မြန်မာနိုင်ငံတွင် ဒုတိယမြောက် လူဦးရေ အများဆုံး နေထိုင်ရာ မန0x081တလေး မြို့တော်၌ စက်တင်ဘာလ ၁၉ ရက်နေ့ နောက်ပိုင်းတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုမှာ မိုးရေဝပ် ဧရိယာများ ဖြစ်သော ညောင်ကွဲ ရပ်ကွက်၌ နေထိုင်သူများ သာမက အခြား မြို့နယ်များတွင် နေထိုင်သူများ၌လည်း ဖြစ်ပွားမှု များပြားလာပြီး ကူးစက်နိုင်သဖြင့် အစားအသောက်နှင့် တစ်ကိုယ်ရေ ကျန်းမာရေး အထူးဂရုစိုက်ရန် လိုအပ်ကြောင်း ဆရာဝန် တစ်ဦးက ပြောကြားသည်။
မန0x081တလေးတွင် စက်တင်ဘာလ ၁၉ ရက်မှ ၂၃ ရက်နေ့အတွင်း ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ ပြည်သူ့ဆေးရုံနှင့် ကလေးဆေးရုံ တို့၌ ၄၉ ဦး၊ ကူးစက်ရောဂါကု ဆေးရုံတွင် ၆၁ ဦး လာရောက်ကုသမှု ရှိကြောင်း ဆေးရုံနှင့် ကျန်းမာရေး ဦးစီးဌာန အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိ ရသည်။
ချမ်းမြသာစည် မြို့နယ်ရှိ (စ) လုံး ရပ်ကွက်တွင် ၂၅ ရက်နေ့က ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ လူနာ ၅၀ ဦးခန့် လာရောက် ကုသကြောင်း အဆိုပါ ရပ်ကွက်တွင် ဆေးခန်း ဖွင့်ထားသူ ဆရာဝန် တစ်ဦးက ဆိုသည်။
" စလျှောလျှောချင်း လာပြကြတာ များတော့ ဝမ်းကိုက်ပိုး သေစေတဲ့ သောက်ဆေး ပေးလိုက်တယ်။ ဆလိုင်း ပုလင်း ချိတ်ရလောက်တဲ့ အခြေအနေမျိုးနဲ့ လူနာတော့ မလာဘူး။ လူနာတိုင်းကိုလည်း ဓာတ်ဆားရေ သောက်ဖို့ ဓာတ်ဆားထုပ် ပေးထားတယ် " ဟု စလုံးရပ်ကွက်တွင် ဆေးခန်းဖွင့်ထားသူ တစ်ဦးက ပြောကြားသည်။
စက်တင်ဘာလ ၂၅ ရက်နေ့က နန်းရှေ့တွင် ဝမ်းလျှောရောဂါ ခံစားရသူ အမျိုးသမီးတစ်ဦးမှာ အဖျားကြီး နေသဖြင့် ကူးစက်ရောဂါကု ဆေးရုံကြီးမှ ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့တက်ရောက် ကုသနေရပြီး အဆိုပါ လူနာမှာ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေအထိ ဆလိုင်းပုလင်းပေါင်း ၃၅ လုံး သွင်းထားရပြီး ဖြစ်ကြောင်း လူနာရှင်နှင့် ဆွေမျိုး နီးစပ်တော်သူ တစ်ဦးက ဆိုသည်။
"၂၅ ရက်နေ့ ကျွန်တော့်မရီးကို ဆေးရုံလိုက်ပို့တော့ ကူးစက်ရောဂါကု ဆေးရုံကြီးကို ဝမ်းလျှောတဲ့ လူနာ ၃၀ လောက် ရောက်လာတာ တွေ့ရတယ် " ဟု 0x158င်းက ဆက်လက် ပြောကြားသည်။
" ဒီနေ့မနက်မှ ဖြစ်တာ။ မနက်ကို လက်ဖက်ရည်တောင် သွားဝယ်သေးတယ်။ ပြီးတော့ ဝမ်းတွေလျှောတာ မွန်းလွဲ ၁ နာရီကျမှ ဆေးခန်းသွားပြတော့ ကူးစက်ရောဂါကု ဆေးရုံကြီးကို သွားဖို့ လွှဲတာနဲ့ ဒီရောက်လာတာ " ဟု စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီတွင် ကူးစက်ရောဂါကု ဆေးရုံကြီးသို့ ရောက်ရှိလာသော ပုသိမ်ကြီးမြို့နယ်မှ အသက် ၁၆ နှစ်အရွယ် လူနာရှင်၏ ဆွေမျိုးနီးစပ်တော်သူက ဆိုသည်။
