၂၀၁၁
ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို လိုက်ဘေးရီးယားနိုင်ငံက
အမျိုးသမီးနှစ်ဦး နဲ့ယီမင်နိုင်ငံက အမျိုးသမီး တဦးကို နော်ဝေ
နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီက ပူးတွဲ
ရွေးချယ်ဆုချီးမြှင့်လိုက်ပါတယ်။
နော်
ဝေနိုင်ငံ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက လိုက်ဘေးရီးယား
အမျိုးသမီးသမ္မတ အလ်လန်ဂျွန်ဆင် ဆာလစ်ဖ် Ellen Johnson-Sirleaf နဲ့
တနိုင်ငံတည်းသား ပြည်တွင်းစစ်ရပ်စဲရေးစည်းရုံးလှုပ်ရှားသူ Leymah
Gbowee လေးမန်ဘိုဗင်း နဲ့ ယီမင်နိုင်ငံက အမျိုးသမီးအခွင့်အရေးနဲ့
ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ တာဝါကူးခါမန်း Tawakkul Karman
တို့ကို ညီတူမျှတူ ခွဲဝေ ပေးအပ်လိုက်တဲ့အကြောင်း ဒီကနေ့
ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။
အမျိုးသမီး
သုံးဦးဟာ အမျိုးသမီးတွေဘဝ ဘေးကင်းလုံခြုံရေးနဲ့
ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ အမျိုးသမီးတွေ
အခွင့်အရေးအပြည့်အဝနဲ့ ပါဝင်နိုင်ရေးအတွက်
အကြမ်းမဖက်တဲ့လှုပ်ရှားမှု ဆောင်ရွက်ချက်ကို ဂုဏ်ပြုချီးမြှင့်တယ်လို့
နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက ပြောပါတယ်။
ဒါ့အပြင်
လူ့အဖွဲ့အစည်း အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပါဝင်ဆောင်ရွက်ခွင့်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့
တန်းတူအခွင့်အရေး မရဘူးဆိုရင်တော့ ဒီမိုကရေစီနဲ့
ရေရှည်ငြိမ်းချမ်းရေးကို ရရှိမှာ မဟုတ်ပါဘူးလို့ လည်း ဆိုပါတယ်။
ခုလို
အမျိုးသမီးတွေကို နိုဘယ်လ်ဆု ရွေးချယ်ပေးအပ်လိုက်တာဟာ ကမ္ဘာတဝန်းက
အမျိုးသမီးတွေကို အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေက
အမျိုးသမီးတွေကို အားတက်စေမှာဖြစ်ပါတယ်။
သံမဏိ
အမျိုးသမီးကြီးလို့လူသိများတဲ့ အသက် ၇၀ အရွယ် အလ်လန်ဂျွန်ဆင်
ဆာလစ်ဖ်ဟာ အာဖရိကရဲ့ပထမဆုံး အမျိုးသမီးသမ္မတဖြစ်ပြီး
လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ
ပြန်လည်အရွေးခံဖို့ပြင်ဆင်မှုတွေပြုလုပ်နေသူ ဖြစ်ပါတယ်။
အယ်လန်ဂျွန်ဆင်ဆာလစ်အ
နေနဲ့ နိုဘယ်လ်ဆုကရရှိမယ့် ဆုကြေးအမေရိကန်ဒေါ်လာ ၁သန်းခွဲကို ဆုရသူ ၃
ဦးနဲ့အတူ ညီတူမျှတူ ခွဲဝေယူရမှာဖြစ်ပါတယ်။
အမျိုးသမီး သုံးဦး နိုဘယ်လ်ဆုချီးမြှင့်ခံရ
Reviewed by သစ်ထူးလွင်
on
11:26
Rating:
No comments:
Post a Comment