မွေခေါဝ်
အရှေ့ မြောက်ပိုင်း တိုင်း စစ်ဌာ နချုပ် အခြေ စိုက်ရာ သျှမ်းပြည် မြောက်ပိုင်း လားရှိုး မြို့ရှိ ခမရ ၅၀၇ အား ကချင် လွတ်လပ်ရေး တပ်မတော် KIA ဝင်ရောက် ပစ်ခတ်ပြီးနောက် လားရှိုးမြို့အတွင်း လုံခြုံရေး စိုးရိမ် နေရကြောင်း သိရသည်။
“၈ နာရီခွဲ နောက်ပိုင်းဆိုရင် တိတ်ဆိတ် လွန်းလို့ လားရှိုးက မြို့ပျက်ကြီး ကျနေတာဘဲ။ ဒါတောင် လားရှိုးက မြို့ကြီးနော်။ မြို့ခံ တော်တော် များများ အပြင်မထွက် ရဲကြဘူး” ဟု လားရှိုးမြို့ ခံတစ်ဦးက ပြောပါသည်။
စက်တင်ဘာ ၂၉ ရက် မနက် ၁၁:ဝဝ နာရီခန့် လားရှိုးမြို့ ဆင်ခြေဖုံး ရပ်ကွက် ဝမ့်အိုင်နေ ကျေးရွာရှိ ခမရ ၅၀၇ တပ်ရင်း အား KIA က ဝင်ရောက် ပစ်ခတ် ခဲ့ကြောင်း၊ ပစ်ခတ် မှုကြောင့် ကင်းစောင့် တပ်သား ၂ ဦး ဒဏ်ရာ ရကြောင်း လားရှိုး ဒေသခံ နောက်တစ်ဦး ကလည်း ဤကဲ့သို့ ပြောပါသည်။
“ခမရ ၅၀၇ က စစ်သား အားလုံး နီးပါး SSA မြောက်ပိုင်း ဘက်နဲ့ ကွတ်ခိုင် ဘက်ကို ရှေ့တန်း ထွက်သွား ကြပြီ။ တပ်ထဲမှာ ဘယ်သူမှ မရှိ တော့ဘူး လို့ KIA က သတင်း ရတော့ အဲဒီ တပ်ကို သွားတိုက်တာ။ အခြေ အနေ အရ ကင်းစောင့် တပ်သား ၂ ယောက်ဘဲ ဒဏ်ရာ ရတယ်။ တပ်ထဲ ကိုတော့ ဝင်မစီး လိုက်ဘူး။”
ထို့နောက်ပိုင်း လားရှိုးမြို့ပေါ် ကားအသွားအလာ ခရီးသည်များအား အာဏာပိုင်က တင်းကြပ်စွာ စစ်ဆေးကြောင်း၊ လူ နေရပ်ကွက်ရှိ မသင်္ကာသည့် နေအိမ်များအား ရှောင်သခင်စစ်ဆေးကြောင်း၊ ဒေသခံများကလည်း စစ်ရေးအခြေ အနေ ကြောင့် မိမိလုံခြုံရေးအတွက် ညအပြင်မထွက်ရဲဘဲ ညပိုင်း မြို့တစ်ခုလုံး ဆိတ်ငြိမ်နေကြောင်းလားရှိုး ဒေသခံများ ပြော ပြချက်အရ သိရသည်။
ထို့အတူ သျှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်း၌ မြန်မာအစိုးရတပ် ထိုးစစ်ဆင် တိုက်ခိုက် နေ သောကြောင့် ပြည်ထောင်စုလမ်းမ (မူစယ်-လားရှိုး-မန္တလေးလမ်း) ပေါ် ရှိ လမ်းတံတားများ အဖျက်ဆီးမခံရစေရန် အစိုးရ တပ်က လုံခြုံရေး အထူး တင်းကြပ်ကြောင်း ကားဆရာတစ်ဦးကလည်းဤသို့ပြော ပြပါသည်။
“လားရှိုး-မူစယ်လမ်းတလျှောက် တမိုင်စီခြားပြီး စစ်သားအယောက် ၄၀ ကနေ ၆၀ အထိ လုံခြုံရေးချထားတယ်။ တနေရာ မှာဘဲ မနေ ဘူး။ လျှောက်သွားလျှောက်လာနဲ့ နေရာချင်း အဖွဲ့ချင်းလဲပြီး စောင့်နေတာ”
ထို့အတူ လွန်ခဲ့သည့် စက်တင်ဘာ ၃၀ ရက်က မူစယ်မြို့မှ မုံးကိုးမြို့နယ်ခွဲသို့ မှတ်ပုံတင် လုပ်ပေး ရန်ဒေ သခံပြည်သူ့ စစ် တို့၏ကားဖြင့် သွားသည့် ခရိုင်လဝကမှူး ဦးရဲဝင်း၊ မုံးကိုးမြို့နယ်ခွဲ လဝကမှူး ဦးရဲဝင်း(နာမည်တူ)တို့အား KIA တပ်ဖွဲ့ က ခြုံခိုတိုက်ခိုက်ရာ ကားဆရာ တစ်ဦးသာ ဒဏ်ရာရ သေဘေးမှလွတ်မြောက်သွားကြောင်း၊ မူစယ်ခရိုင် လဝကမှူး ဦးရဲဝင်း ရုပ်အလောင်းအား ပြီးခဲ့သည့် တနင်္လာနေ့က သဂြိုလ်ကြောင်း မူစယ် ဒေသခံ များပြော ပြချက် အရ သိရပါသည်။

အရှေ့ မြောက်ပိုင်း တိုင်း စစ်ဌာ နချုပ် ကို KIA ဝင်ရောက်ပစ်ခတ်
Reviewed by သစ်ထူးလွင်
on
14:44
Rating:
No comments:
Post a Comment