ဝမ်းလျှောရောဂါ ဖြစ်ပွားသည့် လူနာ များပြားလာသဖြင့် ကူးစက်ရောဂါကု ဆေးရုံကြီးသို့ လာရောက် ကုသသော လူနာများကို ဓာတ်ဆားထုပ်နှင့် ဆလိုင်းပုလင်းများ၊ ရေသန့်များကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကလျာနမိတ0x081တ လူမှုကူညီရေး အသင်းက ပေးဝေလျက် ရှိသည်။ " တစ်နေ့တည်း ဓာတ်ဆားထုပ် ရှစ်ထောင်ကျော်၊ ဆလိုင်းပုလင်း ဘူး ၆၀ ဆေးရုံမှာ ထားပေးလိုက်တယ်။ လာသမျှ လူနာတွေကို ဓာတ်ဆားထုပ် ဝေတယ်။ လိုအပ်တဲ့ ဆေးတွေ ကူညီပေးတယ်။ ပြည်သူ့ဆေးရုံကြီးမှာက အလှူရှင်တွေ ရှိတယ်။ လုပ်အားအကူပဲ လိုတယ်ဆိုလို့ လိုရင် ခေါ်ဖို့ ဖုန်းနံပါတ် ပေးထားခဲ့တယ်။ ကူးစက်ဆေးရုံကြီးမှာ အနည်းဆုံး တစ်ပတ်လောက် အခမဲ့ ပေးဝေဖို့ အစီအစဉ် ရှိပါတယ်။ လူနာတွေ လာတဲ့အထိပေါ့ " ဟု ယင်းအသင်းမှ တာဝန်ရှိသူ ဦးခင်မောင်တင့်က ပြောကြားသည်။
ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေ၍ မိသားစုထဲတွင် ဝမ်းလျှောသူတစ်ဦး ရှိလာပါက ကျန်မိသားစုဝင်များလည်း ကြိုတင် ကာကွယ်သည့် အနေနှင့် ဆေးသောက်ထား သင့်ကြောင်း၊ ပြင်ပ အစားအသောက် စားသောက်မှု ရှောင်ကြဉ်ရန် လိုအပ်ပြီး လက်ကို ဂရုတစိုက် ဆေးကြောသင့်ကြောင်း ဆရာဝန်တစ်ဦးက အကြံပြု ပြောဆိုသည်။ " ပတ်ဝန်းကျင် အခြေအနေအရ ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ယင်ကောင်တွေက တစ်ဆင့်လည်း ဖြစ်ပွားနိုင်လို့ အစားအသောက် ဂရုစိုက်ရမယ် " ဟု 0x158င်းက ဆိုသည်။

ဝမ်းရောဂါ အကြောင်းသိကောင်းစရာ
ဝမ်းရောဂါ
ဝမ်းရောဂါလို့ ဆိုတာနဲ့ မိုးဦးကျတွေ မှာ ဖြစ်ပွားတတ်တဲ့ရောဂါအဖြစ် အများစုက သိထားပေမယ့် ရာသီမရွေးဖြစ်နိုင်ပါတယ်။ ပုံမှန် ၀မ်းလျှော ၀မ်းပျက်ခြင်းကို WHO ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် အရ တစ်နေ့တည်းမှာ ၀မ်းပျော့ပျော့ (သို့) အရည်ဝမ်း သုံးကြိမ်နဲ့ အထက် သွားခြင်းကို ၀မ်းလျောဝမ်းပျက်ခြင်းလို့ သတ်မှတ်ပါတယ်။ ၀မ်းရောဂါဟာ သိပ္ပံအမည်အားဖြင့် Vibrio cholerae လို့ ခေါ်တဲ့ ၀မ်းရောဂါပိုး ကူးစက်ခံရမှုကြောင့် ဖြစ်ပွားရတာပါ။ ရောဂါပိုးတွေ ပါတဲ့လက်တွေကနေတစ်ဆင့် အစားအသောက်တွေမှာ မသန့်ရှင်းတဲ့ ပိုးမွှားတွေကြောင့် အဓိကဖြစ်ရပြီး မိုးဦးကျချိန် ပေါက်ပွားသော ယင်ကောင်တွေမှ တစ်ဆင့် ရောဂါများ သယ်ဆောင်လာတတ်တာပါ။ ဒါကြောင့် မိုးဦးကျချိန်မှာ အဖြစ်များတာပါ။ မသန့်ရှင်းတဲ့ အစားအသောက်အပြင် သောက်သုံးရေ၊ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်း စတာတွေကြောင့် အဓိက ဖြစ်ရတာ ဖြစ်ပါတယ်။ ဒီပိုးဟာ နည်းတစ်မျိုးမျိုးနဲ့ လူ့ကိုယ်ထဲကို ၀င်ရောက်ပြီးရင် ရောဂါပေါ်ဖို့ အများဆုံး ၃ ရက်ကနေ ၅ ရက်လောက်အထိ ကြာတတ်ပေမယ့် ကူးစက်ခံရသူရဲ့ ကိုယ်ခံအားကို လိုက်ပြီး နှစ်နာရီအတွင်းတောင်စဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် အချိန်တိုအတွင်း လူဦးရေ အများကြီးကို ကူးစက်နိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် ကလေး သူငယ်တွေနဲ့ အသက်ကြီးသော လူကြီးပိုင်းတွေမှာ လွယ်ကူစွာဖြစ်တတ်တဲ့အပြင် လျှင်မြန်စွာ ရေဓာတ်ဆုံးရှုံးမှုကိုလဲ ဖြစ်စေပါတယ်။
ဝမ်းရောဂါပိုးဟာ တစ်နည်းနည်းနဲ့လူကိုယ်ထဲရောက်သွားပြီး အူသိမ် (small intestine) ကို ရောက်သွားပါတယ်။ အူသိမ်ရဲ့ အတွင်းဘက်နံရံတွေကို ရောင်ရမ်းစေပါတယ်။ ဆေးပညာအ၇ enteritis လို့ ခေါ်ပါတယ်။ အူတွေဟာ ရောင်လာပီး စားလိုက်တဲ့ အစာနဲ့ ရေတွေကို မစုပ်ယူနိုင်ဘဲ လျင်လျင်မြန်မြန် စွန့်ထုတ်လိုက်တယ်။ ဒါ့အပြင် အချို့သော ပိုးတွေဟာ အဆိပ်တစ်မျိုးကို ထုတ်လွှတ်တယ်။ အဲဒီ အဆိပ်က အူနံရံမှာ ရှိတဲ့ ဆဲလ်တွေဆီကနေ ရေတွေထွက်စေတယ်။ ထွက်သွားတဲ့ ရေတွေကို ပြန်ပြီး မစုပ်နိုင်သေးခင် စွန့်ထုတ်လိုက်တဲ့အတွက် ခန္ဒာကိုယ်မှာ ရေဓာတ်ဆုံးရှုံးမှုဆိုတာ ဖြစ်လာတယ်။ အဆိပ်တကာ့ အဆိပ်ထဲမှာ ကာလ၀မ်းရောဂါ (cholera) ပိုးရဲ့ အဆိပ်က အမြန်ဆုံးနဲ့ အပြင်းဆုံးပဲ။ အဲဒီပိုးပါတဲ့ အစာကို စားမိပြီး ၂၄ နာရီအတွင်း အသက်ဆုံးရှုံးနိုင်လောက်သည်အထိ ရေတွေ ထွက်စေပါတယ်။
တစ်ချိန်က ကပ်ရောဂါ အသွင် ဆောင်ခဲ့လို့ ကာလ၀မ်းရောဂါ လို့ ခေါ်ခဲ့ဖူးကြတဲ့ ၀မ်းရောဂါကျတော့ ၀မ်းသွားရင်း သွားရင်းနဲ့ လုံးဝ အရည်တွေပဲ သွားတော့ပြီး လူက သိသိသာသာ အားကုန် ပျော့ခွေသွားခြင်းဟာ တခြား ၀မ်းပျက်ရောဂါတွေနဲ့ မတူဘဲ ကွဲထွက်နေတဲ့ အချက် ဖြစ်ပါတယ်။
အပေါ်မှာပြောခဲ့သလို လူတစ်ယောက်ဟာ တစ်နေ့တည်းမှာ ၀မ်းပျော့ပျော့ (သို့) အရည်ဝမ်းကို ခပ်စိပ်စိပ် သုံးကြိမ်နဲ့ အထက် သွားမယ်၊ လာပီဆိုရင် သေချာပေါက် ၀မ်းရောဂါဖြစ်နေတယ်လို့ ပြောလို့ရပါပြီ။ ခန္ဓာကိုယ်ထဲ ဓာတ်ဆားတွေ အချိန်တိုအတွင်းမှာ အများကြီးဆုံးရှုံးသွားလို့ ကြွက်သားတွေ အားနည်းတာ၊ လမ်းမလျှောက်ချင်တော့တာ အမြင် အာရုံတွေဝါးကုန်တာ၊ ခေါင်းမူး၊ ရံခါ အော့အန် တာတွေ ဖြစ်တတ်ပါတယ်။
