင် ပြီးတာပဲ ဆိုပြီးအမြင်သဘောနဲ. မီးတုတ်ကိုင် ရမ်းချင်တဲ့သူတွေ ဖြစ်ပါသည်။  ဒီလို လုပ်ချင်းအားဖြင့် လက်ရှိ အစိုးရကိုလဲ HR ကိစ္စနဲ. တိုက်လို.ရသလို တချိန်တည်းမှာလဲ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ ဒီကိစ္စထဲမှာ အတင်း စွဲထည့်ပြီး ရှုပ်ထွေးအောင် ဘေးကြပ် နံကြပ်ဖြစ်အောင် ခဲတစ်လုံးနဲ. ငှက် နှစ်ကောင် ပစ်ဖို.လုပ်တဲ့ ဥိးတည်ချက်လဲ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီ ရိုဟင်ဂျာမူဆလင် ကိစ္စထဲ ဆွဲထည့်လိုက်ခြင်းအားဖြင့် နိုင်ငံရေးအရဆိုရင် ဒေါ်စုအနေဖြင့် ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် လက်ခံဖို. လက်တွေ.မှာ မဖြစ်နိုင်ဘူး။ ဒါပေမယ့် လူ.အခွင့်အရေးအရ ဆိုရင်တော့ လူသားတွေအနေဖြင့် အာမခံချက် ပေးရမည် ဖြစ်နေပါသည်။ ဒီတော့ ရိုဟင်ဂျာကိစ္စကို ဒေါ်စုအနေဖြင့် လူသိထင်ရှား ရပ်တည်ပြောဆိုဖို. လောလောဆယ် အချိန်မှာ အခက်အခဲ ရှိနိုင်ပါသည်။ ဒီအခြေအနေကို သိတာကြောင့်လဲ ရိုဟင်ဂျာကိစ္စကို ရှေ.တမ်းတင်ပြီး မီးမွှေးလိုချင်တဲ့သူတွေက စနစ်တကျ စီမံချက် ရှိရှိဖြင့် နိုင်ငံရေး ကစားဖို. လုပ်နေခြင်း ဖြစ်ပါသည်။ ဒါပေမယ့် ဒီလို လုပ်ရပ်ဟာ မီးနဲ. ကစားတဲ့ ကလေးငယ်လို အင်မတန် အန္တရာယ်များပြီး မြန်မာပြည်အတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေ များစေနိုင်ပါသည်။ 

မြန်မာ့အတိုက်အခံ အဖွဲ.တွေထဲမှာလဲ တချို.က ဒေါ်အောင်ဆန်းစုကြည်ကို တကယ် ယုံကြည် ထောက်ခံတာ မဟုတ်ပဲ နိုင်ငံတကာနဲ. ပြည်တွင်း အခြေအနေတွေအရ မလွန်ဆန်နိုင်တဲ့အဆုံး ဒေါ်စုကို ဟန်ဆောင်ပြီး ထောက်ခံသူတွေလဲ အများအပြားပါ။ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ကောင်အဖြစ် တင်ပြီး အစိုးရကို နိုင်ငံရေးတိုက်ပွဲ ဖော်ကြချင်တဲ့ သဘောပါ။ ဒါပေမယ့် တကယ်လို. ဒေါ်အောင်ဆန်းစုကြည်နဲ. လက်ရှိ အစိုးရတို.ဟာ တိုင်းပြည်အကျိုးအတွက် လိုအပ်ချက်အရ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး နားလည်မှုတွေ ရှိသွားမှာကို အဲဒီ အုပ်စုတွေက မလိုလားပါ။ အဲဒီလို ဖြစ်နိုင်ခြေတွေ တဖြည်းဖြည်း မြင်လာတဲ့အခါ ဒီအုပ်စုတွေဟာ မင်းသားကြီး မလုပ်ရရင် ပတ်ပကြီးကို ထိုးဖေါက်ချင်တဲ့သူတွေ မစားရတဲ့အမဲ သဲနဲ. ပက်ချင်သူတွေဖြစ်တဲ့အတိုင်း Zero Game နိုင်ငံရေး ကစားကွက်ကို ကဖို. ပြင်ဆင်လာတာပါ။ ဒီတော့ ဒေါ်စုအနေဖြင့် အခုအချိန်မှာ( လောလောဆယ် အခြေအနေရ) ရိုဟင်ဂျာကိစ္စကို ပြတ်ပြတ်သားသား ထောက်ခံတယ်။ ကန်.ကွက်တယ်လို. ပြောဖို. ရပ်တည်ဖို. အခက်အခဲ ရှိနိုင်တဲ့ အချိန် အဲဒီ Zero-Game ကစားချင်တဲ့သူတွေက ဒေါ်စုကိုပါ ဆွဲချသလို လုပ်နေပါသည်။ မပါ ပါလာအောင် လက်ရှောင်လို. မရအောင် တွန်းအားပေးနေပါသည်။ 

