အရှင်ဂမ္ဘီရကို လွှတ်​ပေး​ပြီး​ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်ခွင့်​ပေး​ရန် ​တောင်း​ဆို


က​လေး​အကျဉ်း​ ထောင်မှာ နှစ်ရှည်​ထောင်ချခံ​နေရတဲ့​ ​ရွှေဝါ​ရောင်​တော်လှန်​ရေး​ခေါင်း​ဆောင် အရှင်ဂမ္ဘီရ ကျန်း​မာ​ရေး​ ဆိုး​ဝါး​နေတဲ့​အတွက် ချက်ချင်း​လွတ်​ပေး​ပြီး​ စနစ်တကျ ​ဆေး​ကုသခွင့်​ပေး​ဖို့​ မိသား​စုဝင်​တွေက သမ္မတဆီ စာ​ရေး​တောင်း​ဆိုလိုက်ပါတယ်။
အရွင္ဂမ္ဘီရ
အောက်တိုဘာလ ၂၇ ရက်​နေ့​ ရက်စွဲနဲ့​ သမ္မတဆီ စာ​ရေး​တောင်း​ဆို လိုက်တာဖြစ်ပြီး​ ​တောင်း​ဆိုချက်နဲ့​ပတ်သက်လို့​ အရှင်ဂမ္ဘီရရဲ့​ အစ်မ​တော် မခင်သူ​ဌေး​က အခုလို ​ပြောပါတယ်။
အရှင်ဂမ္ဘီရဟာ ၂၀၀၉ ခုနှစ်က အပြီး​သတ်စီရင်ချက်ချခံရပြီး​နောက် ခန္တီး​ထောင်မှာ တလလုံး​ ​ခြေ​ထောက်ကို ​ဒေါက်ခတ်၊​ လက်ထိတ်ကို ​နောက်ပြန်တုပ်ကာ ​ခေါင်း​ကို အိမ်အမည်း​စွပ်ပြီး​ နှစ်တလက်မတုတ်နဲ့​ ၁၅ မိနစ်တကြိမ် အရိုက်ခံခဲ့​ရတဲ့​အတွက် တပတ်တခါ ​ခေါင်း​ကိုက်တဲ့​ ​ဝေဒနာကို အပြင်း​အထန် ခံစား​နေရတယ်လို့​ အစ်မဖြစ်သူက ​ပြောပါတယ်။
“အဲလိုခံစား​ နေရတဲ့​ အချိန်မှာ ​ထောင်က​နေပြီး​တော့​ ကျမတို့​ယူဆတာ​တော့​ စိတ်ကျ​ဆေး​(သို့​မဟုတ်) မူး​ယစ်​ဆေး​တခုခု ဖြစ်မယ်ထင်တယ်။ ဒီနာကျင်မှုကို လတ်တ​လော ​ပြေ​ပျောက်သွား​ဖို့​ အဲဒီ​ဆေး​တွေကို ဦး​ပဉ္စင်း​ အ​ကြောထဲကို ထိုး​သွင်း​နေ​တော့​ ​ရောဂါနဲ့​ ​ဆေး​နဲ့​က လုံး​ဝမအပ်စပ်ဘူး​။ အဲဒါ​ကြောင့်​မို့​ ကျမအ​နေနဲ့​ သမ္မတကြီး​ဆီကို မ​နေ့​က စာတင်ခဲ့​ပါတယ်။ ဦး​ဉ္စင်း​ကို ဒီလိုမျိုး​ ​ရောဂါနဲ့​ ​ဆေး​မတည့်​တာကို ဒီထိုး​ဆေး​တွေ ထိုး​သွင်း​နေတာကို ချက်ချင်း​ရပ်တန့်​ဖို့​နဲ့​ ဦး​ဉ္စင်း​ကို အမြန်ဆုံး​ပြန်လွှတ်​ပေး​ပြီး​တော့​ မိသား​စုအ​နေနဲ့​ အနီး​ကပ် နား​လည်တဲ့​ သမား​တော်​တွေနဲ့​ ပြသခွင့်​ပေး​ဖို့​ စာတင်ထား​တယ်။”
သမ္မတဆီ အခုလို စာ​ရေး​တောင်း​ဆိုတဲ့​အတွက် အရှင်ဂမ္ဘီရ ပြန်လွတ်လာမယ်လို့​ ​မျှော်လင့်​ကြောင်း​ မခင်သူ​ဌေး​က ​ပြောပါတယ်။
“သမ္မတကြီး​အ​ နေနဲ့​ သိမြင်ကြား​သိ​နေရတာ​တော့​ အရင်စစ်အစိုး​ရနဲ့​ မတူဘူး​ပေါ့​။ ဖြည်း​ဖြည်း​ချင်း​တော့​ ​ပြောင်း​လဲလာတယ်။ အ​ကောင်း​ဘက်ကို ဦး​တည်လာတယ်ဆို​တော့​ ကျမအ​နေနဲ့​ ထူး​ခြား​မယ်လို့​ ​မျှော်လင့်​မိပါတယ်။ အမြန်ဆုံး​ပြန်လွှတ်ဖို့​လည်း​ လို​နေတယ်။ ဦး​ဉ္စင်း​ဟာ စိတ်ပိုင်း​ဆိုင်ရာ​တွေ​ကော၊​ ရုပ်ပိုင်း​ဆိုင်ရာ​တွေပါ အ​တော်​လေး​ ချို့​ယွင်း​သွား​ပြီး​တော့​ ​တော်​တော်ကို စိုး​ရိမ်ရတဲ့​အ​နေအထား​ ဖြစ်​နေတယ်လို့​ သမ္မတကြီး​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လွတ်လာတဲ့​ အကျဉ်း​သား​တွေက ကျမကို ​ပြောပြကြပါတယ်။ အဲဒါ​ကြောင့်​ မိသား​စု​တွေအ​နေနဲ့​ ​တော်​တော်ကို စိတ်ပူ​နေရပါတယ်။”