အရမ်းဆိုးရင် မူးလဲ သတိလစ်တဲ့ အထိ ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေမှာ အရည်ဓာတ် ဆုံးရှုံးခြင်းရဲ့ လက္ခဏာတွေ ပိုမို မြန်ဆန်ပြင်းထန်တာ တွေ့ရပါတယ်။ အရည်နဲ့ ဓာတ်ဆားတွေ ဆုံးရှုံးသွားတဲ့ အနေအထားဟာ သတိလစ် မေ့မျောခြင်း၊ တက်ခြင်း၊ တစ်ခဏချင်း သိသိသာသာ ပိန်ကျသွားခြင်း၊ မျက်တွင်းကျခြင်း၊ ငယ်ထိပ် မပိတ်သေးတဲ့ ကလေးငယ်တွေမှာ ငယ်ထိပ် ချိုင့်ကျသွားခြင်း၊ မှိန်းသွားခြင်း၊ ဗိုက်ကြွက်သားကို လက်ညှိုးလက်မနှင့် ညှပ်၍ ဒေါင်လိုက်ဆွဲကြည့်ပါက တင်းတင်းရင်းရင်း မရှိတော့ဘဲ ပါးရေတွန့်သကဲ့သို့ ရှုံ့တွဲနေခြင်း စတာတွေနဲ့ တွဲဖက် ဖြစ်ပေါ်လာရင် လူနာဟာ ပြင်းထန်လွန်းသော ကိုယ်တွင်း အရည်ဓာတ် ဆုံးရှုံးမှု (Severe Dehydration) သို့ ရောက်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ အထူးစိုးရိမ်ရတဲ့ အနေအထားမှာ ရှိလို့ နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံး မဖြစ်မနေ သွားရောက်သင့်ပါပြီ။ ဆေးရုံမရောက်သေးခင်အချိန်နဲ့ သွားမယ့် လမ်းမှာ လူနာကို ဓာတ်ဆားရည် ၀င်သမျှ တိုက်ကျွေးပေးဖို့ လုံးဝမမေ့ပါနဲ့။ Dehydration ဟာ အာဟာရ ချို့တဲ့သူ၊ အခြား ကိုယ်ခံအားကျစေသော ရောဂါကြီး တစ်ခုခု (ဥပမာ HIV, TB စသဖြင့်) ရှိသူတွေနဲ့ အသက် ကြီးလွန်း ငယ်လွန်းသူတွေဟာ ဖြစ်ဖို့ ပိုနီးစပ်တာ တွေ့ရှိရပါတယ်။
နောက်တစ်ခု ၀မ်းကိုက်ရောဂါပိုးနဲ့ ပတ်သတ်ပီးနဲနဲ ပြောပြချင်ပါသေးတယ်။ အသက်အန္တရာယ်ရှတဲ့ SHIGELLA ရှီဂဲလား ၀မ်းကိုက် ရောဂါ နဲ့ Amoeba အမီးဘား ၀မ်းကိုက်ရောဂါအကြောင်းပါ။
SHIGELLA ၀မ်းကိုက်ပိုးက ယင်ကောင်ကနေကူးတာပါ ။ AMOEBA သူ့ ဟာသူ ဟင်းသိုးထဲ မှာ ပေါက်ပွားလာတာ ပိုများတတ်ပါတယ် ။ ယင်ကောင်ကနေလဲ ကူးပါတယ် ။ နည်းတော့ နည်းပါတယ် ။ ရှီဂဲလားက ၀မ်းသွားပြီးရင်လဲ အိမ်သာကမထ နိုင်အောင် ဆက်ရစ်နေ ပါတယ် ။ နာတာလဲ တော်တော်ပြင်း ထန်တော့ ၀မ်းသွားပြီးရင်လဲ ဗိုက်က မတရားကို ရစ်နေတာမို့ အိမ်သာကနေ မထနိုင်ကြပါဘူး ။ အချိန်မှီကုသမှု ခံယူတာမျိုး မရခဲ့လို့ အဆင်မသင့်ရင် ၂-ရက်လောက်နဲ့  အသက်ပါသွားနိင်သည် အထိ ပြင်းပါတယ် ။
AMOEBA ၀မ်းကိုက်ပိုးဖြစ်တဲ့ အဖြစ်အများဆုံး ဒီပိုးကတော့ သိုးနေသော ဟင်း အစားအသောက် တွေမှာ ပေါက်ပွားလာတာပါ ။ မြန်မာနိုင်ငံ သားတိုင်း ဒီဝမ်းကိုက်ပိုးကိုမကြာခဏ ခံစား နေရပါတယ် ။ လူအတော်များများ လည်းဝမ်းကိုက်လျှင် ( မက်ထရို ) ဆေးသောက်တတ်ကြပါတယ် ။ ဒါပေမဲ့ ဒီမက်ထရိုဆေးက စိတ်ဝေဒနာ ရာဇ၀င်ရှိထားဘူးသူ စိတ်ကျရောပါရှိသူတွေ ( လုံးဝ ) မသောက်သုံးရန် တားမြစ်ထားပါတယ်။ ၁၉၇၅-၀န်းကျင်က ယူနီဆက်ဆေးဘူး ( မက်ထရိုဘူး )များ၏ ဘူးအခွံ ပေါ်တွင် စာလုံး အမဲဖြင့်