အမျိုးသားရေးနှင့် တိုင်းပြည်အတွက် ရေရှည် မကြည့်ပဲ လောလောဆယ် နိုင်ငံရေးအမြတ်ရဖို.သာ ကြည့်ပြီး အန္တရာယ်ရှိတဲ့ တနိုင်ငံလုံးကိုပါ လောင်ကျွမ်းနိုင်တဲ့ မီးနဲ. ကစားနေခြင်းပါ။ ဖဆပလခေတ်တုံးကလဲ ဦးနှုတို. ရွေးကောက်ပွဲ အနိုင်ရရင် ပြီးရော အတိုက်အခံကို BEAT နိုင်ရင်ပြီးရောဆိုပြီး ဘင်္ဂလာနယ်စပ်က မူဆလင်မိသားစုတွေကို နိုင်ငံသား ယာယီလက်မှတ်တွေ ထုတ်ပေး မဲစာရင်းတွေထဲ ထည့်ပြီး နိုင်ငံသားအဖြစ် လက်ခံခဲ့တာ မဟုတ်ပါလား။ ဒါဟာ သမိုင်းအမှား တခုကို ကျူးလွန်ခဲ့တာ ဖြစ်သလို တိုင်းပြည်အတွက်လဲ ဖြေရှင်းဖို. ပိုပြီး ခက်ခဲအောင် ထပ်လုပ်လိုက်သလို ဖြစ်စေပါသည်။ ဒီ သမိုင်းအမှားကို သင်ခန်းစာ မယူပဲ ဆက်ပြီး မှားဖို. အကွက်ချ လုပ်နေသူတွေကို အနှစ် ရာစုနှစ် တ၀က်ကြာပြီး နောက်မှာ ပြန်ပြီး မြင်လာရတော့ အော် ဒီလူတွေဟာ ဖဆပလက နိုင်ငံရေးသမားအဟောင်းတွေထက်တောင် ပိုပြီး မက်မဲသူတွေပါလားလို. ပြောရမလိုပါ။ 