ဟောင်​ကောင်အ ​ခြေစိုက် အာရှ လူ့​အခွင့်​အ​ရေး​ကော်မရှင် AHRC ကလည်း​ ကျန်း​မာ​ရေး​အ​ခြေအ​နေ ဆိုး​ဝါး​နေတဲ့​ အရှင်ဂမ္ဘီရကို ​ဆေး​ရုံမှာ စနစ်တကျ အမြန်ဆုံး​ ကုသခွင့်​ပေး​ဖို့​ သမ္မတအပါအဝင် အမျိုး​သား​လူ့​အခွင့်​အ​ရေး​ကော်မရှင်၊​ ကမ္ဘာ့​ကြက်​ခြေနီ အသင်း​ကြီး​နဲ့​ ကုလသမဂ္ဂလူ့​အခွင့်​အ​ရေး​ ​ကောင်စီ​တွေကိုပါ အိတ်ဖွင့်​စာ ​ပေး​ပို့​ခဲ့​ပါတယ်။
ဒီက​နေ့​ အရှင်ဂမ္ဘီရကို ​ထောင်ဝင်စာသွား​တွေ့​ခဲ့​တဲ့​ မယ်​တော်​ဒေါ်​ရေး​က ကျန်း​မာ​ရေး​နဲ့​ပတ်သက်လို့​ ​မေး​မြန်း​ရာမှာ ဘာမှ ​ဖြေဆိုမှုမရှိတဲ့​အတွက် မိခင်တ​ယောက်အ​နေနဲ့​ အလွန်စိုး​ရိမ်လို့​ ချက်ချင်း​လွှတ်​ပေး​ဖို့​ ​တောင်း​ဆိုတာပါလို့​ ​ပြောပါတယ်။
“အမြင်အား​ ဖြင့်​က​တော့​ ဝဝ​ဖွေး​ဖွေး​ကြီး​ပဲ။ ဒါ​ပေမယ့်​ ဦး​ပဉ္စင်း​ကျန်း​မာ​ရေး​ကိစ္စ ​မေး​လို့​မရဘူး​။ အကုန်လုံး​မေး​ခဲ့​တယ်။ ဦး​ပဉ္စင်း​မ​ပြောပါနဲ့​တို့​ ဘာတို့​ ​တောင်း​ပန်ထား​လား​တော့​ မသိဘူး​။ သူကလည်း​ ဘုန်း​ကြီး​ဆို​တော့​ သူများ​ ဒုက္ခ​ရောက်မှာကို မလုပ်ဘူး​လေ။ သူ့​ကို​မေး​လို့​မရဘူး​။ အ​မေရဲ့​ မျက်စိ​အောက်မှာ ပြုစု​စောင့်​ရှောက် ချင်တဲ့​အတွက် ဦး​ဂမ္ဘီရကို ချက်ချင်း​လွှတ်​ပေး​ပါလို့​ မိခင်တ​ယောက်အ​နေနဲ့​ ​တောင်း​ဆိုပါတယ်။”
အရှင် ဂမ္ဘီရဟာ ၂၀၀၇ ​ရွှေဝါ​ရောင် သံဃာ့​ လှုပ်ရှား​မှုမှာ ဦး​ဆောင် ပါဝင်ခဲ့​ပြီး​ အာဏာပိုင်​တွေက လိုက်လံဖမ်း​ဆီး​ရာ နိုဝင်ဘာလ ၄ ရက် မန္တ​လေး​တိုင်း​ စဉ့်​ကိုင်မြို့​မှာ ဖမ်း​ဆီး​ခံခဲ့​ရပြီး​ အာဏာပိုင်​တွေက သူ့​ကို အမှု​ပေါင်း​ ၁၃ မှုနဲ့​ တရား​စွဲဆိုပြီး​ ​ထောင်ဒဏ် ၆၈ နှစ်ချမှတ်ခဲ့​ပါတယ်။
နောက်ပိုင်း​ သူ့​ကို အာဏာပိုင်​တွေက ​ထောင်ဒဏ် ၅ နှစ်​လျော့​ပေး​တဲ့​အတွက် လက်ရှိ ​ထောင်ဒဏ် ၆၃ နှစ် ကျခံ​နေရပါတယ်။ စတင်ဖမ်း​ဆီချိန်က သူ့​ကို အင်း​စိန် အကျဉ်း​ထောင်က​နေ ရာသီဥတု ဆိုး​ရွား​တဲ့​ ခန္တီး​အကျဉ်း​ထောင်ကို ​ပြောင်း​ရွှေခဲ့​ပြီး​ အခု​နောက်ဆုံး​ က​လေး​အကျဉ်း​ထောင်မှာ ​ပြောင်း​ရွှေ့​ထိန်း​သိမ်း​ထား​ပါတယ်။

သတင်း---ဒီဗွီဘီ 
အရှင်ဂမ္ဘီရကို လွှတ်​ပေး​ပြီး​ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်ခွင့်​ပေး​ရန် ​တောင်း​ဆို အရှင်ဂမ္ဘီရကို လွှတ်​ပေး​ပြီး​ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်ခွင့်​ပေး​ရန် ​တောင်း​ဆို Reviewed by သစ်ထူးလွင် on 12:07 Rating: 5

No comments:

Powered by Blogger.