(၁) ကိုယ်ဝန်ဆောင်ပထမ ၃ လ အတွင်း
(၂) သွေးအားနည်းရောဂါရှိသူများ
(၃) စိတ်ရောဂါရာဇ၀င်ရှိဘူးသူများကို လုံးဝမ ပေးရန် အထိပင် သတိပေး ထားပါသည် ။
နောက်ပိုင်း ဆေးအသစ် တွေ ရှိပါတယ်။ ဗဟုသုတဖြစ်ဖွယ် အကြမ်းဖျင်းတော့ ပြောပြပါ့မယ်။ တစ်ကယ်ရောဂါခံစားရပီဆိုရင်တော့ နီးစပ်ရာ ဆေးပေးခန်း ကျန်းမာရေးဌာနတွေ ကိုအမြန်ဆုံးသွားပြဖို့ကိုတော့ အဓိက တိုက်တွန်းပါတယ်။
အခုထိဆေးဆိုင်တွေမှာ မြန်မာနိုင်ငံ FDA က မရောင်းရဘူးဆိုပြီး ပိတ်ပင်ထားတဲ့ lomotil တို့ decotil တို့ဆိုတဲ့နာမည်တွေနဲ့ ရှိနေပါသေးတယ်။ ပါဝင်တာက loperamide လို့ ခေါ်တဲ့ ၀မ်းပိတ်ဆေးဖြစ်ပါတယ်။ အဲ့ဒီဆေးကို ပိတ်ပင်ရတဲ့အကြောင်းကတော့ ဆေးသောက်လိုက်လို့ ၀မ်းပိတ်သွားပေမယ့် ရေဓာတ်ဆုံးရှုံးတာကို ကာကွယ်လိုက်တာ မဟုတ်ပါဘူးတဲ့။ ပိုးတွေပါဝင်တဲ့ ရေတွေက အပြင်ကိုမထွက်ရဘဲ အထဲမှာပဲ အောင်းနေပြီး ကြာတော့ အူတွေက အဲဒီမသန့်တဲ့ အရည်တွေနဲ့ တင်းကားလာတယ်။ လှုပ်ရှားမှု မကောင်းတော့ဘူး။ အူတွေ မလှုပ်တော့ရင် အဲဒီပိုးတွေဟာ သွေးကြောတွေထဲကို တဆင့်ဝင်သွားဖို့ ပိုလွယ်သွားပြီ။ ကိုယ်ခံအားသိပ်မကောင်းတဲ့ ကလေးတွေမှာဆိုရင် အရမ်းကြောက်ဖို့ ကောင်းလို့ အဲ့ဒီဆေးကို မပေးဖို့ကို တားမြစ်ထားတယ်လို့ (ဇီဝက-ဆေး ၂) ရေးတဲ့ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ထားရဖူးပါတယ်။
နောက်ပိုးသတ်ဆေး သောက်တတ်တဲ့ပြဿနာလဲ ရှိနေပါသေးတယ်။ တစ်ကယ်က ၀မ်းသွားလို့ အဖျားမ၀င်လာဘူးဆိုရင် ပိုးသတ်ဆေးကို မသောက်သင့်ပါဘူး။ ဆေးယဉ်သွားစေတတ်တဲ့ အပြင် ပိုးသတ်ဆေးသောက်လို့ ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုး အသေးစိပ်ကိုတော့ အောက်ဖော်ပြမယ့် လင့်မှာ မှတ်သားထားနိုင်ပါတယ်။
http://www.nlm.nih.gov/medlineplus/antibiotics.html
ဝမ်းသွားပီဆိုတာနဲ့ လူအားလုံး နားလည်လိုက်နာပီးလုပ်တာကတော့ ဓာတ်ဆားသောက်သုံးတာပါ။ အကောင်းဆုံးနဲ့ တော်တော်လည်းထိရောက်မှု ရှိလို့ ဒီအချက်တော့ ဘာမှ ထွေထွေထူးထူးပြောစရာ မရှိပါဘူး။