UNHCR က ဒုက္လသည်အဖြစ် အသိအမှတ်ပြုတာနဲ. မြန်မာနိုင်ငံသားဖြစ်တယ်ဆိုတာ အထောက်အထားပြလို.ရမည်လို. ထင်ထားသူတွေလဲ အများအပြားပါ။ ဒါကြောင့် ဘင်္ဂလားနယ်စပ်က မူဆလင်မိသားစုတွေဟာ ၁၉ ၉ ၅ ခုနှစ်လောက်က အိန္ဒိယနိုင်ငံ နယူးဒေးလီမြို.ကို အုပ်စုလိုက် နေ.ချင်း ညချင်း ချက်ခြင်းပဲ ဘင်္ဂလားနယ်စပ်ကနေ ရောက်ရှိလာပါသည်။ နယူးဒေလီကိုရောက်ရင် မြန်မာပြည်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအဖြစ် လျောက်မယ်။ ဒီလို လျောက်လိုက်ရင် ဒါဟာ မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုတာ ပြစရာ အထောက်အထားဖြစ်သွားမယ်။ ဘယ်သူမှ ငြင်းလို.မရဖူးဆိုတဲ့သဘောနဲ. ကျန်တဲ့ မြန်မာ ကျောင်းသား အုပ်စုတွေတောင် မျက်လုံးပြူးသွားအောင် ဘင်္ဂလားနယ်စပ်က မူဆလင် မိသားစုတွေ အစုလိုက်အပြုံလိုက် ရောက်ရှိခဲ့ဘူးပါသည်။ UN ရုံးရှေ.မှာ သိသိသာသာ များလာပါသည်။ ဒီလိုဖြစ်အောင် သူခိုး ဓားရိုးကမ်းသူတွေလဲ ရှိပါသည်။ အဲဒီလို လုပ်ပေးတဲ့အတွက် မူဆလင်အဖွဲ.အစည်းတွေကနေ မူဆလင် ဗလီကျောင်းတွေကနေ ငွေကြေး အကူအညီတွေ အများအပြား ရရှိခဲ့ပါသည်။ မြန်မာ့ရှေ.နေများ ကောင်းစီနဲ. မြန်မာအမျိုးသမီးရေးရာအဖွဲ.တွေမှာ ခေါင်းဆောင်လုပ်ခဲ့သူ အခု ကနေဒါ နိုင်ငံကိုရောက်ပြီး ဘီဘီစီတို. စတဲ့ ပြည်ပ သတင်းမီဒီယာတွေကနေ အာဘော်အာရင်းသံသံဖြင့် အစိုးရ ဆန်.ကျင်ရေးကို လေတိုက်ပွဲ လေနိုင်ရေးလုပ်တဲ့ မိသားစုဟာ ဘင်္ဂလားနယ်စပ်က မူဆလင်တွေ နယူးဒေလီလာပြီး မြန်မာနိုင်ငံသားအဖြစ် UNHCR မှာ ဒုက္ခသည်အဖြစ်လျောက်ထားရေးကို ကူညီပေးခဲ့လို. မျိုးမျိုးမြက်မြက် ငွေကြေး အကျိုးအမြတ်ရခဲ့ဘူးပါသည်။  ဒါအပြင် နယူးဒေလီမြို. ဆော်ဒီ သံရုံးကနေ တဆင့် ဖြန်.ချီတဲ့ အစ္စလမ် ကိုရမ် ကျမ်းစာအုပ်တွေ မြန်မာလို ဘာသာပြန်ထုတ်ဝေးထားတဲ့ ကျမ်းစာအုပ်တွေကိုလဲ မြန်မာပြည်မှာ ဘာသာရေး လွတ်လပ်ခွင့် မရှိဘူးဆိုတဲ့ အကြောင်းပြချက်ဖြင့် ဆော်ဒီ သံရုံးနဲ. မူဆလင် အသင်းအဖွဲ.တွေဆီက ငွေကြေး အကူအညီတွေ အထောက်အပံ့တွေ ယူပြီး မြန်မာပြည်ထဲ ခိုးသွင်းတာတွေလဲ လုပ်ခဲ့ပါသည်။ ဒါက အတွင်းစည်းက ပေါက်တဲ့အရာပါ။

နောက်တခုကတော့ ဘင်္ဂလားနယ်စပ်က မူဆလင် ဒုက္ခသည်ကိစ္စတွေကို ကုလသမဂ္ဂတို. နိုင်ငံတကာ ညီလာခံတွေ အစည်းအဝေးတွေကို တက်ပြီး ပြောဆိုတဲ့သူ တဦးလဲ ရှိပါသေးသည်း သူကတော့ ဘယ်လ်ဂျီယမ်သူ ခရစ္စတင်းဖြစ်ပြီး ABSDF ကျောင်းသားနဲ. ခဏ ညားတဲ့ အနောက်နိုင်ငံသူ တဦးပါ။ ရိုဟင်ဂျာ ကိစ္စကို ပါးစပ်က ရှေ.တန်းတင်ပြီး ပြောပေမယ့် လက်တွေ.မှာတော့ အဲဒီအတွက် ငွေရအောင် Proposal တင်ပြီး ကမ္ဘာပတ်ကာ Funding ရှာသူပါ။ ဥရောပ မြောက်အမေရိကနှင့် အာရှနှင့် အရှေ.အလယ်ပိုင်း မကျန် ရိုဟင်ဂျာအကြောင်း ပြောပြီး ငွေလှည့်တောင်းခဲ့သူ။ ရိုဟင်ဂျားအကြောင်းပြပြီး နိုင်ငံတကာက နိုင်ငံရေး စဉ်မြင့်တွေမှာ မြန်မာပြည်သားတွေတောင် မတက်နိုင်ပဲ ရိုဟင်ဂျာအရေး ကျွမ်းကျင်သူ ဂရုဏာရှင် လုပ်ခဲ့သူပါ။ တကယ်တမ်း ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နယ်စပ်က လူတွေကို အားပေး ထောက်ခံတာ မဟုတ်ပဲ Political Issue တခုအဖြစ်သာ ကိုင်ပြီး မြန်မာ့အရေးကို အကြောင်းပြကာ ကိုယ်ပိုင်လုပ်ငန်း လုပ်နေသူဆိုရင် ပိုပြီး မှန်ပါတယ်။ ဒီအကြောင်းပြောပြီး ငွေလဲ ရတယ်။ နိုင်ငံတကာ ညီလာခံတွေလဲ အမျိုးမျိုး တက်ရတယ်။

