ပခုက္ကူမြို့ရေကြီးမှုနှင့်ပတ်သက်၍ သတင်းရယူနေသောပြည်တွင်းသတင်းမီဒီယာများမှ
သတင်းထောက်များကို သတင်းဓာတ်ပုံရိုက်ခွင့်ပိတ်လိုက်ကြောင်း ပခုက္ကူမြို့တွင်
သတင်းသွားရောက်ယူနေသော ပြည်တွင်းသတင်းဂျာနယ်တစ်ခုမှ အလွ တ်တမ်းသတင်းသမားတစ်ဦးက The Messenger ဂျာနယ်သို့အတည်ပြုပြောကြားသည်။ " သတင်းထောက်ကတ်မပြနိုင်ရင် ကင်မရာ SD ကတ်ကိုသိမ်းတယ်၊သတင်းထောက်ကတ်ပြ နိုင်ရင်တော့ ကင်မရာထဲကပုံတွေကိုအတင်းဖျက်ခို င်းတယ်။ဘယ်အဖွဲ့အစည်းလဲလို့မေးတော့လည်းမပြောဘူး။
ဘယ်ကညွှန်ကြားချက်နဲ့အခုလိုဆောင်ရွက်တာလဲဆို တာကိုလည်းမပြောဘူး။ ကျွန်တော်တို့မီဒီယာသမားတွေက ဒုက္ခသည်တွေအတွက် လိုအပ်တဲ့အကူအညီတွေအမြန်ဆုံးရအောင် သတင်းအချက်အလက်တွေကိုထုတ်ပြန်ပေးနိုင်ဖို့ ၀ိုင်းဝန်းဆောင်ရွက်နေတာပါ။
အခုလိုပြုမူဆောင်ရွက်တာမျိုးကတော့နိုင်ငံတော်သမ္မတနဲ့အစိုးရသစ်ရဲ့ဒီ မိုကရေစီနိုင်ငံတော်သစ်ဆီသွားနေ တဲ့လမ်းကြောင်းကိုအနှောင့်အယှက် ပေးနေသလိုဖြစ်နေပါတယ်" ဟု၎င်းကဆက်လက်ပြောပြသည်။
သတင်း---Messenger News Journal Facebook
သတင်းထောက်များကို သတင်းဓာတ်ပုံရိုက်ခွင့်ပိတ်လိုက
သတင်းသွားရောက်ယ
ဘယ်ကညွှန်ကြာ
အခုလ
သတင်း---Messenger News Journal Facebook
ပခုက္ကူ ရေကြီးမှု သတင်း ဓါတ်ပုံရိုက်ခွင့်ပိတ်လိုက်ပြီ
Reviewed by သစ်ထူးလွင်
on
11:37
Rating:
No comments:
Post a Comment