ကမ္ဘာမှာ နှစ်စဉ် ၀မ်းရောဂါ ကူးစက်ဖြစ်ပွားသူ ၃ သန်းကနေ ၅ သန်းလောက်အထိကို ရှိနေကြပြီး အဲဒီအထဲကမှ လူ တစ်သိန်းကနေ တစ်သိန်းနှစ်သောင်းလောက် ၀မ်းရောဂါနဲ့ သေဆုံးကုန်ကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ဆိုပါတယ်။ ၁၉ ရာစုတုန်းက အိန္ဒိယနိုင်ငံ Ganges မြစ်ဝကျွန်းပေါ် ဒေသကနေ စတင်ကာ ကမ္ဘာနဲ့ချီပြီး ကပ်ရောဂါအသွင် ဆောင်တဲ့ ၀မ်းရောဂါ ကူးစက်ပျံ့နှံ့ခဲ့ဖူးပါတယ်။ ကမ္ဘာ့ တိုက်ကြီးများ အားလုံးမှာ တပြိုင်နက်နီးပါး ၀မ်းရောဂါကပ် ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး လူသန်းပေါင်းများစွာ သေကြေပျက်စီးခဲ့ကြတဲ့ သမိုင်းမှတ်တမ်းတွေ ရှိပါတယ်။ ခုနစ်ကြိမ်မြောက် ၀မ်းရောဂါကပ်ဟာ ၁၉၆၁ ခုနှစ်က အာရှတိုက်တောင်ပိုင်းမှာ စတင် ဖြစ်ပွား ခဲ့ပြီး တစစနဲ့ အကင်းမသေဘဲ ကြီးထွားပျံ့ပွားလာကာ ၁၉၇၁ ခုနှစ်မှာ အာဖရိကတိုက်၊ ၁၉၉၁ ခုနှစ်မှာ အမေရိကတိုက်များ သို့ပါ ရောက်ရှိကူးစက်သွားခဲ့ဖူးလို့ အထူးသတိထားစရာ ရောဂါဆိုးတစ်မျိုးပါပဲ။ ယနေ့ကမ္ဘာပေါ်မှာ ၀မ်းရောဂါဖြစ်ပွားနှုန်း လျော့နည်းသွားပြီလို့ အကြမ်းဖျဉ်း ဆိုနိုင်ပေမယ့် လူနေမှုစနစ် နိမ့်ကျတဲ့ နေရာဒေသများမှာ အချိန်မရွေး ဖြစ်ပွားနိုင်တဲ့ အနေအထား ရှိနေဆဲပါပဲ။
အထူးသဖြင့် rotavirus ကြောင့် ဖြစ်ပွားတဲ့ ၀မ်းလျှော ရောဂါကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေက ကလေးငါး သိန်းခန့် နှစ်စဉ် သေဆုံး တယ်လို့ သိရပါတယ်။ ကမ္ဘာနဲ့ယှဉ်ရင် ဒီ Figures ဟာ ဘာကို ပြနေလဲဆိုတော့ ကျန်းမာရေး အသိမရှိတဲ့ ဖွံ့ဖြိုးမှုမရှိသေးတဲ့ ဆင်းရဲတဲ့နိုင်ငံရဲ့ စရိုက်လက္ခဏာတစ်ခုအဖြစ် ဖော်ညွှန်းနေတာပါ။
လူတွေ အစုလိုက်အပြုံလိုက် ဖြစ်တဲ့ ၀မ်းရောဂါဟာ မြို့ပြဒေသရဲ့ ကျူးကျော်ရပ်ကွက်များ၊ ဆင်ခြေဖုံးလူနေမှုနိမ့်ရာ အပိုင်းများမှာ အများဆုံး ဖြစ်လေ့ရှိပြီး မသန့်ရှင်းတဲ့ နေရာတွေမှာ နေတဲ့ လူဦးရေ မြင့်တက်လာတဲ့ နှုန်းအတိုင်း နှစ်စဉ်ဝမ်းရောဂါ ဖြစ်နှုန်းတွေပါ အပြိုင် မြင့်တက်လာတာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ စာရင်းဇယားဂရပ်ဖ်တွေ အရ သိရပါတယ်။ နာဂစ်ပီးသွားတဲ့နောက် သိလိုက်တဲ့ အသိအနေနဲ့ ၀မ်းရောဂါဟာ မုန်တိုင်း၊ငလျင် စတဲ့ သဘာဝဘေးအန္တရာယ် တွေရဲ့ နောက်ကနေ အဖော်အပေါင်းအဖြစ် ပါလာတတ်လို့ ဒီအချိန်မျိုး တွေမှာလည်း အထူးသတိထား ကာကွယ် ဆောင်ရွက်ပေးရပါမယ်။