တဆက်တည်းမှာ ဟိုတလောက မြန်မာပြည်ကို အလည် ပြန်သွားတဲ့ လက်ရှိ DVB အသံလွင့်ဌာန၏ ဦးဆောင်ညွန်ကြားရေးမှူးဖြစ်တဲ့ ENC အဖွဲ.ဟာ အနောက်နိုင်ငံအစိုးရတွေအဖွဲ.အစည်းတွေကနေ ငွေကြေး အကူအညီတွေ ယူပြီး မြန်မာ့အရေး လုပ်နေတဲ့အဖွဲ.ပါ။ ဒီတော့ အနောက်နိုင်ငံအစိုးရတွေအဖွဲ.တွေ၏ ဖိအားပေး လွှမ်းမိုးမှုတွေကို မလွန်ဆံနိုင်တာတွေလဲ ရှိပါသည်။ အဲဒီထဲမှာ ဥပမာ တခုကတော့ ရိုဟင်ဂျာမူဆလင်တွေကို မြန်မာ တိုင်းရင်းသား အဖြစ် လက်ခံ အသိအမှတ်ပြုမှသာ သူတို.ဆီကနေ ငွေကြေး အကူအညီ အထောက်အပံ့ Funding တွေ ရနိုင်မည်ဆိုတဲ့ ကန်.သတ်ချက်တွေကြောင့် ရခိုင်အမျိုးသားအဖွဲ.တွေက ငွေမရချင်နေ ဒီလိုမျိုး နိုင်ငံရေးအရ အကြပ်ကိုင်တာ အမျိုးသားရေးကို ထိခိုက်မှာကိုတော့ လက်မခံဘူးဆိုပြီး ပြတ်သားစွာ ရပ်တည်ကြတယ်လို. ဆိုပါသည်။ ဒီတော့ တော်လှမ်းရေးအဖွဲ.တွေဖြစ်ပြီး လက်တွေ.ကျတော့ လူ.အခွင့်အရေးကို တကယ် လက်မခံဘူး၊ တိုင်းရင်းသာ တန်းတူရေးကို လက်မခံဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ. အနောက်နိုင်ငံက မြန်မာ့အရေး လုပ်နေသူတွေက ဖိအားပေးတာ ဝေဖန် တိုက်ခိုက်တာတွေ လုပ်နေပါသည်။

တကယ်တမ်းကျတော့ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန် ကနေဒါနဲ. ဥရောပ နိုင်ငံတွေကိုယ်တိုင်ပဲလဲ ထိုင်းနိုင်ငံ မလေးရှားနဲ. အိန္ဒိယ နိုင်ငံက ကရင်ဒုက္ခသည်တွေ ချင်းဒုက္ခသည်တွေ စတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေကို သောင်းချီ သိန်းနီးပါး ခေါ်ယူပြီး နေရာ ချထားပေးပေမယ့် ဘင်္ဂလာနယ်စပ်က ရိုဟင်ဂျာဆိုတဲ့ ဒုက္ခသည်တွေကို လက်တွေ.မှာတော့ လိုလိုလားလားနဲ. အများအပြား လက်ခံဖို. သူတို.နိုင်ငံတွေမှာ ခေါ်ယူဖို. လက်တွန်.သူတွေပါ။ ဒါမျိုး ခေါ်ဖို. သွားပြောရင်တော့ လာမပြောဖို. မဖြစ်နိုင်ဖူး အစီအစဉ် မရှိဘူးဆိုရင် သံရုံးအရာရှိတွေ အစိုးရ အရာရှိတွေက ပြောင်ငြင်းတာတွေ ရှိပါသည်။ ဆိုလိုခြင်တာကတော့ သူတွေနိုင်ငံတွေမှာလဲ လူ.အခွင့်အရေးဟာ နေရာတိုင်းမှာ တပြေးညီ မဟုတ်ပါဘူး။ ဘာမဆို နိုင်ငံရေး အခြေအနေတွေ အမျိုးသားရေးတွေ အမျိုးသား လုံးခြုံရေးတွေအပေါ် အခြေခံပြီးသာ စဉ်းစားတာ မဟုတ်လား။

