ကျွန်မနှင့်နိုင်ငံရေးခရီး အပိုင်း (၁)

စန္ဒာဝင်း (ယခင် မကွေးတိုင်း အင်အယ်လ်ဒီ အမျိုးသမီးတာဝန်ခံ)

ကျမဘဝမှာ နိုင်ငံရေးကို ထဲထဲဝင်ဝင်လုပ်ရလိမ့်မယ်ဆိုတာကို အိမ်မက်ထဲတောင်ထည့်မမက်ခဲ့ပါဘူး။ အိမ်ထောင်သည်ဘဝကျမှ နိုင်ငံရေးစာတွေဖတ်၊ သတင်းတွေနားထောင်နဲ့ နိုင်ငံရေးဆိုတာကို စိတ်ဝင်စားတတ်လာတာပါ။ ဒါပေမယ့် သာမန်စိတ်ဝင်စားမှုထက်မပိုခဲ့ပါ ဘူး။ ၁၉၈၇ ခုနှစ် မဆလလက်ထက် ငွေစက္ကူ (၃ ) မျိုး တရားမဝင်ကြေငြာတဲ့အချိန်မှာတော့ ကိုယ်တိုင်ပင်ပန်းတကြီးရှာဖွေထားရတဲ့ မရှိမဲ့ ရှိမဲ့ငွေလေးဆုံးရှုံးလိုက်ရလို့ တော်တော်လေး ဒေါသထွက်ပြီး ဘာကြောင့်အုပ်ချုပ်တဲ့အစိုးရက ဒီလိုမတရားသဖြင့်လုပ်ရတာလဲဆိုတာ ပိုသိချင်လာတယ်။ မကြိုက်တာကြာပြီဖြစ်ပေမဲ့ ဒီမတရားတဲ့အစိုးရကို ဘယ်လိုဆန့်ကျင်ရမယ်ဆိုတာ မသိခဲ့ပါဘူး။ နောက်ပိုင်း ကျောင်း တွေပိတ်လိုက်၊ ပြန်ဖွင့်လိုက်နဲ့ ၁၉၈၈ ခုနှစ်ကျတော့ အုံကြွမှုကြီးဖြစ်တော့တာပါပဲ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၈၈၈၈ မစတင်မီမှာ ဦးအောင်ကြီး ရဲ့ ( ၄၂ ) မျက်နှာဆိုတာ ထွက်လာလို့ ဖတ်ရပါတယ်။ အဲဒီ ( ၄၂ ) မျက်နှာကြောင့်ပဲ ကျမနိုင်ငံရေးကိုပိုပြီးစိတ်ဝင်စားလာ တာလို့ ပြောရမှာပါ။ ဒီလောက်ရက်စက်တဲ့ အစိုးရမျိုးရှိသလားလို့တောင် တွေးမိ၊ ဝမ်းနည်းမိခဲ့ပါတယ်။ ဒီလိုနဲ့ ၈၊ ၈၊ ၈၈ မှာ လူထု အုံကြွမှုကြီး စတင်ဘို့ အချက်ပေးတဲ့တိုက်ပွဲကို အကြီးအကျယ်မျှော်လင့်မိတယ်။ ဖြစ်ရင်ကောင်းမယ်၊ ငါလည်းပါကိုပါရမယ်ပေါ့။ ( ၈ ) လေးလုံးနီးလာလေ သတင်းမီဒီယာတွေမှာတပ်လှန့်သံတွေညံလာလေပါပဲ။ ကျမတို့ မိသားစုလည်းခပ်ကွင်းပြင်လို့ပေါ့။ တွေ့တဲ့သူတိုင်းမေး တော့လဲ အားလုံးဖြစ်စေချင်တဲ့ဆန္ဒတွေကိုယ်စီနဲ့ပါဘဲ။ ၆၊ ၈၊ ၈၈ နေ့ရောက်တော့ စပြီတဲ့သပိတ်တိုက်ပွဲကြီး၊ ဘယ်မြို့  မှာလဲလို့ နားစွင့် တော့ လားလား ကျမတို့ မကွေးမြို့ နဲ့ ( ၃၂ ) မိုင်ပဲဝေးတဲ့ ရေနံချောင်းမြို့ မှာတဲ့။ အဲဒါရေနံမြေလေ သူကအစဉ်အလာကြီးခဲ့တာကိုး။ ပစ်တယ်ခတ်တယ်လို့ကြားတယ်။ ဒါပေမယ့် သပိတ်ဖြစ်တယ်တဲ့။ ၈၊ ၈၊ ၈၈ ရောက်တော့ ရန်ကုန်မှာ၊ မန္တလေးမှာ ဟိုမှာဒီမှာနဲ့ တနိုင်ငံလုံး အနှံ့ မီဒီယာတွေကကြားရတယ်။ ဒါပေမယ့် ကျမတို့မကွေးòမိ့က တုတ်တုတ်တောင်မလှုပ်ပါဘူး။ မနက်၊ နေ့လည်၊ ညနေ၊ ညအထိအောင် ဘာသံမှမကြားဘူး။ စိတ်ပျက်လိုက်တာ။ ရှက်လိုက်တာ။ ၉၊ ၈၊ ၈၈ ကျတော့ သတင်းတခိျု့ထွက်လာတယ်။ မကွေးòမိ့က လူငယ်တခိျု့ဆီ သို့ သနပ်ခါးတုံးတွေ၊ ထမီတွေ လှမ်းပို့ကြလို့တဲ့။ မြို့ လူထုကလဲ မခံချင်လို့ပြောပြောနေကြပေမဲ့ ဘယ်ကစရမှန်းမသိကြပါဘူး။ လမ်းတိုင်း လမ်းတိုင်းမှာလဲ ရပ်ကွက်လူကြီးတွေ၊ မဆလပါတီဝင်တွေ အလှည့်ကျ စောင့်နေကြတာတွေ့  ရတယ်။ ဒါနဲ့ပဲ ( ၉ ) ရက်နေ့တနေ့ ကုန်သွား ပြန်ရော။ ဘာမှမဖြစ်ပြန်ပါဘူး။ နောက်နေ့ ( ၁ဝ ) ရက်နေ့မနက်လဲ ဒီအတိုင်းဘဲ။ မြို့  ကြီး ကတော့ တိတ်ဆိတ်နေလိုက်တာ သုဿန်တစ ပြင်လိုဘဲ။ နေ့လည် ( ၁ ) နာရီကျော်တော့ မကွေးòမိ့မဈေးကြီး အပေါ်ထပ်မှာဖွင့်ထားတဲ့ ကျမရဲ့ အလှပြင်ဆိုင်ထဲကို လူငယ် ( ၂ ) ယောက်ဝင်လာတယ်။ ဆံပင်ညှပ်ပေးပါတဲ့။ သူတို့ထဲက တယောက်က ဆံပင်ညှပ်ခံနေပေမယ့် တယောက်က ဂနာမငြိမ်ပါဘူး။ ဆိုင်ထဲဝင် လိုက်၊ ထွက်လိုက် ဝရံတာထွက်ကြည့်လိုက်နဲ့။ ( ၅ ) မိနစ်လောက်ကြာတော့ ဒို့အရေး-ဒို့အရေးနဲ့ ဈေးမြောက်ဘက်က အသံစကြား တယ်။ အစ ကသဲ့သဲ့ဘဲ၊ နောက်တော်တော်လေးကျယ်လာတော့ ကျမလဲဝမ်းသာအားရနဲ့ ဝရံတာဘက်ထွက်ကြည့်တာ လူအုပ်ကြီးတွေ့  ရတာပါဘဲ။ ရှေ့ဆုံးက ကိုရင်တွေဦးဆောင်လို့ ကျမရဲ့ခင်ပွန်းက ( ၇ ) နှစ်သားငယ်လေးကိုလက်ဆွဲလို့ ချီတက်လာကြတယ်။ ဈေးလမ်း အတိုင်းချီတက်လာကြတာလေ။ ကျမလည်း ကြက်သီးမွေးညှင်းတွေထအောင် ဝမ်းသာပြီး အပေါ်ကနေခုန်ပေါက်အားပေးနေမိတယ်။ ဆံပင်ညှပ်ခံနေတဲ့သူလည်းထွက်လာပြီး ကျမကိုမေးတယ်။ အမတို့ဘာတွေကြွေးကြော်ရမယ်ဆိုတာ သိသလားတဲ့။ မသိဘူးဆိုတော့ သူက ကပျာကရာနဲ့ စာရွက်တရွက်မှာရေးပေးတယ်။ မဆလ တပါတီစနစ်အလိုမရှိ၊ ဒီမိုကရေစီရရှိရေး ဒို့အရေး။ စသဖြင့် ( ၅ ) မျိုးလောက် ရေးပေးတယ်။ ဒီအတိုင်းေºကွးကြော်ပါဆိုပြီး ကျမကို စာရွက်တရွက်ပေးတယ်။ ပြီးတာနဲ့သူတို့နှစ်ယောက်ချက်ချင်း ထွက်သွားကြရာ နောက်မှတွေးမိတာ နယ်ဆင်းလာတဲ့ တက်ºကွသူကျောင်းသားတွေဘဲဖြစ်မယ်လို့ပေါ့။ ကျမတို့ညီအမနှစ်ယောက်လဲ ဆိုင်တံခါးတွေပိတ်၊ ပိတ်ထားတဲ့ဈေးတံခါးမကြီးကိုကျော်ခွပြီး သပိတ်ဆင်နွဲနေတဲ့လူအုပ်နောက်ကို အပြေးလိုက်၊ ကျမခင်ပွန်းကိုရထားတဲ့ ကြွေးကြော်သံ စာရွက်ကိုပေးပြီး ပူးပေါင်းပါဝင်ချီတက်ခဲ့ကြတာပေါ့။ လမ်းတလျှောက်လုံးလည်း လက်သီးလက်မောင်းတန်း ကြွေးကြော်၊ တွေ့  တဲ့သူတိုင်းကို ပါဝင်ဖို့ဖိတ်ခေါ်နဲ့ နောက် ကျတော့ မကွေးမြို့ သူမြို့ သားများရဲ့ သပိတ်တိုက်ပွဲမှာ တသားတည်းပူးပေါင်းပါဝင်လိုက်နိုင်ခဲ့ပြီ။ အားရလိုက်တာ၊ ကျမနိုင်ငံရေးလုပ်ပြီလေ။ ကျမတိုက်ပွဲဝင်ခွင့်ရပါပြီ။
အဲဒီနေ့ကစလို့ မကွေးမြို့  အောင်ဓမ္မာရုံမှာ သပိတ်စခန်းဖွင့်လို့ နေ့တိုင်းလိုလို မြို့ တွင်းလှည့်လည်ပြီး ဆန္ဒပြခဲ့ကြတာ စစ်အာဏာ သိမ်းဖို့ တရက်အလိုဖြစ်တဲ့ ၁၇၊ ၉၊ ၈၈ အထိပါပဲ။ မြို့  သူ မြို့  သား တယောက်မကျန်ထွက်တယ်လို့တောင် ပြောလို့ရပါတယ်။ ကျမခင်ပွန်းက သပိတ်ကို ဦးဆောင်တဲ့ထဲက တယောက်ဆိုတော့ သူ့ဆီမှာ မဆလ ပါတီဝင်ကဒ်ပြားလာအပ်တဲ့သူတွေအများကြီးပါဘဲ။ တချို့ ဆိုသူတို့ကဒ် ပြားအပ်တာကို အသိအမှတ်မပြုမှာဆိုးလို့ တစာစာလာသတိပေးနေလေရဲ့။ အော် တင်းပြည့်မှ တင်းပြည့်ဆိုတဲ့သူတွေ တယ်လဲတရား ကျဖို့ကောင်းပါလား။ ဘာဘဲဖြစ်ဖြစ်လေ ၂၆ နှစ်လုံး ဗိုလ်ကျအုပ်စိုးလာတဲ့ မဆလ တလိမ့်ကောက်ကွေး ဇာတ်သိမ်းသွားအောင် ညီညွတ် ခဲ့ကြတဲ့ ပြည်သူလူထု အစွမ်းကတော့ အံ့မခန်းဘဲ မဟုတ်ပါလားရှင်။

စန္ဒာဝင်း (ယခင် မကွေးတိုင်း အင်အယ်လ်ဒီ အမျိုးသမီးတာဝန်ခံ)

RFA အပတ်စဉ် ကဏ္ဍ မှ
ကျွန်မနှင့်နိုင်ငံရေးခရီး အပိုင်း (၁) ကျွန်မနှင့်နိုင်ငံရေးခရီး  အပိုင်း (၁) Reviewed by သစ်ထူးလွင် on 23:41 Rating: 5

No comments:

Powered by Blogger.