ဝမ်းရောဂါဟာ ပြင်းထန်တယ်ဆိုပေမယ့် ကုသရလွယ်ကူတဲ့ရောဂါမျိုးပါ။ စနစ်တကျနဲ့ အချိန်မှီကုသနိုင်ရင် အပျက်အဆီးနဲပါတယ်။ တကယ်ဝမ်းရောဂါ အသည်းအသန် ဖြစ်နေတဲ့ ဒေသတွေမှာ ကပ်ရောဂါအဖြစ် ပျံ့ပွားမသွားရေး တားဆီးရန် WHO က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး နှစ်မျိုးကို တိုက်ကျွေးနိုင်ပေမယ့် ပုံမှန်မှာ လူတိုင်းစေ့ တိုက်ကျွေးနိုင်ဖို့ မလွယ်ပါဘူး။ Dukoral နဲ့ Shanchol ဆိုတဲ့ ကာကွယ်ဆေးနှစ်မျိုးဟာ နှစ်ကြိမ် တိုက်ကျွေးလိုက်ရင် ၀မ်းရောဂါကနေ ၈၅-၉၀% လောက် အကာအကွယ် ပေးနိုင်ပေမယ့် ဒီကာကွယ် ဆေးတွေကို ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆိုတဲ့ လူနေမှု စနစ် မြှင့်တင်ရေးတွေလောက် မထိရောက်၊ စိတ်မချရတာ တွေ့ရပါတယ်။ ကျွန်မအမြင်က ကုသတာထက် ကြိုတင်ကာကွယ် အသိပညာပေးတာက ပိုထိရောက်မယ်လို့ မြင်ပါတယ်။
ကာကွယ်နည်း
လူတစ်ဦးတစ်ယောက်ချင်းစီကနေ ပတ်ဝန်းကျင် တစ်ခုလုံးစာအတွက် ကာကွယ်နည်းတွေကတော့
၁) သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိနိုင်အောင် ဆောင်ရွက်ရပါမယ်။
၂) တစ်ချို့ရေကို ကျိုချက် အအေးခံပြီး သောက်ရပါမယ်။
၃) တစ်ကိုယ်ရည်သန့်ရှင်းရေး မှုအဖြစ် လက်သန့်ရှင်းရေး အထူး အလေးထားရပါမယ်။ (အိမ်သာတက်ပြီးတိုင်း၊ အစာမစားမီ လက်ကို ဆပ်ပြာနဲ့ ဆေးတဲ့ အကျင့်ကို မွေးမြူပါ)
၎) ယင်နားစာနဲ့ ဖုန်မှုန့်တွေ ၀င်နိုင်တဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကို မစားသင့်ပါဘူး။
၅) ယင်လုံအိမ်သာ သုံးပါ။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရာမှာ အဆိုးသံသရာလည်နေတဲ့ တစ်ချက်ကတော့ Double Burden of Diseases လို့ခေါ်တဲ့ နှစ်ဆတိုးစေသော ၀န်ထုပ်ဝန်ပိုးပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကနေ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်ကို ကူးပြောင်းနေကြပြီ ဖြစ်တဲ့ နိုင်ငံများဟာ လူနေမှု စနစ်နဲ့ ကျန်းမာရေး အသိနိမ့်လို့ ရောဂါတွေ ဖြစ်လာနိုင်တာကိုကောင်းစွာ သိရှိထားပြီးဖြစ်လို့ အမျိုးသား ကျန်းမာရေး ပညာရေး၊ စီးပွားရေးနဲ့ တန်းတူ အထူးအလေးထား မြှင့်တင်ဆောင်ရွက်နေကြပါပီ။
မြန်မာတိုင်းမ် အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၉)မှာ ၂၀၁၀၊ အောက်တိုဘာလ ၁၅ ရက်နေ့က ကမ္ဘာ့လက်ဆေးပွဲတော်နေ့အဖြစ် မြန်မာတစ်နိုင်ငံလုံး အခြေခံပညာကျောင်းပေါင်း ၄၂ ကျောင်းက ကျောင်းသား ၈,၁၀၀ ကျော်ပွာဝင်ဆင်နွှဲခဲ့တယ်လို့သိရပါတယ်။ အထိမ်းအမှတ်နေ့အဖြစ် ယူနီဆက်ဖ်မှ ပန်းတနော်မြို့မှ မူလတန်းကျောင်းပေါင်း ၁၆ ကျောင်းမှာ ယင်လုံအိမ်သာတွေဆောက်လုပ်ပေးခြင်းနဲ့ ရေတိုင်ကီတွေ လှူဒါန်းခဲ့တယ်လို့ ဖတ်ခဲ့ရပါတယ်။ ဒီနေရာမှာ ယင်လုံအိမ်သာနဲ့ ပတ်သတ်ပီး ဗဟုသုတ မျှပေးချင်ပါသေးတယ်။