ဒါကြောင့် ခဏတဖြုတ် အလုပ်ဖြစ်ဖို. ရေရှည်မှာ အမျိုးသားရေး ပြသာနာတွေ ဖြစ်စေမည့် ကိစ္စတွေဖြစ်လို. မီးနဲ. မကစားဖို. အကြံပြုလိုပါသည်။ အစိုးရကို နိုင်ငံရေး တိုက်ကွက်ရရင်ဆိုတဲ့ တနပ်စားကြံနဲ.လဲ မလုပ်သင့်သလို အထူးသဖြင့် အလွန် အင်မတန် အရေးကြီးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီကိစ္စထဲပါလာအောင် နိုင်ငံရေးအရ ဘေးကြပ် နံကြပ်ဖြစ်အောင် မဖန် တီးသင့်ပါ။မဟုတ်ရင်တော့ သမိုင်းက သင်တို.ကို--------- ဆုံးဖြတ်လိုက်မည်သာ။ မြန်မာပြည်လို. အေ၇ှ.ဖက်ရော အနောက်ဖက်ကပါ လူဦးရေ Population Pressure ရှိနေတဲ့ အမျိုးသားရေးနဲ. လုံခြုံရေးကို စိမ်ခေါ်မှုတွေ ရှိနေတာကို မမေ့မလျော့ဖို. လိုပါသည်။ မီးနဲ. ကစားရင်တော့ နောင်မှာ အဲဒီ မီးက ကိုယ့်ကိုယ်ပါ လောင်သွားနိုင်ပါသည်။ စဉ်းစားဆင်ခြင်သင့်ပါသည်။ လူ.အခွင့်အရေး Human Rights-HR ဆိုတဲ့ အရာနဲ. အမြဲတမ်း ကြပ်ဖို. မလုပ်သင့်ပါ။ ဘယ်တိုင်းပြည်မှာမှ ၁၀၀ % လူ.အခွင့်အရေးတွေ။ တူးတန်ညီမျှမှုတွေ ဘာသာရေး လွတ်လတ်ခွင့်တွေ အပြည့်အ၀ မရှိပါ။ ဒါ အားလုံး သိနေတဲ့အရာပါ။ အမျိုးသား အကျိုးစီးပွားကို ဦးစားပေးကျတာပဲ မဟုတ်ပါလား။ ဒါကြောင့် လိုက်ပြီး ဖိုးကြပ် မလုပ်ဖို. တိုက်တွန်းလိုပါသည်။

ဆောင်းပါး---Udp Myanmar facebook စာမျက်နှာ မှ ကူးယူဖော်ပြပါသည်။
မီးနှင့် ကစားဖို.ပြင်ဆင်နေသူများနှင့် Population Pressure on Myanmar မီးနှင့် ကစားဖို.ပြင်ဆင်နေသူများနှင့် Population Pressure on Myanmar Reviewed by သစ်ထူးလွင် on 11:11 Rating: 5

1 comment:

Anonymous said...

ဆောင်းပါးရေးတဲ့ကောင် စောက်ရူး။
သူ့အမေလင်နိုင်ငံကိုရောင်းစားနေတာ၊ ဘုန်းကြီးတွေကိုအကျဉ်းချ၊တုတ်နဲ့ရိုက်လုပ်နေတာ၊
အရှက်မရှိ တိုင်းပြည်ကိုရောင်းစားချင်နေတာ၊
မတော်မတရား ပြုမူဆက်ဆံတတ်တာ၊
နိုင်ငံတူဖွား လူမျိုးမတူတဲ့ တိုင်းရင်းသားတွေကို မတရားသတ်ဖြတ်နေတာ၊
သူ့ အမေလင် အသက်ရှည်၊အဓွန့်တည်အောင်လို့ အသက်မပြည့်တဲ့သူတွေကိုတောင် စစ်ထဲ လိမ်လည်လှည့်ဖြားရင်းနဲ့တမျိုး၊ ဖမ်းဆီးရင်နဲ့တစ်ဖုံ တိုင်းပြည်ကလူတွေကို
ငါပဲသိ၊ငါပဲတတ် ငါလုပ်ချင်ရာလုပ်မယ်၊ ဘယ်ကောင်မှလာမပြောနဲ့ ဆိုတဲ့အပေါက်မျိုး ဘယ်သူတွေချိုးနေတာလဲကွ။
မင်းအမေလင်မို့လို့ နာနေရတာလား။

Powered by Blogger.