အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မကြာမီ မှတ်ပုံတင်ဖွယ်ရှိ


၂၀၁၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့က တွေ့မြင်ရသော ရွှေဂုံတိုင် NLD ရုံးချုပ် ဆိုင်းဘုတ်

ရန်ကုန် အောက်တိုဘာ ၂၉

ယခင် တပ်မတော် အစိုးရလက်ထက်တွင် ထုတ်ပြန်ခဲ့သော ၂၀၁ဝ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကြောင့် နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် မကြာမီ ကာလအတွင်း တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ဖွယ် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သော ပုဂ္ဂိုလ်များထံမှ ယနေ့သိရှိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ The Voice Weekly က NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းထံ အောက်တိုဘာလ ၂၉ ရက်နေ့ ယနေ့ည ၇ နာရီခန့်တွင် အတည်ပြု မေးမြန်းခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်၍ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။

၂၀၁ဝ ပြည့်နှစ် မတ်လဆန်းတွင် ယခင်အစိုးရက ထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ကန့်သတ်ချက်အချို့ကို ပြင်ဆင်ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် တစ်ဦးက အမျိုးသား လွှတ်တော်သို့ အဆိုပြုချက် တင်သွင်းခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လာနိုင်စေရန် ဖြေလျှော့မှုတစ်ခု ပြုလုပ်ပေးခြင်းဖြစ်သည်ဟု ယူဆကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အချို့က မှတ်ချက်ပြုသည်။

၂၀၁ဝ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၌ ပြုလုပ်သော ဗဟိုဦးစီး အဖွဲ့ဝင်များ ဆွေးနွေးပွဲတွင် NLD ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ရန် ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးတင်ဦးနှင့် ဦးဉာဏ်ဝင်းတို့က သတင်းမီဒီယာများသို့ ပြောကြားစဉ်။

၂၀၁၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၌ ပြုလုပ်သော ဗဟိုဦးစီး အဖွဲ့ဝင်များ ဆွေးနွေးပွဲတွင် NLD ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ရန် ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးတင်ဦးနှင့် ဦးဉာဏ်ဝင်းတို့က သတင်းမီဒီယာများသို့ ပြောကြားစဉ်။

သတင်း --- The Voice Weekly
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မကြာမီ မှတ်ပုံတင်ဖွယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မကြာမီ မှတ်ပုံတင်ဖွယ်ရှိ Reviewed by သစ်ထူးလွင် on 21:44 Rating: 5

No comments:

Powered by Blogger.