အိမ်သာဆိုတာ သန့်ရှင်းနေဖို့ ၊ အနံဆိုးကင်းဖို့ ၊ ယင်ကောင်စတဲ့ပိုးမွား မရှိဖို့ ၊ အရှက်လုံဖို့၊ စတာတွေလိုအပ်ပါတယ်။
1) အိမ်သာဆောက်မယ်ဆို ရေတွင်းရေကန်နဲ့50ပေ ကွာရပါမယ်။
2) တွင်းတူးရင် အ၀ိုင်း ၊ လေးထောင့် စသဖြင့် တူးနိုင်ပါတယ်။ တွင်းကို 3~4 ပေ အကျယ်၊ 6~8ပေ အနက် တူးရပါမယ်။ မြေအောက်ရေကြောနဲ့မဆက်စပ်ရပါဘူး။
3) အိမ်သာတွင်းနံရံကို သစ်သား၊ ၀ါး၊ ကျောက်တုံးတို့နဲ့ဆောက်နိုင်သည်။ မိုးတွင်းမြေမပြိုကျစေရန်ပါ။
4) အောက်ခြေကိုခိုင်ခံသောတိုင်များကိုသာအသုံးပြုပါ၊
5) အိမ်သာကိုယ်ထည်ကို သစ်သား၊ ၀ါး ၊ ဓနိတို့နှင့်ဆောက်နိုင်သည်။ အိမ်သာမှာ ငုတ်တုတ်ထိုင်သွားနိုင်ရန် ခိုင်မာသော သစ်သားပြား၂ ခုကိုသုံးပါ၊
6) အိမ်သာခွက်ကို လက်ကိုင်ပါသော အဖုံးပြုလုပ်ပြီးသုံးနိုင်သည်၊
7) လေထွက်ပေါက်လဲထားရှိသင့်သည်။
ကျေးလက်ဒေသတွေမှာ အများဆုံးတွေ့ရတဲ့ ပြဿနာကတော့ ရေထွက်ပင်ရင်းထဲ မစင်စွန့်တဲ့ အလေ့အထ ရှိတာပါပဲ။ ဥပမာ မြစ်ချောင်းအင်းအိုင် များထဲ အိမ်သာလှည့်ဆောက်ထားတဲ အရပ်ဒေသများမှာ ကျတော့ ဒီအချက်ကြောင့်ပဲ လူပေါင်းများစွာ ၀မ်းရောဂါဖြစ်ပွား ၊ ကူးစက်နေတာ တွေ့ရပါတယ်။ အခြေခံကာကွယ်နည်း အချက် ၅ ချက်ကိုသာ ထိထိရောက်ရောက်လုပ်ပေးနိုင်ရင် ကုသခြင်းထက် အကျိုးများပါမယ်။
ကျွန်မဒီစာလေး ဘာလို့ရေးရလဲဆိုတော့ လူတိုင်းနီးပါး ကင်ဆာ၊ HIV၊ TB၊ နှလုံး၊ အသည်း အစရှိသောရောဂါတွေ မခံစားဘူးနိုင်ပေမယ့် တစ်သက်မှာ တစ်ကြိမ်တော့ ၀မ်းရောဂါဖြစ်ဖူးကြမှာပါ။ ပတ်ဝန်းကျင်မှာလည်း စဉ်ဆက်မပြတ် ၀မ်းသွားတာနဲ့ ပတ်သတ်ပီး ကြုံရ၊ ကြားရမှာပါ။ ကျွန်မတို့ရဲ့ မိဘတွေကျေးဇူးသော်လည်းကောင်း၊ အစားကောင်းများ စားသောက်ကြီးပြင်းခဲ့ရလို့ အဟာရပြည့်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းကြောင့်လည်းကောင်း၊ ကုသမှုများ အချိန်မှီလုပ်ဆောင်နိုင်ခဲ့လို့သော်လည်းကောင်း ယခု ၀မ်းရောဂါဟာ ထူးဆန်းသောရောဂါဖြစ်မနေပေမယ့် ကိုယ်ခံအားနည်းနေပီဖြစ်တဲ့ အသက်ကြီးပိုင်း လူကြီးများနဲ့ အလွန်နုနယ်သေးတဲ့ ကလေးငယ်တွေ၊ နောက် လူအဖွဲ့အစည်းနဲ့ နေတဲ့ မိဘမဲ့၊ ရိပ်သာ၊ စတဲ့ အဖွဲ့အစည်းတွေမှာတော့ ယခုရောဂါမျိုးဟာ အလေးထား ဂရုတစိုက်ရှိနေရမယ့်အပြင် စနစ်တကျ ကာကွယ်စောင့်ရှောက်သင့်တဲ့ရောဂါမျိုးလေးအဖြစ်ဆင်ခြင်သုံးသပ်မိတာလေး မျှဝေပေးလိုက်ပါတယ်။

မန္တတလေးတွင် ဝမ်းလျှောဝမ်းပျက် ရောဂါ ဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
14:01
Rating:
No comments:
Post a Comment