စနေနေ့၊ အောက်တိုဘာလ ၁၊ ၂၀၁၁
ဒုတိယနိုင်ငံရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့ ခရီးထွက်ခွာမည်
မြန်မာ့ဒီမိုကရေစီခေါင်းဆော င် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ် နိုင်ငံရေးခရီးစဉ်အဖြစ် မန္တလေးမြို့သို့ ထွက်ခွာရန် ရွေးချယ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည့် မန္တလေးမြို့အား မိုးအကုန် ပွင့်လင်းရာသီအစတွင် ထွက်ခွာရန် ရှိကြောင်း ယင်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
"အခုကတော့ ခရီးထွက်ဖို့ လုံခြုံရေး အစီအစဉ်တွေပြင်ဆင် နေတုန်းပဲရှိပါသေးတယ်"ယင်းက ဆိုသည်။
နိုင်ငံရေးခရီးစဉ်အဖြစ် ထွက်ခွာရန်အတွက် လိုအပ်သည့် လုံခြုံရေးအစီအစဉ်များကို အာဏာပိုင်များနှင့်လည်း ညှိနှိုင်းတိုင်ပင်နေရကြောင်း သိရသည်။
မန္တလေးမြို့သည် သမိုင်းအစဉ်အလာကြီးမားသည့်အ ပြင် မြို့ခံလူထုသည်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အစဉ်အဆက် အားပေးခဲ့သည့်မြို့ ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မန္တလေးမြို့သို့သွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လကလည်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်အပြီး ပထမဆုံး နိုင်ငံရေးခရီးစဉ် အဖြစ်ပဲခူးမြို့နှင့် သနပ်ပင်မြို့သို့ သွားရောက်ခဲ့ပြီး ပြည်သူလူထုသည် NLD ပါတီနှင့်အဆက်အသွယ် မပျက်ကြစေရန်နှင့်အစဉ်အဆက် ထောက်ခံကြပါရန် မိန့်ခွန်းပြောကြား ခဲ့သည်။
NLD ပါတီ ပြန်လည်မှတ်ပုံတင်မည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်ခွာခြင်းသည် အစိုးရနှင့် သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ထားခြင်း၏ အကျိုးဆက်ဟု ခန့်မှန်းနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။
( yangonchronicle 2011 သတင်းလွှာ “ဒုတိယနိုင်ငံရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့ခရီးထွက်ခွာမည်” မှ ကူးယူဖော်ပြပါတယ် )
ဒုတိယနိုင်ငံရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့ ခရီးထွက်ခွာမည်
မြန်မာ့ဒီမိုကရေစီခေါင်းဆော
မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည့် မန္တလေးမြို့အား မိုးအကုန် ပွင့်လင်းရာသီအစတွင် ထွက်ခွာရန် ရှိကြောင်း ယင်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
"အခုကတော့ ခရီးထွက်ဖို့ လုံခြုံရေး အစီအစဉ်တွေပြင်ဆင် နေတုန်းပဲရှိပါသေးတယ်"ယင်းက
နိုင်ငံရေးခရီးစဉ်အဖြစ် ထွက်ခွာရန်အတွက် လိုအပ်သည့် လုံခြုံရေးအစီအစဉ်များကို အာဏာပိုင်များနှင့်လည်း ညှိနှိုင်းတိုင်ပင်နေရကြောင
မန္တလေးမြို့သည် သမိုင်းအစဉ်အလာကြီးမားသည့်အ
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လကလည်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်အပြီး ပထမဆုံး နိုင်ငံရေးခရီးစဉ် အဖြစ်ပဲခူးမြို့နှင့် သနပ်ပင်မြို့သို့ သွားရောက်ခဲ့ပြီး ပြည်သူလူထုသည် NLD ပါတီနှင့်အဆက်အသွယ် မပျက်ကြစေရန်နှင့်အစဉ်အဆက် ထောက်ခံကြပါရန် မိန့်ခွန်းပြောကြား ခဲ့သည်။
NLD ပါတီ ပြန်လည်မှတ်ပုံတင်မည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်ခွာခြင်းသည် အစိုးရနှင့် သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ထားခြင်း၏ အကျိုးဆက်ဟု ခန့်မှန်းနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။
( yangonchronicle 2011 သတင်းလွှာ “ဒုတိယနိုင်ငံရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့ခရီးထွက်ခွာမည်” မှ ကူးယူဖော်ပြပါတယ် )
ဒုတိယနိုင်ငံရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့ ခရီးထွက်ခွာမည်
Reviewed by သစ်ထူးလွင်
on
12:40
Rating:
No comments:
Post a Comment